Ads (728x90)

အမေရိကန်ကို ရုရှား သွေးတိုးစမ်းပြီလား..။ 
========================

ရုရှားဟာ ခရိုင်းမီးယား ဒေသကို ရုရှားပြည်ထောင်စုထဲကို ထည့်သွင်းပြီးတဲ့နောက်မှာ အမေရိကန် ပြည်နယ်တစ်ခု ဖြစ်တဲ့ အလက်စကားကိုပါ ရုရှားထဲကို ထည့်သွင်းဖို့ ကြံစည်တော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာပါတယ်။

အလက်စကား ပြည်နယ်အတွင်းက ဆားဘီယားလူမျိုးတွေနဲ့ ရုရှားလူမျိုးစုတွေဟာ အလက်စကားပြည်နယ်ကို ရုရှားနှင့် ပြန်လည်ပေါင်းစည်းဖို့ လက်မှတ်ရေးထိုးပြီး အမေရိကန်သမ္မတ အိမ်ဖြူတော် ဝက်ဘ်ဆိုက်မှာ အသနားခံစာ တင်သွင်းလိုက်ပါတယ်။ 

အလက်စကားပြည်နယ်ဟာ ၁၈၆၇ ခုနှစ်အထိ ရုရှားပိုင် နယ်မြေ တစ်ခု ဖြစ်ခဲ့ပြီး အမေရိကန်က အမေရိကန်ဒေါ်လာ ၇.၂ သန်း (ပေါင် ၄.၃ သန်း) ပေးချေပြီးတော့ အလက်စကားနယ်မြေကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။  

အသနားခံစာမှာ ဆာဘီးယန်း ရုရှား လူမျိုးတွေဟာ ရုရှားကနေပြီးတော့ ဘာရင်း ရေလက်ကြားကို ဖြတ်ကျော်ပြီး အလက်စကားပြည်နယ်မှာနေထိုင်လာခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ ကျော်ကတည်းက နေထိုင်လာခဲ့တာလို့ ထည့်သွင်း တင်ပြထားပါတယ်။ 

အလက်စကားဟာ အမေရိကန် ပြည်မနဲ့ ဝေးကွာနေတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး ရုရှားနဲ့ အင်မတန် နီးကပ်နေတဲ့ ပြည်နယ်ဖြစ်တာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အင်အားကြီး ၂ နိုင်ငံရဲ့ ပါဝါပြိုင်မှု နောက်တစ်ခါ ပြန်လည် မြင်တွေ့ရမယ်ဆိုရင် အားလုံးကတော့ မျက်ခုံးလှုပ်နေကြမယ် ထင်ပါတယ်။ 

အမေရိကန်သမ္မတ ဘားရက် အိုဘားမားအစိုးရရဲ့ တုန့်ပြန်မှုကို ရဖို့ လက်မှတ်ပေါင်း ၁၀၀၀၀၀ လိုအပ်မှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အသနားခံစာ လက်မှတ်ပေါင်း ၃၅၀၀၀ ကျော်နေပြီလို့ သိရပါတယ်။ 

အမေရိကန်ရဲ့ ပါဝါကို ရုရှားအနေနဲ့ စမ်းသပ်လိုက်တဲ့ ကန့်လန့်ကာနောက်ကွယ်က ဇာတ်လမ်းတစ်ခုပဲလား.....။ “Crimea is ours” and “Alaska next” ဆိုတဲ့ စာသားဟာလည်း အင်တာနက်မှာ ရေပန်းစားလာတဲ့ စကားလုံး တစ်ခု ဖြစ်လာပါတယ်။ 

http://www.telegraph.co.uk/news/worldnews/northamerica/usa/10739872/Russians-petition-for-return-of-Alaska.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...