____________________________________________
မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာရှိနေကြတဲ့ ခိုးဝင်ဘင်္ဂလီတွေကို
အရင်က မြန်မာအာဏာပိုင်တွေဟာ လူမျိုးတမျိုးရဲ့အမည်နဲ့ ထည့်သွင်း
နေထိုင်ခွင့်ကိုလက်သင့်မခံ အသိအမှတ်မပြုဘဲ နေခဲ့စဉ်က အမေရိကန်
အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက မြန်မာအစိုးရကို ဖိအားပေး
ဝေဖန်ထောက်ပြပြောဆိုတာတွေ ရှိခဲ့ပါတယ် ။ အခုကျတော့လည်း
ကမ္ဘာကြီးက အမြင်မှန်ရသွားပြီနဲ့တူပါရဲ့။ဘာကြောင့်လဲဆိုတော့ ဒီကနေ့
နံနက်ပိုင်းက ခိုးဝင်ဘင်္ဂလီတွေအပေါ်မှာမြန်မာအစိုးရက ကိုင်တွယ်ပုံကို
စောင့်ကြည့်နေတာ ကြာခဲ့ပါပြီ ။ သူတို့လိုချင်တဲ့ လူမျိုးအမည်ကို အစိုးရ
အနေနဲ့ ဘာကြောင့် လက်သင့်မခံရတာလဲဆိုတာကိုကျွန်တော်တို့
စဉ်းစားလို့မရ မှင်သက်ဖြစ်နေခဲ့ပါတယ် ။အခုတော့ ဒီပြဿနာတွေအတွက်
အမြင်ရှင်းသွားပါပြီ ။ လူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့ မြန်မာ့အတိုက်အခံ
ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုယ်တိုင်က လက်မခံဘူးလို့
့ ငြင်းပယ်လာတော့ ကျွန်တော်တို့အံ့သြသွားမိပါတယ်။
အစိုးရနဲ့NLDပါတီက လက်မခံဘူးဆိုလာတော့ ဘင်္ဂလီမူဆလင်တွေကို သူ
တို့အဆင်ပြေအောင် အာရပ်မူဆလင်နိုင်ငံတွေက လက်ခံပေးကြဖို့အရေးကို
တိုက်တွန်းပေးသွားပါမယ်လို့ ဒီကနေ့မနက်အမေရိကန်အစိုးရ အိမ်ဖြူတော်
ပြောခွင့်ရသူ Jay Carney က ပြောကြားလိုက်တာကို Xin hwa သတင်းဋ္ဌာန
က ဖေါ်ပြပေးသွားပါတယ် ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။