Ads (728x90)


ပထမတော့ဒီသတင်းကို တွေ့တွေ့ချင်းဖတ်ယုံပဲဖတ်မိတယ် နောက်မှ ပုံကို download ချပြီး Google Image Search မှာရှာကြည့်တော့ တကယ်စစ်မှန်ကြောင်း link တွေတွေ့ရပါတယ်
ဖြစ်စဉ်ကတော့ ဥရောပနဲ့ ရန်ကုန်နဲ့တိုက်ရိုက်ပြေးဆွဲမယ့် Condor လေကြောင်း ဖွင့်ပွဲကိုလုပ်ခဲ့တယ်လို့သိရပါတယ် ။ အဲဒီဖွင့်ပွဲမှာ Condor လေကြောင်းမှ တာဝန်ရှိသူတွေအပါအ၀င် မြန်မာပြည်က ဂျာမနီနိုင်ငံရောက်မြန်မာသံအမတ် ဦးစိုးနွယ်လည်းပါဝင်တယ်လို့သိရတယ် ။
ဖွင့်ပွဲမှာ မြန်မာနိုင်ငံရဲ့ land mark လို့တင်စားလို့ရတဲ့ မြန်မာတို့အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော် ကို ပုံစံတူ ကိတ်မုန့်ပြုလုပ်ပြီး လှီးခွဲကာ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ဆိုတယ် ။
=========================
ဒီနေရာမှာ ပြောချင်တဲ့အချက်တွေ ရှိပါတယ် တကယ်တော့ ဘာသာတရားတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ သာသနိကအဆောက်အအုံဆိုတာ ဖွင့်ပွဲလုပ်ဖို့ ဖြစ်စေ entertainment တစ်ခုဖြစ်စေ ကိတ်မုန့်တစ်ခုဖြစ်စေ အသုံးချခံရဖို့မဟုတ်ပါဘူး ။ လုပ်လည်းမလုပ်ကောင်းဘူးဆိုတာ Condor မှ တာဝန်ရှိသူများက မသိဘူးဆိုစေဦးတော့ မြန်မာသံအမတ်ကြီး ဥိးစိုးနွယ်ကတော့သိသင့်တယ်ထင်ပါတယ် ။
တော်တော်လေး ရှက်ဖွယ်ကိစ္စဖြစ်တာမို့ သမိုင်းဝင် ရွှေတိဂုံစေတီတော် ကို စော်ကားလိုက်ခြင်းနဲ့အတူတူပါပဲ ။ မြန်မာပြည်ရဲ့ အင်လေးကန် ဒါမှမဟုတ် ရှမ်းတောင်တန်း ဒါမှမဟုတ် ဦးပိန်တံတား နောက်ပြီး ဇီးကွက်ရုပ်ဗျာ ကြိုက်တာကို ကိတ်မုန့်လုပ်လို့ရရဲ့သားနဲ့ ဘာလို့များ ရွှေတိဂုံစေတီကိုမှပုံတူယူရတာလဲ စိတ်ထဲကို တကယ် မကောင်းဖြစ်မိသွားတယ် ။
ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတော့ “ ရွှေတိဂုံစေတီပုံတူကိတ်မုန့်တော့မလုပ်ကောင်းပါဘူးဗျာ တခြားဟာပြောင်းလုပ်ပါလို့ ” အကြံမပေးခဲ့တဲ့ သံအမတ်ကြီးပဲ အပစ်တင်ရမယ်ထင်ပါတယ် ။ ကျွန်တော်တို့ စာဖတ်သူ စာရေးသူတွေအနေနဲ့ဘာမှ ထိရောက်အောင် မလုပ်နိုင်ဘူးဆိုပေမယ့်
အခုလို သာသနိကအဆောက်အအုံကို အသုံးချခံပစ္စည်းတစ်ခုအဖြစ်အသုံးပြုတာကိုတော့ ငရဲကခွင့်လွှတ်မယ်မထင်ပါနဲ့ ။
1 . http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/
2 . http://www.anna.aero/2013/05/30/myanmar-international-capacity-up-50pc/
3 . http://www.anna.aero/2012/11/13/new-airline-routes-launched-6-12-november-2012/
http://funpoper.com/november-the-airline-launched-first-non-stop.html
တခါတခါ အတွေးအခေါ် နဲ့လုပ်ရပ်တွေက ဘာသာတရားနဲ့ လူတွေကို ထိခိုက်စေတာမျိုးဖြစ်သွားစေတတ်ပါတယ်
အခုကိစ္စကို ဘာမှမဟုတ်ဘူးဆိုပြီးငြိမ်မနေသင့်ပဲ တစ်ခုခု သာသနာရေးဖက်ကိုတောင်းပန်တာဖြစ်ဖြစ် ဘယ်လိုဘယ်အကြောင်းကြောင့်ရွှေတိဂုံစေတီပုံစံတူ ကိတ်မုန့်လုပ်ပြီး ဒီလိုပွဲမှာ လှီးဖြစ်ခဲ့သလိုဆိုတာ ဖြေရှင်းသင့်တယ်လို့မြင်မိပါတယ် ။
သက်တန့်ချို

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...