Ads (728x90)


============================
ဖတ်လိုက်ရသည့် သတင်းတစ်ပုဒ်။ “၁၉၈၀-ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီကုလားဦးရေ ၂ သိန်းခွဲ၊ ၁၀၁၂-ခုနှစ်မှာ ၁၀-သိန်းဖြစ်လာတယ်”။ (သံတော်ဆင့်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၅၊ ဇန်န၀ါရီ ၁၉-၂၅၊ ၂၀၁၃)။
ထိုသတင်း ဖတ်ပြီးသည့်နောက် အနာဂတ်မြန်မာပြည်အတွက် ရင်လေးသွားရပေသည်။ “ရေများရေနိုင်၊ မီးများမီးနိုင်”ဆိုသကဲ့သို့ လူဦးရေများလျှင် ထိုဒေသတစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိပေသည်။
ထို့ကြောင့် ဘင်္ဂါလီလူမျိုးများသည် ကလေးမွေးဖွားနှုန်း ကြီးထွားအောင် အားထုတ်လျက် ရှိပါသည်။ နှစ်ပေါင်း ၃၀-၀န်းကျင်မှာ ရခိုင်ပြည်နယ်တစ်ခုထဲမှာပင် ဘင်္ဂါလီဦးရေဟာ ၄-ဆတက်သွား၏။ အခြားဒေသသို့ ခိုးဝင်သွားသည့် ဘင်္ဂါလီကုလားများ မပါဝင်သေးပါ။
ယင်းနှုန်းထားနဲ့သာ ဘင်္ဂါလီဦးရေတိုးတက်များပြားသွားမည်ဆိုလျှင် ၂၀၄၀-ခုနှစ်လောက်မှာ ရခိုင်ပြည်နယ် တစ်ခုထဲမှာပင် ဘင်္ဂါလီဦးရေဟာ ၅- သန်းဖြစ်သွားပေမည်။
ယခုလက်ရှိ ရခိုင်ပြည်နယ်လူဦးရေသည် ၂-သန်းကျော် ရှိ၏။ ရခိုင်လူမျိုး ၁-သန်းဝန်းကျင်နဲ့ ဘင်္ဂါလီလူမျိုး ၁-သန်းဝန်းကျင်ဖြစ်သည့် အတွက် အချိုးအစား တူညီလျက် ရှိပါတယ်။
သို့သော် နောင်အနာဂတ်မှာတော့ ဘင်္ဂါလီဦးရေက အဆပေါင်းများစွာ ကျော်တက်သွားပေမည်။ ဘာ့ကြောင့်နည်း၊ ရခိုင်လူမျိုးများသည် ကလေးမွေးဖွားနှုန်း (ပျမ်းမျှ တစ်မိသားစု ၂-ယောက်၊ ၃-ယောက်) ပုံမှန်အနေအထားမှာ ရှိသောကြောင့်တည်း။
ဘင်္ဂါလီလူမျိုးများ၏ ကလေးမွေးဖွားနှုန်းကတော့ “မဖြစ်နိုင်”ဟု ထင်ရလောက်အောင် မြန်ဆန်လှပါသည်။ တချို့မိသားစုမှာ လူဦးရေ ၈၂-ယောက်ပင် ရှိသတဲ့။ တစ်အိမ်ထဲ ဘယ်လိုများ နေကြပါလိမ့်။ မစဉ်းစားတတ်အောင် ဖြစ်မိပါသည်။
ထို့ကြောင့် “ရခိုင်ပြည်နယ်မှာ တစ်မိသားစုလျှင် ၂-ယောက် (သို့မဟုတ်) ၃-ယောက် သာ ကလေးယူရမည်”ဟု ကလေးမွေးဖွားနှုန်း ထိန်းချုပ်ပေးသင့်ကြောင်း နိုင်ငံရေး ညာရှင်များက တိုက်တွန်းလျက် ရှိပါသည်။
ကလေးမွေးဖွားနှုန်း မထိန်းချုပ်နိုင်သည့်အတွက် . . . . .
၁။ ဘင်္ဂါလီလူဦးရေ အဆမတန် များပြားလာခြင်း၊
၂။ ထိုသို့များပြားလာသည့်အတွက် မြန်မာနိုင်ငံ နေရာမျိုးစုံသို့ ခိုးဝင်နေထိုင်ကြခြင်း၊
၃။ ထိုသို့ခိုးဝင်နေထိုင်သည့်အတွက် ဒေသခံ မြန်မာ့တိုင်းရင်းများနှင့် ပဋိပက္ခဖြစ်ခြင်း (မိတ္ထီလာပဋိပက္ခ၊ ဥက္ကံ ပဋိပက္ခစသည်)၊
၎။ ထိုသို့ ပဋိပက္ခဖြစ်သည့်အတွက် နိုင်ငံတည်ငြိမ်မှု မရှိတော့ရကား ဖွံဖြိုးမှုနည်းပါးသွားခြင်း၊
၅။ ဖွံဖြိုးမှုနည်းသည့်အတွက် အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေခြင်းစသည့် အကျိုးဆက်များ ဖြစ်ပေါ်လာပါသည်။
ထို့ကြောင့် ကလေးမွေးဖွားနှုန်း စနစ်တကျ ထိန်းချုပ်သင့်ကြောင်း ပညာရှင်များက တိုက်တွန်းခြင်း ဖြစ်ပေသည်။ ယင်းသို့သာ မထိန်းချုပ်နိုင်လျှင် ရန်ကုန် မန္တလေးမြို့ကြီးများမှာ မွတ်စလင်ဘင်္ဂါလီရပ်ကွက်ကြီးတွေ အလျှိုအလျှို ပေါ်ထွက်လာပေဦးမည်။
ယခုလည်း ဘင်္ဂါလီရပ်ကွက်များ ဖြစ်ပေါ်နေဆဲ။ ရန်ကုန်မြို့၏အချက်အခြာကျသောမြို့နယ်များ၌ မွတ်စလင်ကုလားဦးရေက များပြားနေသတဲ့။
ထို့ကြောင့် ၀ံသာနုပညာရှင်များက သတိပေးနေပါပြီ။
“သင်္ဃန်းကျွန်းမြို့နယ်ကို ရန်ကုန်မြို့၏ ဘင်္ဂလားဒေ့်ရှ့်လို့ ခေါ်ရမလိုဖြစ်နေပြီ”တဲ့။
“မင်္ဂလာ တောင်ညွန့်ကတော့ ရန်ကုန်မြို့၏ အရှေ့ အလယ်ပိုင်း ဒေသပါပဲ”တဲ့။
အခြားသောပြည်နယ် တိုင်းများမှာလည်း ဘင်္ဂါလီကုလားများ ရွာတည်လျက် ရှိကြောင်း သတင်းများမှာ ဖတ်ရ၏။
ထိုမျှလောက် သေရေးရှင်ရေးတမျှ အရေးကြီးနေပါလျက် တချို့ အုပ်ချုပ်ရေးအဖွဲ့များက မဆိုင်သလို လုပ်နေကြကြောင်း၊ ဒီပုံစံအတိုင်း သွားလျှင် မဝေးတော့သော အနာဂတ်မှာ ဒီထက်ဆိုးဝါးသော ပဋိပက္ခများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၀ံသာနုနိုင်ငံရေးသမားများက ထောက်ပြ ပြောဆိုနေကြ၏။
မှန်၏။ နယ်မြေဒေသတစ်ခုခုမှာ ဘင်္ဂါလီလူမျိုးစုကြီး (သို့မဟုတ်) မွတ်စလင်အုပ်စု ဖြစ်သွားလျှင်တော့ ထိုနယ်မြေဒေသတစ်ခုလုံးကို ချုပ်ကိုင်သွားပေမည်။ ဥပမာ- ဘူးသီးတောင်၊ မောင်တော။
ထိုသို့သာချုပ်ကိုင်သွားလျှင်တော့ မြန်မာ့တိုင်းရင်းသားများသည် “ဒါ ဒို့မြေ၊ ဒါ ဒို့ပြေ”လို့ အော်လည်း လျှာထွက်ရုံပဲ ရှိမည်။ ထို့ကြောင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။
-----------------
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်းတောင်ရိုး)
ဒေးဝန်းရွာသား ဒေပိုင်ကြားယင့်'s Facebook Wall

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...