Ads (728x90)

အောင်ကြူဟိန်း ( Lazar World ) Company ပိုင်ရှင်နဲ့ကျောက်တံတားရဲစခန်းမှ ရဲ များ ၏ အမှု ဆင်ကာ ဖမ်းစီးခြင်းခံရသော presenter ၂၁ အရွယ် ကောင်မလေး မဆုဆုအောင်၏ အမှုဖြစ်စဉ်နှင့် ပုဒ်မ ၃၈၁ နှင့်ဆွဲဆိုထားသောမဆုဆုအောင်၏ဓာတ်ပုံအားတင်ပြထားပါသည်။
-မဆုဆုအောင်(၁၂/ဥကတ(နိုင်) (၁၆.၀၂.၉၃) သည် (၀၅.၀၃.၂၀၁၃)နေ့တွင် (Lazar world) company တွင်အစီအစဉ် တင်ဆက်သူအဖြစ်အလုပ်စတင်ဝင်ရောက်ခဲ့ပါသည်။
ကုပ္မဏီ၏ဆုံးဖြတ်ချက်အရ (၈.၇.၂၀၁၃) နေ့တွင်မှအတည်ပြုပြီး တစ်လကြိုတင်စည်းကမ်းချက်အရ (၈.၈.၂၀၁၃) ညနေပိုင်းရုံဆင်းချိန်တွေ...အလုပ်ထွက်ခဲ့ပါသည်။ အလုပ်ထွက်ရာတွင်လည်း စာချုပ်မပြည့်သောကြောင့် ၂လစာ ရော်ကြေးပေးခါ အလုပ်မှတရားဝင်ထွက်ဆိုခဲ့ပြီးပါပြီ။
ယခင်နေ့က ကျွန်တော်ရေးထားခဲ့သည် Status ( https://www.facebook.com/king.cobra.90226628/posts/10202733842938522?stream_ref=10 ) တွင်ဖော်ပြထားသည့်အတိုင်း သူမကိုဖမ်းစီးခဲ့ပါသည်။
တကယ်တော့ သူမ က တာဝန်အလုပ်မှ ထွက်ဆိုပြီးသားဖြစ်ကြောင်းကို ယနေ့မှ မဆုဆုအောင် နဲ့တွေ့ဆုံကာ သိခဲ့ရပါသည်။
တကယ်တမ်း သူမ တွင်ပါရှိသွားသော မိတ္တူ သာ အရေးကြီးတယ်ဆိုပါက အလုပ်ထွက်ကထဲ က တခါတည်း တောင်းထားသင့်ပါသည်။
ယခုအခါတွင် ၅လကြာမှ ရဲစခန်းမှ တဆင့်ပြန်လည်တောင်းဆိုခဲ့ပါသည်။
ထို့နောက်ယခုအခါတွင်လည်း မတရားဖမ်းဆီးထားခြင်းကို ခံထားရသည်မှာ ၈ရက်မျှရှိပါပြီ။
ကျွန်တော်ဆိုလိုခြင်းတာက မြန်မာနိုင်ငံမှာ ယခုလိုဘာမှမဟုတ်တဲ့ အမှုကို အကျယ်ချဲပြီး ယခုလို ဖမ်းစီးလို့ရပါသလား။
ရဲမေးသောအခါတွင်လည်း ကျွန်တော်တို့လည်းဘာမှမတတ်နိုင်လို့ပါဟုသောစကားမှတပါး အခြားထွက်မလာခဲ့ပါ
ခင်ဗျားတို့ဇနီး ၊ သားသမီး ၊ ဆွေမျိုးသားချင်းတစ်ယောက်ယောက် သာဆိုတဲ့စိတ်လေးထားကြည့်ပေးစေချင်ပါတယ်။
ကိုယ်ချင်းစာတရားလေးထားကြည့်စေချင်ပါတယ်။
Media သမားများမှ ကျွန်တော်မိတ်ဆွေများလည်း အမှုအကျဉ်းချုပ်ကိုသိချင်ပါက ကျွ်တော်ကိုဖုန်းဆက် တောင်းရံနိုင်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...