Ads (728x90)

 
စစ်တွေမှာ ရုတ်ရုတ်ဖြစ်တိုင်း ပြဿနာရဲ့ ရင်းမြစ်ကို
လိုက်ခဲ့ရဖူးတယ်..။

အဲ့ဒီမှာ ဘာသွားတွေ့ရသလဲ ဆိုတော့ ပြဿနာ
မဖြစ်ဖြစ်အောင်ရယ် ၊ နည်းနည်းအစပျိုးပီဆိုတာနဲ့
ဘယ်က ရောက်လာမှန်း ပေါက်လာမှန်း မသိရပဲ
အစပြုနေတဲ့ ပြဿနာကို မကြီး ကြီးထွားအောင် လှုံ့ဆော်တဲ့
အဖွဲ့တစ်ဖွဲ့ရှိနေတာကို Source လေးတွေ ချိတ်ဆက်
ကြည့်မိရင်းနဲ့ ပုံစံခပ်ရေးရေးပေါ်လာတာ သွားတွေ့ရမိတယ်..။

ပုံစံပေါ်လာတယ်ဆိုပေမယ့်.. ကိုယ်တွေလည်း ခန့်မှန်းအဆင့်
ဆိုတော့ ခိုင်ခိုင်မာမာကြီး အတည်မပြုရဲလို့ ထင်မြင်ချက်
ပေးဖို့ မလွယ်ဘူး..။ အခုဖြစ်တဲ့ ပြဿနာမှာလည်း အဲ့ဒီ
အဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန် အတိုင်း ပုံစံတူတာလေး
သတိထားမိတယ်..။

ပီးခဲ့တဲ့ ၂၀၁၃ မှာတုန်းက စစ်တွေမှာ အလားတူ
နိုင်ငံခြားသားနဲ့ ပါတ်သက်လို့ ပြဿနာလေး နဲနဲ
ဖြစ်သွားတယ်..။ ဖြစ်စဉ်က ဒီလို.......

တိုးဗီဇာ နဲ့ လာလည်တဲ့ နိုင်ငံခြားသား တစ်ယောက်က
သတင်းထောက်မဟုတ် ဘာမဟုတ်ပဲ စစ်တွေ အောင်မင်္ဂလာ
မှာရှိတဲ့ ကုလားမီးလောင်ပြင်ကို ခပ်တည်တည် ဓါတ်ပုံရိုက်
နေတာကို ကပ်ရက် ရခိုင်အိမ်တွေက မြင်တော့ ရခိုင်တချို့က
ချက်ချင်း အဲ့နိုင်ငံခြားသားကို ဖမ်း၊ သူ့ ကို ဘယ်ကလာသလဲ
ဘာအလုပ်အကိုင်လည်း မေးမြန်းပီး ဂျာနယ်လစ် မဟုတ်မှန်း
လည်းသိရော.. ကင်မရာပါ သိမ်း ၊ လူကို အမှတ် ၁ ရဲစခန်း ကို
အပ်လိုက်တယ်..။ ရဲစခန်းကလည်း တရားလို အမှုဖွင့် ၊ ပြည်နယ်
အစိုးရ တင်ပြ ၊ အဲ့ဒီ နိုင်ငံခြားသားကို ဗီဇာပိတ်ပီး ချက်ချင်းသူ့
နိုင်ငံပြန်လွှတ် ၊ မြန်မာနိုင်ငံလာခွင့်ပါ တပါတည်း ပိတ်လိုက်တယ် ။
ဘာပြဿနာ ရုတ်ရုတ်မှ မဖြစ်လိုက်ဘူး..။

အခုဖြစ်သွားတာက.. ကိုယ့်လူမျိုးတွေရဲ့ သွေးဆူလွယ်မှုကို
အသုံးချသွားတာ..။ အဲ့ဒီ အဖွဲ့အစည်းနဲ့ ပါတ်သက်လို့
ကွင်းဆက်ကလေးတွေ ဆက်စပ်ကြည့်လိုက်တော့..
ရခိုင်ကွန်ယက် အဖွဲ့ကလည်း မဟုတ်ဘူး
ရဟန်းပျို သမဂ္ဂ ကလည်း မဟုတ်ဘူး
အစိုးရ အဖွဲ့အစည်းလည်း မဟုတ်ဘူး
ကုလားလည်း မဟုတ်ဘူး
စစ်တွေ မြို့ခံရပ်မိရပ်ဖထဲကလည်း မဟုတ်ဘူး..
ရခိုင်ပါတီ ကလည်း မဟုတ်ဘူး..
ဒါပေမယ့်.. INGO အဖွဲ့တော်တော်များများနဲ့တော့
နောက်ကွယ်က လူမသိထားတဲ့ အဆက်အသွယ်ရှိပါတယ်.။
အနောက်အုပ်စုက ထောက်ပံ့တယ်လို့လည်း သိုးသိုး
သန့်သန့်လေးကြားထားမိတယ်..။ အဲ့ အဖွဲ့မှာ ရခိုင်ပြည်နယ်က
အထင်ကရ ပုဂ္ဂိုလ် တစ်ဦးပါဝင်တယ်ဆိုတာ သုံးသပ်ချက်တွေ
လည်း ရှိထားပါတယ်..။

အခု ဖြစ်သွားတဲ့ ပြဿနာမှာ လုပ်နည်းလုပ်ဟန်လမ်းကြောင်း
ကနေ လွဲသွားအောင် အရင်ဆွ ပေးပီးမှ လုပ်သွားတဲ့ နည်းလမ်း
ပဲ..။ နောက်ဆုံးဖြစ်သွားတဲ့ ရလဒ်ကို ကြည့်ကြည့်ပါ.။ အရင်
ည ၁၂ နာရီကျော် မထွက်ရ က နေ ည ၆ ၊ မနက် ၆ ဖြစ်သွား
ခဲ့ပါပီ..။ ဘုမသိ ဘမသိ အရိုးခံ ရခိုင်သားတချို့ အဖမ်းခံလိုက်
ရပါပီ..။ လုံ / ထိန်း ရဲတစ်ဦး ရဲ့ ပေါ့ဆစွာ လုပ်ဆောင်မှုကြောင့်
ရခိုင် ခလေးငယ်တစ်ဦး သေဆုံးခဲ့ရပါပီ..။ ရခိုင်ပြည်နယ်
ငြိမ်းချမ်းဖို့ အလိုလားဆုံးက ရိုးသားတဲ့ ရခိုင်သားတွေ ထိပ်ဆုံးမှာ
ရှိပါတယ်..။ ရခိုင်သားတွေရဲ့ NGO တွေ အပေါ် မုန်းတီးမှုကို
အခွင့်အကောင်းယူပီး တစ်ချက်ခုတ် အများကြီးပြတ် ဖြစ်စေခဲ့တဲ့
၎င်း အဖွဲ့အစည်း ရဲ့ Mission အောင်မြင်တယ်လို့ ဆိုရမှာပေါ့..။

အဆုံးသတ်အနေနဲ့.. ရခိုင်သားတို့ အများအမြင်မှာ
လူရိုင်းကြီးတွေ ဖြစ်..၊ ကိုယ့် ပြည်နယ်ထဲမှာ ကိုယ် လွတ်လွတ်
လပ်လပ် အချိန်မရွေး သွားလာခွင့်တွေပါပိတ် ၊ အမြဲတစေ
ကျီးလန့်စာစား အခြေအနေတွေ ဖြစ် နဲ့ ရှုံးပီးရင်း ရှုံးလာနေကြ
ပါပီ..။ အစိုးရ ဆိုတာကတော့ တည်မြဲ ဥပဒေတွေ အတိုင်းပဲ
ဆောင်ရွက်ကြပါလိမ့် မယ်..။ ဒါကိုမှ ဆန္ဒကို ရှေ့တန်းတင်ပီး
ဆင်ကန်းတောတိုး လုပ်မယ်ဆိုရင် ကိုယ်ခံရဖို့က ဦးဆုံးဆိုတာ
သိစေချင်တယ်..။

ဆရာတော် ဦးဥတ္တမ ဟာ နယ်ချဲ့ ကို ဆင်ခြင်တုံတရားနဲ့
တော်လှန်ခဲ့တာပါ..။ အဓိက ရန်သူဆိုတာ ကိုယ့်ဘေးနားမှာ
အမြဲတစေ ပူးကပ်နေပါတယ်..။ ငါ့ လူမျိုးမလို့ အကြွင်းမဲ့
ယုံကြည်လိုက်မယ်ဆိုရင် သူ ကောင်းစားဖို့ ကိုယ့်ဘဝ
ပေးဆပ်လိုက်ရတာနဲ့ အတူတူပဲ..။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...