Ads (728x90)


 
{ကိုယ့်စိတ်ကို စမ်းသပ်ပေးတဲ့ အပျော်တမ်း quiz လေးပါ။ ဖြေကြည့်ကြပါဦး}

ဒီquizလေးကို မဖြေခင် စိတ်ကိုအရင်ရှင်းရှင်းထားပေးပါ။
အသက်ပုံမှန်ရှုပြီး စိတ်တည်ငြိမ်သွားမှစဖြေပါ။

ကဲစပြီနော်

.
.
.

၁။ သင်ဟာ အခု သင့်ချစ်သူအိမ်ရှိရာကို
လမ်းလျှောက်သွားနေတယ်။
အဲ့ကိုရောက်ဖို့သွားလို့ရတဲ့လမ်းနှစ်လမ်းရှိတယ်။ ပထမတစ်လမ်းက ဖြောင့်တန်းပြီးမြန်မြန်ရောက်စေတဲ့လမ်း၊ ဒါပေမယ့် အဲ့လမ်းက ရိုးစင်းပြီး ပျင်းဖို့ကောင်းမယ်။ နောက်တစ်လမ်းက ကွေ့ကောက်ပြီး လမ်းတစ်လျှောက်မှာ ကြည့်စရာ ရှုခင်းကောင်းတွေပေါတယ်။ ဒါပေမယ့် အဲ့လမ်းက
သွားရင်တော့နည်းနည်း
အချိန်ကြာပြီးမှရောက်မယ်

Q. ဘယ်လမ်းကိုရွေးမလဲ ???

၂။ အဲ့လိုနဲ့ လမ်းလျောက်လာရင်း လမ်းမှာနှင်းဆီခြုံနှစ်ခြုံတွေ့တယ်။
တစ်ခြုံက နှင်းဆီအဖြူတွေနဲ့ အပြည့်ဖြစ်နေပြီး နောက်တစ်ခြုံက
နှင်းဆီအနီတွေ အပြည့်နဲ့ဖြစ်တယ်။
အဲ့ဒီမှာ သင်က ချစ်သူအတွက် နှင်းဆီအပွင့် ၂၀ ယူသွားပေးဖို့
ဆုံးဖြတ်လိုက်တယ်။

Q. အဖြူဘယ်နှစ်ပွင့် အနီဘယ်နှစ်ပွင့်ယူသွားမလဲ ???
(ဘယ်လိုပဲယူယူ အပွင့်၂၀ ပြည့်ရင်ရပြီ)

၃။ နောက်ဆုံးတော့ သင့်ချစ်သူအိမ်ကို
ရောက်ပြီ။ သင် အဲ့အိမ်ကို အရင်ကလည်း ရောက်ဖူးပြီး သင်ချစ်သူရဲ့မိဘတွေနဲ့လည်း သိတယ်။ အိမ်တံခါးကို ခေါက်လိုက်တော့ အိမ်ဖော်ကောင်မလေးက လာဖွင့်ပေးတယ်။
အဲ့မှာ သင်ရွေးစရာနှစ်ခုရှိတယ်။
အိမ်ဖော်ကောင်မလေးကို သင့်ချစ်သူကို ခေါ်ပေးဖို့ပြောလည်းရတယ်။ သင့်ကိုယ်တိုင်အထဲဝင်ပြီး
သွားခေါ်ချင်လည်း ရတယ်။

Q. ဘယ်ဟာကို ရွေးမလဲ ???

၎။ ကဲ အခု သင် အခု ချစ်သူရဲ့အခန်းဆီကိုသွားနေပြီ။
သင့်မှာပါလာတဲ့ ပန်းတွေနဲ့ သင့်ချစ်သူကိုအံသြပျော်ရွင်သွားအောင်လုပ်ဖို့ပေါ့။ ဒါပေမယ့် ဝမ်းသာအားရနဲ့ အခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီးမှ
သင် အပျော်တွေ ပြန်ပျောက်သွားရတယ်။
သင့်ချစ်သူက အခန်းထဲမှာ မရှိဘူးလေ။ အပြင်သွားနေတာဖြစ်မှာပေါ့။
အဲ့ဒါနဲ့ပဲ သင့်မှာပါလာတဲ့ပန်းတွေကို
အခန်းထဲမှာပဲထားခဲ့ဖို့ဆုံးဖြတ်လိုက်တယ်။ ပန်းတွေကို ပြတင်းပေါက်ဘောင်ထောင့်လေးမှာ တင်ထားချင်ထားခဲ့လည်းရတယ်၊
အိပ်ရာပေါ်မှာထားခဲ့ချင်လည်း ရတယ်။

Q. သင် အဲ့နေရာနှစ်ခုထဲက ဘယ်နေရာမှာထားခဲ့မှာလဲ ???

၅။ နောက်တော့ ညနေလောက်ကျ သင့်ချစ်သူပြန်လာတယ်၊ သင် အဲ့အိမ်မှာပဲ သင့်ချစ်သူရဲ့မိသားစုနဲ့အတူ ထမင်းစားထားပြီးတော့ သင့်ချစ်သူအမေက သူတို့အိမ်မှာပဲ အိပ်ဖို့ပြောလို့ သင့်အတွက်
ပြင်ထားတဲ့အခန်းမှာပဲ အိပ်လိုက်ရော။
ပြီးတော့ နောက်တနေ့ မနက်မှာ သင်ခေါင်းကြည်လင်စွာနဲ့နိုးလာပြီး သင့်ချစ်သူအခန်းကို
သွားကြည့်တယ်။

အဲ့မှာ သင့်ချစ်သူအခန်းကိုရောက်တော

Q. သင့်ချစ်သူကို အိပ်ပျော်နေဦးမယ်ပဲထင်လား၊
၊နိုးနေပြီလို့ ထင်လား ???

၆။ ကဲ နောက်ဆုံးတော့ ချစ်သူကိုလည်းတွေ့ပြီးသွားပြီ
အိမ်ပြန်ဖို့အချိန်ရောက်ပြီ
ဒီတစ်ခါတော့ နောက်ဆုံးတစ်ခုပဲရွေးဖို့
ကျန်တော့တယ်။
လာတုန်းက ရွေးရတဲ့ လမ်းနှစ်လမ်းမှတ်မိတယ်ဟုတ်။
ရှုခင်းကောင်းပြီး ရှည်တဲ့လမ်းနဲ့
တိုတိုနဲ့မြန်မြန်ရောက်တဲ့လမ်းလေ။

အခု အိမ်ပြန်ဖို့ အဲ့နှစ်လမ်းထဲက

Q.ဘယ်လမ်းကို ရွေးမလဲ။

ကဲ အားလုံးဖြေပြီးပြီဆိုရင်တော
အဖြေလေးတွေ အောက်မှာ ဖတ်လို့ရပါပြီ။

.
.
.

A.(၁) လမ်းအတိုနဲ့လမ်းအရှည်ဟာ သင် အချစ်အပေါ်မှာ ထားတဲ့
သဘောထားကိုဖော်ပြတယ်။
လမ်းအတိုကို ရွေးရင်
သင်ဟာ အချစ်မှာ မြန်မြန်နဲ့လွယ်လွယ်ချစ်တတ်တယ်။
လမ်းအရှည်ကို ရွေးရင် သင်ဟာ တစ်ယောက်ယောက်ကို ချစ်ဖို့ အချိန်ယူရပြီး တော်ရုံနဲ့မချစ်တတ်ဘူး

A.(၂) သင် ယူသွားတဲ့နှင်းဆီအပွင့် ၂၀ ထဲမှာ အပွင့်နီတွေက သင် အချစ်မှာဘယ်လောက် ပေးဆပ်လည်းဆိုတာ ဖော်ပြတယ်။ အပွင့်ဖြူတွေက သင်ဘယ်လောက်ရယူဖို့
ရည်ရွယ်လဲဆိုတာဖော်ပြတယ်။
အဲ့တော့ ဥပမာ-ကောင်လေးတစ်ယောက်က နှင်းဆီအနီ၁၉ပွင့်ယူပြီး အဖြူတစ်ပွင့်ပဲယူတယ်ဆိုရင် သူဟာအချစ်မှာ ၉၀% လောက်ပေးဆပ်ပြီး
၁၀% လောက်ပဲ ချစ်သူရဲ့ပေးဆပ်မှုကို ခံယူဖို့ မျော်လင့်ထားသူဖြစ်တယ်။

A.(၃) ဒီဟာကတော့ သင်အချစ်ပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲဆိုတာကို ဖော်ပြတယ်။ တကယ်လို့ သင့်ချစ်သူအိမ်ရောက်တဲ့အခါ အိမ်ဖော်ကောင်မလေးက တဆင့် သင့်ချစ်သူကို ခေါ်ခိုင်းရင်
သင်ဟာ အချစ်မှာ ပြဿနာကြုံတဲ့အခါ
ဝေ့လည်ကြောင်ပတ်လုပ်တတ်သူဖြစ် တယ်၊ ကိုယ်တိုင်မဖြေရှင်းပဲ တခြားသူကို တဆင့်အကူအညီတောင်း
ဖြေရှင်းတာမျိုးပေါ့။ ပြဿနာကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားချင်သူဖြစ်တယ်။
ကိုယ်တိုင်ဝင်ခေါ်တာကို ရွေးချယ်တယ်ဆိုရင်တော့
သင်ဟာပြဿနာဖြစ်ရင် ပွင့်ပွင့်လင်းလင်းနဲ့ ချစ်သူကို မျက်နှာချင်းဆိုင်ဖြေရှင်းချင်သူဖြစ်တယ်။
အခုဖြစ် အခုရှင်းချင်တဲ့သူမျိုးပေါ့

A.(၄) နှင်းဆီပန်းတွေကို နေရာထားပုံထားနည်းကတော့ သင် ချစ်သူကို ဘယ်လောက်
တွေ့ချင်စိတ်ရှိလဲဆိုတာကို ပြတယ်။
အိပ်ရာပေါ်မှာ ထားခဲ့တယ်ဆိုရင်
သင်ဟာ သင့်ချစ်သူကို အမြဲလိုလိုတွေ့ချင်နေတယ်။ ချစ်သူမျက်နှာကို ခဏခဏမြင်ပြီး
ချစ်သူနဲ့ပဲ အချိန်တိုင်း
အတူရှိချင်တဲ့သူပေါ့။
ပြတင်းပေါက်ဘောင်မှာ
တင်ထားခဲ့ရင်တော့ သင်ဟာ ချစ်သူကို ခဏခဏမတွေ့ရလည်း ဖြစ်တယ်၊ ဒီအတိုင်းလေးပဲ ပုံမှန်ချစ်နေပြီး တခါတလေတွေ့ရင်ပဲ ကျေနပ်နေတဲ့သူမျိုးဖြစ်တယ်။

A.(၅) ဒီရွေးချယ်မှုက သင့်ရဲ့ချစ်သူအပေါ်သဘောထားကိ
ဖော်ပြတယ်၊ သင့်ချစ်သူ နိုးနေတယ်လို့
ထင်ရင် သူ့ချစ်သူကို သင့်အတွက် ပြောင်းလဲပေးစေချင်တယ်။
အိပ်နေတယ်လို့ထင်ရင်တော့ သင့်ချစ်သူကို ဒီပုံစံအတိုင်းလေးပဲ ချစ်တယ်ပေါ့။

A.(၆) နောက်ဆုံးတစ်ခုကတော့
သင် အချစ်မှာ ဘယ်လောက်ကြာကြာနေလဲ
ဆိုတာကို ဖော်ပြတယ်။ လမ်းတိုကနေပြန်တယ်ဆိုရင်တော
သင်ဟာ အလွယ်တကူနဲ့ အချစ်ကို ပြတ်နိုင်တယ်။ လမ်းရှည်ကနေပြန်တယ်
ဆိုရင်တော့သင်ဟာ အချစ်မှာ ခပ်ကြာကြာချစ်နေတတ်တဲ့
သူမျိုးဖြစ်တယ်။

😊
----------------------------------
HOPE U GUYS LIKE
THE QUIZ
GUD LUCK !!!
.
.
BY ADMIN GENO
Source: Internet


ဗေဒင်မှတ်စု

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...