မိမိ
အနေနဲ့ HTOO Group Of Companies ကို တည်ထောင်လာခဲ့သည်မှာ ငွေရတု ၂၅
နှစ်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီသက်တမ်းတလျှောက်လည်း
မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသား ပြည်သူများစွာကိုလည်း အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိစေရန် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
သို့သော်လည်း ယခုအခါ အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သော Mr. Allan Lokos နှင့် Ms. Susanna Weiss တို့မှ အမေရိကန်နိုင်ငံ၏ Super Power ကို အသုံးချကာ
မိမိ အား ဘက်ပေါင်းစုံမှ ဖိအားပေး ငွေကြေးတောင်းခံခဲ့သည့်အပြင် မိမိ နှင့်
မိမိ တည်ထောင်ပေးထားခဲ့သော Air Bagan Co. Ltd အပါအဝင်
အခြားသက်ဆိုင်ခြင်းမရှိသော ကုမ္ပဏီများကို အမေရိကန်နိုင်ငံ၊
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော
စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်။ မိမိ ကုမ္ပဏီ တည်ထောင်ခဲ့သည့်
သက်တမ်းတလျှောက်အတွက်လည်း ပထမဆုံးသော တရားစွဲဆိုခံရမှု ဖြစ်ခဲ့ပါတယ်။
တရားစွဲဆိုသော အမေရိကန် နိုင်ငံသားနှစ်ဦးမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅
ရက်နေ့တွင် ဖြစ်ပွားခဲ့သော စိတ်မကောင်းဖွယ်ရာ Air Bagan Co. Ltd ပိုင်
လေယာဉ် XY-AGC မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်
ခရီးသည်နှစ်ဦးဖြစ်ပါတယ်။ မိမိ အနေနဲ့ အဆိုပါ ဖြစ်စဉ်တွင် မိမိ
နှုတ်ထွက်အနားယူပြီးဖြစ်တဲ့ Air Bagan အား တည်ထောင်ခဲ့သော Founder
တစ်ဦးအနေဖြင့် ကိုယ်တိုင်သွားရောက်ကာ ကူညီပေးခဲ့ပါတယ်။ ၄င်းတို့
နှစ်ဦးကိုလည်း အမြန်ဆုံးဆေးကုသမှုခံယူနိုင်ရန်နှင့် ၄င်းတို့နေထိုင်ရာ အမေရိကန်နိုင်ငံသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်စေရန် အကောင်းဆုံးကူညီ ပံ့ပိုးပေးခဲ့ပြီးဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော ထိခိုက်နစ်နာခဲ့ရသူများအားလုံးကိုလည်း ၄င်းတို့ထိခိုက်နစ်နာခဲ့ရမှုများအတွက်
နိုင်ငံတကာ စံညွှန်းများနှင့်အညီအပြင် ထို့ထက်ပို၍ လိုလေသေးမရှိ
လိုက်ပါလုပ်ဆောင်ပေးခြင်း၊ နစ်နာကြေးများအတွက်လည်း Air Bagan မှ
အာမခံထားရှိသော Gates & Partners Co. Ltd နှင့် ချိတ်ဆက်ကာ အမြန်ဆုံး
ရရှိနိုင်စေရန် ခရီးသည်များဘက်မှ ကူညီလုပ်ဆောင်ပေးခဲ့တာကိုလည်း
သိရှိခဲ့ရပါတယ်။ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများအား
ဆန်းစစ်မည်ဆိုပါက အာမခံနစ်နာကြေးများကို အချိန် အနည်းဆုံး ၁ နှစ်ကျော်ကြာ
စုံစမ်းစစ်ဆေးမှုများအဆင့်ဆင့် ပြုလုပ်ပြီး ပေးချေခဲ့သည်ကိုလည်း
တွေ့ရှိရပါတယ်။
သို့ရာတွင် အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦးမှ မိမိ ထံ အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်သော ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ပြီး
အမေရိကန်နိုင်ငံ၏ Super Power အား အသုံးချကာ နည်းလမ်းပေါင်းစုံဖြင့်
ဖိအားပေး တောင်းခံခဲ့ပါတယ်။ မိမိ အနေဖြင့်လည်း အာမခံကုမ္ပဏီအား ဆက်သွယ်ကာ
၎င်းတို့အတွက် အာမခံငွေကြေး အမြန်ဆုံးရရှိနိုင်ရန်
ဆောင်ရွက်ပေးခဲ့ပြန်ပါတယ်။ သို့သော်လည်း ယခုအခါ ထပ်မံ၍ ၄င်းတို့ဘက်မှ
အမေရိကန် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ တရားရုံး ၃ ခုတွင်
တဖက်သတ် စွပ်စွဲချက်များဖြင့် မသက်ဆိုင်သော ကုမ္ပဏီများကိုပါထည့်သွင်း
တရားစွဲဆိုခဲ့ပါတယ်။ ထိုသို့ တရားစွဲဆိုလာခြင်းကိုလည်း မိမိအနေဖြင့်
ရှောင်ပုန်းနေမည်မဟုတ်ပဲ အမှန်တရားအတွက် မြန်မာနိုင်ငံသားတစ်ဦးပီသစွာ
ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်။
မူရင်းသတင်းတင်ထားရာနေရာ => https://www.facebook.com/pages/U-Tay-Za/266495883384881
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။