Ads (728x90)


===================================

(အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သော Mr. Allan Lokos နှင့် Mrs. Susanna Weiss တို့မှ အမေရိကန်နိုင်ငံ၏ Super Power ကို အသုံးချကာ မိမိ အား ဘက်ပေါင်းစုံမှ ဖိအားပေး ငွေကြေးတောင်းခံခဲ့သည့်အပြင် မိမိ နှင့် မိမိ တည်ထောင်ပေးထားခဲ့သော Air Bagan Co. Ltd အပါအဝင် အခြားသက်ဆိုင်ခြင်းမရှိသော ကုမ္ပဏီများကို အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန် သော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်။) လို့ ဦးတေဇရဲ့ ဖေ့ဘွတ်ခ်ပေ့မှာ ဖော်ပြထားတဲ့ သတင်းကို တွေ့ရတော့ အတော်ကြီးစိတ်ဝင်စားသွားမိပါတယ်

အဲဒါနဲ့ ကျွန်တော် Mr. Allan Lokos ရဲ့ digital identity တွေကို လိုက်ရှာပါတယ်။
Air Bagan လေယာဉ် (XY-AGC) ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မတော်တဆဖြစ်တဲ့ ဖြစ်စဉ်ထဲမှာ ပါခဲ့တယ်ဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီးလိုက်ရှာလိုက်တော့ Mr. Allan Lokos ရဲ့ ဖေ့ဘွတ်ခ် အကောင့်ကို တွေ့ပါတယ်။ လေယာဉ်မတော် တဆမှုဖြစ်တဲ့ သတင်းကို အခြေခံပြီး သတင်းဝက်ဘ်ဆိုက်ဒ် အတော်များများမှာ လိုက်ရှာပါတယ်။

အဲဒီမှာ Mr. Allan Lokos ဘယ်သူလဲ အတော်လေး တိတိကျကျသိလိုက်ရပါတယ်။ ဖေ့ဘွတ်ခ်ကတော့ မသေချာလှပါဘူး။ Allan Lokos ချင်း နာမည်တူရှိနေနိုင်ပါသေးတယ်။ သတင်းဌာန ၀က်ဘ်ဆိုက်ဒ် တစ်ခုဖြစ် တဲ့ http://www.huffingtonpost.com/ မှာ လေယာဉ်ပျက်ကျတဲ့အထဲမှာပါခဲ့တဲ့ Mr. Allan Lokos ကဘယ်သူဆိုတဲ့ identity ကို သေချာအောင် ထပ်ပြီး အတည်ပြု လို့ရမယ့် သတင်းတစ်ပုဒ် တွေ့ပြန်ပါ တယ်။

Mr. Allan Lokos က နယူးယောက်ခ်က ဖြစ်ပြီး ဗုဒ္ဓဘာသာကို သူနားလည် သလောက်ပြန်လည်ပို့ချတဲ့ ကမ္မဌာန်း ဆရာတစ်ဦးလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ သူဟာ ဒလိုင်းလားမားနဲ့ ရင်းနှီးမှုရှိပြီး မဟာယာန ဗုဒ္ဓဘာသာကို ဟောပြောသူတစ်ဦးလို့ပဲ ယူဆနိုင်ပါတယ်။ သူနဲ့ အတူ လေယာဉ်ခရီးစဉ် မတော်တဆမှုမှာ ပါခဲ့သူက Mrs. Susanna Weiss ဖြစ်ပြီး ဇနီးမောင်နှံတွေလို့ သိရပါတယ်။

Mr. Allan Lokos ဟာ wiki ရဲ့ ဖော်ပြချက်အရ နယူးယောခ်က Community Meditation Center ကို တည်ထောင်ခဲ့သူဖြစ်ပြီး လမ်းညွှန်ဆရာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နူးညံ့တဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို ဟောပြောသူတစ်ဦးက အခုလိုမျိုး လုပ်ရပ်ကို လုပ်ဆောင်လာချိန်မှာတော့ အတော်ကြီးအံ့အားသင့် စရာဖြစ် ပေမယ့် ထူးပြီတော့ မဆန်းဘူးလို့လည်း ပြောချင်ပါတယ်။

အကြောင်းကတော့ Mr. Allan Lokos ဟာ အနောက်နိုင်ငံမှာ Meditation Center ဖွင့်ပြီး လုပ်ငန်းတစ်ခု သဖွယ် လုပ်နေပေမယ့်လည်း နှလုံးသားထဲမှာ ဓမ္မကို ရှင်းရှင်းလင်းလင်း သိမြင်မှုမရှိသရွှေ့တော့ အခုလို လောဘကို ရှေ့တန်းတင် ပြီး အမှန်အမှားကို မျက်ကွယ်ပြုထားတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေနိုင်ပါတယ်။

(Walking the Path of Inner Peace and Lasting Happiness) စတဲ့စိတ်ငြိမ်းချမ်းရေး စာအုပ်တွေ ဘယ်လောက်ရေးရေး၊ သူ (Allan Lokos)ရဲ့ နှလုံးသားထဲမှာ ဓမ္မ မကိန်းသရွှေ့တော့ ထူးပြီးမဆန်းတဲ့ ပုတုဇာဉ် အရှုးလုပ်ရပ်တွေပဲဖြစ်နေမှာပါပဲ။

မြန်မာနိုင်ငံသား ဦးတေဇကတော့ (ထိုသို့ တရားစွဲဆို လာခြင်း ကို လည်း မိမိအနေဖြင့် ရှောင်ပုန်းနေမည် မဟုတ်ပဲ အမှန်တရားအတွက် မြန်မာနိုင်ငံသား တစ်ဦးပီသစွာ ရင်ဆိုင်ဖြေရှင်းသွား မှာဖြစ်ပါတယ်။) လို့ ရဲရဲရင့် ရင့် တုံ့ပြန်ခဲ့ပါတယ်။

အမှန်တော့ ဓမ္မဆိုတာ လောကဖြစ်စဉ်တွေ ကမောက်ကမ မဖြစ်ရလေ အောင် ထိန်းချုပ်တဲ့ နိယာမတရား ပါ။ ဒါပေမဲ့ ဓမ္မလွှမ်းမိုးတဲ့ အချိန်မရောက်မချင်း အဓမ္မရဲ့ ထိန်းချုပ်မှုအောက်မှာ လောကဖြစ်စဉ်တွေက ကပြောင်း ကပြန် နဲ့ ကျိုးကြောင်းဆီလျော်မှုမရှိ ဖြစ်နေနိုင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဓမ္မသည်လည်း ဓမ္မက သမုစ္ဆေဒပဟာန်နဲ့ အမြစ်ပြတ်ဖယ်ရှားမခံရခင်အချိန်အထိ စွမ်းအင်ထက်တဲ့ အင်အားတစ်မျိုးဖြစ်နေလို့ပါပဲ။

သာဓကအနေနဲ့ ဒေ၀ဒတ်တောင် အဓမ္မနည်းနဲ့ ဘုရားဖြစ် အောင် ကြံဖန်ခဲ့သေးတယ်ဆိုရင် လောကမှ အဓမ္မစွပ်စွဲ၊လုပ်ကြံဖန်တီးထားတဲ့ တရားစွဲဆိုမှုတွေ ရှိတာ အဆန်း ကြီးတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အဓမ္မနည်းနဲ့ လုပ်ဆောင်ဖြစ်ပေါ်မှုတွေက လုံလောက်တဲ့တစ်ချိန်မှာတော့ ဓမ္မရဲ့ ထိန်းချုပ်မှုအောက်မှာ ဖရိုဖရဲပြိုကွဲပျက်စီးသွားကြမှာ အမှန်ပါပဲ။

Credit- YN
@ တွေးမိတွေးရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...