Ads (728x90)


Photo: သတင်းစာရှင်းလင်းပွဲဖိတ်ကြားခြင်း

Daily Eleven သတင်းစာပါ မှားယွင်းဖော်ပြထားသည့် ပူးတွဲပါ သတင်းအတွက် သတင်းမီဒီယာအားလုံးသို့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ သတင်းအချက်အလက်အမှန်များကို ပြန်လည်ဖြေရှင်းမည်ဖြစ်ပါသဖြင့် မီဒီယာအားလုံးမှ ကြွရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။  ။ ၁၁-၃-၂၀၁၄ (အင်္ဂါနေ့)
အချိန်    ။  ။ နေ့လည် ၃ နာရီ
နေရာ   ။   ။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်(ရုံးချုပ်)၊ ၁၁လွှာ၊
               အမှတ်၇၃/၇၅၊ ဆူးလေဘုရားလမ်း၊ ပန်းပဲတန်းမြို့နယ်၊ 
               ရန်ကုန်မြို့။ ရက်စွဲ။ ။၂၀၁၄ခုနှစ်၊ မတ်လ(၁၁)ရက်

၁။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်သည် ပထမဆုံးဘဏ်ခွဲ စတင်ဖွင့်လှစ်ခဲ့သည့်(၆.၈.၂၀၁၀)ရက်နေ့မှ နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြဌာန်းထားသော ဥပဒေများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို အများပြည်သူသို့အောင်မြင်စွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။ယခုအခါတွင် ဘဏ်ခွဲပေါင်း (၄၃)ခုကိုလည်း နိုင်ငံအနှံ့ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။

၂။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်သည် စတင်တည်ထောင်ချိန်မှစပြီးနိုင်ငံတော်သို့ ပေးဆောင်ရမည့်အခွန်များကို နှစ်စဉ်မပျက်မကွက်ပေးဆောင်ခဲ့ရာ ယနေ့အထိ စုစုပေါင်းကျပ်သန်းပေါင်း တစ်ထောင့် ရှစ်ရာကျော် ကို ပေးဆောင်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ထိပ်တန်းအခွန်ထမ်းကုမ္ပဏီ (၅၀၀)ကို အခွန်ဦးစီးဌာနမှ ကြေငြာခဲ့ရာတွင်လည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် အမှတ်စဉ် (၃၆၅)အဖြစ် ဂုဏ်ပြုထည့်သွင်းဖော်ပြထားခြင်းကို ရရှိထားပါသည်။ ယင်းထိပ်တန်းအခွန်ထမ်း ကုမ္ပဏီ(၅၀၀) ကိုလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စာအုပ်ထုတ်ဝေထားပြီးဖြစ်ပါသည်။

၃။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်သည် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ(၁၀၀၀၀) စာရင်းတွင်ပါဝင်ကြောင်း (၁၁.၃.၂၀၁၄)ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် ပြည်တွင်းအခွန်များဦးစီး ဌာန၏ ထုတ်ပြန်မှုအရဟု ဖေါ်ပြထားချက်မှာ မှားယွင်းသောဖေါ်ပြချက်သာ ဖြစ်ပါသည်။အခွန်ထမ်းဆောင် ထားသဖြင့်သာ အခွန်ထမ်း ကုမ္ပဏီ(၅၀၀)စာရင်းတွင် ထည့်သွင်းဖေါ်ပြခံရခြင်းဖြစ်ပါသည်။

၎။ယင်းသတင်းနှင့်ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနသို့လည်း မေးမြန်းစုံစမ်းပြီးဖြစ်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာနမှ ယင်းတို့ဌာန၏ Website တွင် Computer Error ကြောင့် မှားယွင်းဖေါ်ပြမိခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့မှားယွင်းဖေါ်ပြထားသည်များကိုလည်း ပြန်လည်ဖယ်ရှားပြီးဖြစ်ကြောင်း သိရပါသည်။ မှားယွင်းမှုသတင်းများကိုလည်း ယင်းတို့၏ Website တွင်ဖေါ်ပြထားကြောင်းလည်းသိရပါသည်။

၅။ သို့ဖြစ်ပါသောကြောင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မှားယွင်းဖေါ်ပြထားသော သတင်းနှင့် ပတ်သက်ပြီး မီဒီယာများမှတဆင့် အများပြည်သူသိရှိနိုင်စေရန်အတွက် လေးစားစွာ အသိပေးခြင်းဖြစ်ပါသည်။



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...