Ads (728x90)

 Photo: ကုမ္ပဏီများဆိုင်ရာအခွန်ရုံးမှ မှားယွင်းဖေါ်ပြမိကြောင်းအသိပေးကြေငြာချက်

http://www.irdmyanmar.gov.mm/?q=node%2F407
Eleven Media Group နေနှဲ့  Website ပေါ်ကရတဲ့အချက်အလက်အချို့ ကို
အသေအခြာမေးမြန်းစုံစမ်းခြင်းမရှိပါပဲနဲ့  မိမိတို့ ရဲ့  Print Media ပေါ်ကို လွယ်လင့်တကူပြီးစလွယ်မတင်သင့်ပါဘူး မိမိတို့ ရရှိထားတဲ့အချက်အလက် သတင်းဆို့ တွေကို သေချာတိကျအောင် စုံစမ်းပြီး အတည်ပြုချက်ရယူပြီးမှသာ ဂျာနယ်မှာဖော်ပြသင့်ပါတယ်။

ဌာနဆိုင်ရာ ၀ဘ်ဆိုက်ပေါ်ကနေယခုလိုအခွန်မဆောင်အခွန်ရှောင်နေတဲ့
ကုမ္ပဏီများစာရင်းတစ်သောင်းကျော်ရှိဟုဆိုသည့်သတင်း ကို ကာယကံရှင်
ဘဏ်များ ကုမ္ပဏီများဆီကိုဆက်သွယ်စုံစမ်းမေးမြန်းခြင်း မရှိပါပဲနဲ့ မိမိတို့ ဂျာနယ်မှာပေါ်ပြူလာသတင်းဖြစ်ပြီးရောဆိုပြီး
အခွန်မဆောင် အခွန်ရှောင်သည့်စာရင်းတစ်သောင်းကျော်တွင် ဦးတေဇ ပိုင် AGD ဘဏ်နှင့် အခြားသောဘဏ်များကုမ္ပဏီများပါဝင်ဆိုပြီး ပြီးစလွယ် မဖော်ပြသင့်ပါဘူး ဒါကမီဒီယာများရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီပါဘူးမိမိရရှိတဲ့သတင်းဆို့ ကိုအတည်ပြုချက်ရယူပြီးမှသာလျှင်တရားဝင်ပရင့်မီဒီယာမှာဖော်ပြသင့်ပါတယ်။

လက်ရှိ ယခုလိုဖော်ပြခဲ့တဲ့အတွက် ဌာနဆိုင်ရာ စာရင်းအင်း
(Computer Error ) မှားယွင်းမှုကြောင့် ဆိုပြီးအဖြစ်မှန်ကိုဖြေရှင်းပေါ်ပေါက်ခဲ့ပေမယ့်
Eleven Media Group ရဲ့ ဖော်ပြချက်ကပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတစ်ခု
လိုတောင်ဖြစ်ခဲ့ပါတယ် AGD ဘဏ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမှားယွင်းဖော်ပြမှုအကြောင်းဖြေရှင်းချက်များနဲ့ မသက်ဆိုင်တဲ့
မေးခွန်းတွေကိုမေးမြန်းခဲ့ခြင်းဟာလဲ မီဒီယာကျင့်ဝတ်နဲ့ မကိုက်ညီခဲ့ပြန်ပါဘူး။

တကယ်ဆိုရင် မီဒီယာလောကမှာ မှားယွင်းဖော်ပြမှုများဟာ အမြဲလိုလို ဖြစ်နေဆဲဖြစ်နေဆဲပါပဲ အဲ့ဒီလိုမှားယွင်းဖော်ပြမိရင် ဂျာနယ်မှာ ဘယ်နေ့ ဘယ်ရက်ကဘယ်သတင်းက
ဘယ်လိုမှားယွင်းခဲ့ပါတယ်ဘယ်နေရာလေးတော့ပြင်ဆင်ဖတ်ရှုပါရန်
အမှားအားခွင့်လွှတ်ပေးပါရန်ဆိုပြီးထည့်လိုက်ရင် ပြီးနေကျ ကိစ္စတစ်ခုပါပဲ
သို့ ပေမယ့် ဒီနေ့  EMG သတင်းထောက်ချုပ် မာန်သူရှိန် မှ EMGမမှားယွင်းကြောင်း
မီဒီယာများရှေ့ မှောက်တွင်ပြောပေးပါဆိုပြီးတွင်တွင်တောင်းဆိုနေတာမြင်ရတာ နို့ နံ့ မစင်သေးတဲ့ကလေးငယ်တစ်ယောက် လိုချင်တာကိုဇွတ်အတင်းပူဆာနေတဲ့ပုံစံမျိုးပါပဲ။

AGD ဘဏ်က သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုရာမှာ
EMG မှားယွင်းနေတယ်လို့ မပြောခဲ့ပါဘူးဒါကိုမီဒီယာသမားတိုင်း
နားလည်ပါတယ်သိကြပါEMG မှ ဖော်ပြထားသော AGD ဘဏ်အခွန်မဆောင် အခွန်ရှောင်နေသည် ဆိုသည့်သတင်းကိုသာ မှားယွင်းကြောင်းပြောဆို ရှင်းလင်းခဲ့တာပါ
AGD ဘဏ်အနေနဲ့ အခွန်တွေကိုရက်စွဲ ၁၅.၃.၂၀၁၃ နေ့ မှာ ၀င်ငွေခွန် /အမြတ်ခွန် ကြိုတင်ပေးငွေ ကျပ်သန်းပေါင်း သုံးရာတိတိပေးသွင်းထားခဲ့သလို ရက်စွဲ ၇.၁၁.၂၀၁၃ နေ့ မှာ ၀င်ငွေခွန် /အမြတ်ခွန် ကြိုတင်ပေးငွေ ကျပ်သန်းပေါင်း တစ်ထောင်ငါးရာ တိတိကို အခွန် အဖြစ် ကြိုတင်ပေးဆောင်ခဲ့ပြီးသားပါဒါတွေကိုအချက်အလက် မှတ်တမ်း တွေ ပြေစာတွေနဲ့ မီဒီယာတွေအားလုံးကို လက်ကမ်း
ဝေပေးထားခဲ့ပါတယ် ဒီစာရင်းတွေကို ပြည်တွင်းအခွန်များ ဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏိုတို့ မှာလဲစာရင်းတွေအင်းတွေရှိပါတယ် တိုက်ဆိုင်စစ်ဆေးလို့ ရပါတယ်လို့ ဖြေရှင်းပေးခဲ့တာပါ။

ဒီလိုဖြေရှင်းပေးနေတဲ့ကြားထဲကနေတောင်မှပဲ မယောင်ရာဆီလူးတဲ့မေးခွန်းတွေထပ်မေးလာတဲ့
EMG က သတင်းထောက်ချုပ်နဲ့ နောက်ထပ်တာဝန်ရှိသူတစ်ဦးတို့ 
ရဲ့ မေးခွန်းအချို့ ခုပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲနဲ့ လားလားမှမသက်ဆိုင်သလိုပါပဲ ဦးတေဇပိုင် ထူးကုမ္ပဏီကဘာဖြစ်တယ် ညာဖြစ်တယ် အဲ့ဒါတွေဖြေပေးပါဆိုတော့ AGD Bank က တာဝန်ရှိသူပြောသွားတာရှင်းပါတယ် AGD ဘဏ်ဆိုတာ လက်ရှိမှာအများပိုင်ကုမ္ပဏီပါ Public ချပြပေးထားပါတယ်AGD ဘဏ်နဲ့ ပါတ်သက်သော မည်သည့်ကိစ္စအကြောင်းအရာကိုမဆိုမေးမြန်းပါဖြေကြားပေးပါ့မယ် AGD ဘဏ်နဲ့ မသက်ဆိုင်သောအခြားသောကုမ္ပဏီကိစ္စများအကြောင်းအရာများလာမမေးပါနဲ့ ကျွန်တော်ဘာမှမသိသလို ဘာမှလဲဖြေကြားမပေးနိုင်ပါဘူး လို့ ပြောသွားပါတယ်။

အဲ့ဒီလို AGD bank ကတာဝန်ရှိသူကပြောတော့ EMG သတင်းထောက်ချုပ်ကအဲ့ဒါဆို EMGမမှားဘူးဆိုတာကိုပြောပေးပါတဲ့ဗျာမီဒီယာသမားတွေအကုန်လုံးမျက်နှာတွေတောင် ပြုံးစိစိဖြစ်ကုန်ကြတယ် AGD Bank ကတာဝန်ရှိသူကEMGမှားပါတယ်လို့ 
မပြောပါဘူးEMGမှာဖော်ပြထားတဲ့သတင်းမှားယွင်းကြောင်းသာပြောတာပါ
ပေးထားတဲ့အချက်အလက်စာရွက်စာတမ်းတွေထဲမှာပါ ပါတယ် သေချာဖတ်ကြည့်ပါခင်ဗျားတို့ ကမီဒီယာသမားတွေ
ဆိုတော့  မြန်မာစာသဒ္ဒါသတ်ပုံအသုံးနှုန်းတွေကိုပိုသိမှာပေါ့လို့ ပြောလိုက်တော့ အဲ့ဒီEMGကသတင်းထောက်ချုပ်အစားတောင်ရှက်မိသွားတယ် ဟုတ်လဲဟုတ်တာပဲ စာလဲသေချာမဖတ်ပြောချင်ရာပြော မေးချင်ရာပဲမေးသွားတာက မီဒီယာသမားတစ်ယောက်မဟုတ်တဲ့အတိုင်းပါပဲ။

နောက်ဆုံး EMG ကိုပြောချင်တာက EMG ဆိုတာ မြန်မာနိုင်ငံရဲ့ ထိပ်သီးနေရာမှာရပ်တည်
နေတဲ့ မီဒီယာတစ်ခုပါ ကျင့်ဝတ်တွေစည်းစနစ်တွေ စမ်းကမ်းတွေကို မီဒီယာလောကရဲ့ ရှေ့ဆောင်လမ်းပြအနေနဲ့ လိုက်နာကျင့်သုံးသင့်ပါတယ်နေရာတိုင်းမှာ ပြီးစလွယ်ဖြစ်သလိုမလုပ်သင့်ပါကြောင်းကိုတော့အနည်းငယ်ပြောလိုက်ပါရစေ.. ။


 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...