Ads (728x90)
 December 27, 2013 at 4:04pm
ပွဲပြီးတော့ မီးသေ ဆိုသလိုပဲမြန်မာ့ ဘောလုံးပရိတ်သတ်ကြီး
ဆီးဂိမ်းအပြီးမှာငြိမ်သွားကြပြီထင်တယ် တဖက်မှာတော့ 
နောက်ထပ်ပြိုင်ပွဲတွေ ပြိုင်ပွဲတွေဝင်ဖို့ ကစားသမားတွေမှာ
လေ့ ကျင့် ရေးတွေလေ့ ကျင့် ခန်းတွေနဲ့ မအားမလပ်ဖြစ်နေကြတယ်
မကြာခင် ယူ - ၂၂ ပြိုင်ပွဲလာတော့ မယ်ဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေ
ပြုလုပ်နေကြပြီ သတင်းကြားတာတော့  ဆီးဂိမ်းမှာပြိုင်ပွဲဝင်သွားတဲ့ 
လက်ရွေးစင်ကစားသမားတွေထဲက တော်တော်များများကိုပြန်လည်
ရွေးခြယ်သွားပြီး ယူ - ၂၂ အသင်းအဖြစ် ဖုတ်ပူမီးတိုက်လေ့ ကျင့် ရေး
စခန်းသွင်းနေပြီဆိုလားပဲ...
နောက်သတင်းတခုကြားတာက ယူ - ၁၉ အသင်းရဲ့ 
နည်းပြကြီးက သူ့ ယူ-၁၉ အသင်းကို ယူ - ၂၂ ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ စေလွှတ်ပေးပါလို့ 
တင်ပြတယ်ဆိုပဲ ဒီတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကတာဝန်ရှိသူတွေကဒီအကြံ
ပေးတင်ပြမှုကိုပယ်ချလိုက်တယ်လို့ ကြားသိလိုက်ရပြန်တယ် ကျွန်တော့် အတွေးထဲမှာတော့ 
အဖွဲ့ ချုပ် ဘယ်လိုကြောင့် များ ယူ -၁၉ အသင်းကိုမရွေးချယ်တာပါလိမ့် လက်ရှိ
ဆီးဂိမ်းပြိုင်ပွဲမှာဝင်ပြိုင်ထားလို့ လူပိုင်း စိတ်ဓာတ်ပိုင်းတွေမှာပါ ချွတ်ချုံကျနေတဲ့ 
လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေတဲ့  ကစားသမားတွေကိုမှ ဘာလို့ ပြန်ရွေးချယ်ရတာလဲပေါ့ 
တကယ်ပါ အမှန်အတိုင်းပြောရရင် ဖုတ်ပူမီးတိုက် အလျင်စလို ဖွဲ့ စည်းလိုက်တဲ့ 
ဆီးဂိမ်းပြိုင် ပွဲဝင် လက်ရွေးစင်ကစားသမားတွေ အစား ယူ ၁၉ အသင်းကိုသာ  ပြိုင်ပွဲအတွက်
ယူ ၂၂  အသင်းအဖြစ် ဖွဲ့ စည်းသင့် တာပါ အလျင်အမြန်လောလော လောလော နဲ့ 
လုပ်တဲ့ ကိစ္စတိုင်းက မကောင်းနိုင်ပါဘူး  နောက်တက်လာမယ့် လူငယ်မျိုးဆက်သစ်တွေ
ကိုလဲ နေရာပေးသင့် နေပါ ပြီ။
ဟို အရင်တုန်းကကျွန်တော်လဲ ဘောလုံးကစားခြင်းကို
ရူးသွပ်ခဲ့ သူတစ်ယောက်ဖြစ်ခဲ့ ဘူးပါတယ် အဲ့ ဒီတုန်းကဆို ဘောလုံးနဲ့ ပါတ်သက်ပြီး
MNL ပြိုင်ပွဲစတင်ပေါ်ပေါက်လာတဲ့ အချိန်မှာ စိတ်ကူးယဉ်ခဲ့ ဘူးတာက ငါလဲကြိုးစားပြီး
ကန်မယ် ထူးချွန်အောင်လေ့ ကျင့် မယ် ထူးချွန်လာရင်တော့   MNL  League က အသင်း
တသင်းသင်း ကရွေးချယ်ပြီး သူတို့ အသင်းမှာ ကန်ခိုင်းလိမ့် မယ်ပေါ့  စိတ်ကူးယဉ်ခဲ့ ဘူးတာပါ
အဲ့ လိုစိတ်ကူးယဉ်မှုမျိုးသူငယ်ချင်းတွေ အသိမိတ်ဆွေတွေကြားထဲမှာ ပြောပြမိတော့ 
သူတို့ တွေပြောတာက"ဒီမယ် ငါ့ ကောင်ရ ဟိုးအရင်ခေတ်ကတည်းက တော်တဲ့ သူတွေကို
တော်တယ်ဆိုပြီးမြှောက်စားရွေးခြယ်ခဲ့ တာမဟုတ်ဘူးဟ အကပ်လေးတွေနဲ့   မျက်နှာကြီးပါမှ
လူရွေးချယ်တဲံထဲမှာပါနိုင်မှာ မင်းဘယ်လောက်ထူးချွန်အောင်လုပ်ခဲ့ လုပ်ခဲ့  လုပ်နေ လုပ်နေ
မင်းမှာ အကပ်မရှိရင် မျက်နှာမကြီးရင် အရွေးခံရဖို့ တော့ စိတ်ကူးတောင်မယဉ်လေနဲ့ တဲ့ "
ဟုတ်လဲ ဟုတ်ခဲ့ ပါတယ် ကစားသမားတွေ ရွေးချယ်တဲ့ အခါ ဘယ်လိုစံနှုန်းမျိုးတွေနဲ့ များ
ရွေးချယ်ခဲ့ ကြလေသလဲမသိပေါ့ ။
တခါတလေများ လက်ရွေးစင်အသင်းပွဲတွေ
နိုင်ငံတကာမှာသွားကန်နေတဲ့ အခါမျိုးတွေမှာဆိုရင် အဲ့ ဒီပွဲကိုကြည့် ပြီး ငါတို့ မြန်မာ့ 
လက်ရွေးစင်အသင်းက ကစားသမားတွေကစားနေတာလဲ ကွာ ငါတို့ ရပ်ကွက်ထဲက
ဘောလုံးကစားတဲ့ ဘယ်သူတွေဘယ်ဝါတွေလောက်တောင်မကောင်းပါလားသူတို့ ကို
ထည့် ကန်ခိုင်းရင်တောင် သူတို့ ထက်သာနိုင်တယ် အနိုင်ကစားနိုင်မယ်လို့ ခနတိုင်း
တွေးခဲ့ ဘူးတယ် ပြောလဲ ပြောခဲ့ ဘူးပါတယ် ( ကစားသမားတွေကိုစော်ကားခြင်းမဟုတ်ပါ
ကျွန်တော့် ထဲမှာလဲကစားသမားတွေတော်တော်များများရှိပါတယ် အပြင်မှာရင်းနှီးသူတွေပါရှိပါတယ်
ကျွန်တော်ဆိုလိုချင်တာ ပြောချင်တာက ရွေးချယ်ပုံကိုပါ ) မြန်မာ့ ဘောလုံးပရိတ်သတ်တွေတော်တော်
များများလဲ ဒီလိုပဲတွေးခဲ့ ပြောခဲ့ ကြဘူးမယ်ထင်ပါတယ် နည်းပြတွေ တာဝန်ရှိသူတွေ ဒီကစားသမားတွေကို
ဘယ်လိုစံနှုန်းတွေနဲ့ များရွေးချယ်ခဲ့ ကြတာလဲပေါ့  တနှစ်လာလဲ လက်ရွေးစင်အသင်းမှာ ဒီကစားသမား
နောက်တနှစ်လာလဲ လက်ရွေးစင်အသင်းမှာဒီကစားသမား နှစ်တွေသာ ပြောင်းပြောင်းသွားတာ
လက်ရွေးစင်အသင်းက ကစားသမားတွေအပြောင်းအလဲကသိပ်မရှိဘူး ကျွန်တော်ပြောချင်တာ
ဒီလူတွေချည်းပဲ နေရာမပေးကြပါနဲ့ နောက်တက်လာမယ့် နောက်မျိုးဆက်သစ် ကစားသမားတွေကိုလဲ
မြေတောင်မြှောက်ပေးကြပါလို့ ပြောချင်တာပါ။
  ဘောလုံးအကယ်ဒမီတွေဖွင့် လာပြီ တော်တော်များများကို
ရှိလာနေပါပြီ  MNL Club အသင်းတွေမှာလဲ အကြီးတန်း ကစားသမား အငယ်တန်းကစားသမားဆိုပြီး
ခွဲပြီးတော့  လူငယ်လေးတွေကို မြေတောင်မြှောက်နေပေးနေတာကို တွေ့ ရပါတယ် ဒါနဲ့ များတောင်
ဘာလို့ များ မြန်မာ့ ဘောလုံးလောက က ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်းမှုမျိုးတွေ လုပ်မပြနိုင်တာလဲ
ဘာလို့ များ ရွှေတံဆိပ်တွေ ဆုဖလားတွေ ရယူမပေးနိုင်ကြတာလဲ။ မြန်မာပရိတ်သတ်တွေ အမြဲတမ်း
မျှော်လင့် အိမ်မက်နေခဲ့ တာ ရွှေတံဆိပ်တွေ ဆုဖလားတွေကိုင်မြှောက်နေတဲ့ မြန်မာ့ လက်ရွေးစင်
နေခဲ့ ကြတာ ဆယ်စုနှစ် လောက်ရှိနေခဲ့ ပါပြီ။
ဒီတော့ နည်းပြတွေတာဝန်ရှိသူတွေ ကစားသမားရွေးချယ်တဲ့ အခါတကယ်
အရည်အချင်းရှိသူတွေ တကယ်ကြိုးစားချင်စိတ်ရှိသူတွေတကယ်ကိုမြန်မာ့ လက်ရွေးစင်အတွက်
အထောက်အကူဖြစ်စေမယ့် သူတွေကိုသာ ရွေးချယ်ပေးသင့် နေပါပြီ
လူငယ်ခြေတက်လေးတွေများစွာရှိပါတယ်သူကတော့ ငယ်သေးလို့ 
သူကတော့ နိုင်ငံတကာအတွေ့ အကြုံမရှိသေးလို့ ဆိုပြီးလူငယ်လေးတွေကို ပစ်ပယ်ပြီး
သူကတော့ အသက်အရွယ်အရအတွေ့ အကြုံတွေအရ ရွေးချယ်ဖို့ သင့် တယ်ဆိုပြီး နှစ်တိုင်းပါနေတဲ့  ကစားသမားတွေကိုပဲဆက်ပြီးမရွေးချယ်ပဲနဲ့ အပြောင်းအလဲ
များစွာလုပ်ပြီး မြန်မာအသင်းကိုပြောင်းလဲပေးသင့် နေပါပြီ။
နောက်တခုက ကစားသမားရွေးချယ်မှုပိုင်းတင်မဟုတ်ပဲ နည်းပြရွေးချယ်မှုပိုင်း
နည်းပြတွေကိုရောဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခန့် အပ်ခဲ့ ကြပါလေသည်မသိ
လက်ရှိဆီးဂိမ်းပြိုင်ပွဲကြီးမှာပညာပြသွားတဲ့ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာကိုရော
ခန့် အပ်တုန်းက ဘယ်လိုစံနှုန်းတွေနဲ့ ဘယ်လိုအရည်အချင်းတွေကိုကြည့် ပြီးလက်ခံခဲ့ 
ခန့် အပ်ခဲ့ တာလဲမသိရဘူးနောက်ဆုံးကျတော့ မှ ဒီနည်းပြဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ 
အပြစ်ဝိုင်းပီးတော့ တင်လိုက်ကြတယ် အစကတည်းက ဒီနည်းပြအပေါ်မှာ မလေ့ လာ
မသုံးသပ်ခဲ့ ကြဘူးလား ...။
သတင်းကြားတာတော့  တစ်လကို ဒေါ်လာ$120000 တောင်
ဈေးကြီးပေးထားရတယ်ကြားသလို နေဖို့ အိမ် စီးဖို့ ကား လိုချင်တာအကုန်ဖြည့် ဆည်းပေး
ခဲ့ ကြသလို လက်ရွေးစင်အသင်းနဲ့ ပါတ်သက်ပြီးအဖွဲ့ ချုပ်ကတောင် ဘာမှဝင်ပြီးစွက်ဖက်လို့ 
မရခဲ့ ဘူး စွက်ဖက်ခွင့် လဲမပြုခဲ့ ဘူးလို့ ကြားတယ် ဒါကမှားယွင်းတဲ့ အကြောင်းအရာတခုလို့ တော့ 
မြင်မိတယ် မြန်မာ့ လက်ရွေးစင်အသင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကိုယ်တိုင်က
အလုပ်လာလုပ်ဖို့ လစာပေးပြီးခေါ်ထားတဲ့  အလုပ်သမားပဲမဟုတ်ဘူးလား
အပေါ်ယံအခေါ်အဝေါ်အရတော့ နည်းပြပေါ့  တကယ်ကတော့ အဖွဲ့ အချုပ်ကအလုပ်ရှင်
နည်းပြဆိုတာက အလုပ်သမားပဲလေအလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ
အလုပ်သမားလုပ်နေတဲ့ အပေါ်မှာ အလုပ်ရှင်အနေနဲ့ 
ကောင်းသည်ဆိုးသည် ဝေဖန်ထောက်ပြလို့ မရဘူးလား မှားနေတာမျိုးတွေကိုရော
အမှန်ဝင်ပြင်ပေးလို့် မရဘူးလား ဘယ်လို သဘောတူညီမှုမျိုးတွေနဲ့ များ ဒီနည်းပြကိုခန့် ခဲ့ လေသလဲ။
မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို လုပ်ငန်းတခုလို့ သဘောထားလိုက်ဗျာ
အဖွဲ့ ချုပ်က အလုပ်ရှင်း နည်းပြကအလုပ်သမား ဟုတ်ပြီ ဒါဆို
ဒီလုပ်ငန်းအောင်မြင်ဖို့ အတွက်အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ ညှိညှိ နှိုင်းနှိုင်း
တိုင်တိုင်ပင်ပင်နဲ့  လုပ်သွားကြရင်မကောင်းဘူးလား
ခုတော့  လုပ်ငန်းကို အလုပ်သမားထဲထိုးထည့် ထားပြီး နောက်ဆုံး
အလုပ်သမားက လုပ်ချင်ရာလုပ်သွားတော့ မှဒီလုပ်ငန်းကြီးမအောင်မြင်တော့ ဘူးဆိုကာလေမှ
ဟာ ... ဒီအလုပ်သမားတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောနေလို့ အလကားပါပဲ
အစောကြီးကတည်းက နည်းပြရွေးချယ်ခန့် အပ်တဲ့ အချိန်မှာ သေချာရွေးချယ်ခန့် အပ်သင့် ပါတယ်။
ဒီလိုနည်းပြက ငါ့ အလုပ်ငါလုပ်နေမယ် ငါ့ အလုပ်မှာ ဘာတစ်ခုမှဝင်လာမလုပ်နဲ့  ၀င်လာမရှုပ်နဲ့ ဆိုတာနဲ့ ပဲ
အင်း...သူကတော့ ကတိတွေပေးပြီးလုပ်ငန်းကြီးကိုအောင်မြင်အောင်လုပ်မှာလို့ ပြောတာပဲဆိုပီး
ကိုယ့် ရဲ့ လုပ်ငန်းကြီးကို မျက်နှာလွဲခဲပစ် မလုပ်သင့် ပါဘူး နည်းပြတစ်ယောက်အနေနဲ့ အသင်းအပေါ်မှာ
အကောင်းအဆိုးပြုလုပ်နေမှုအပေါ်မှာတော့ ဝေဖန်မှုတွေထောက်ပြမှုတွေပြုလုပ်ပေးသင့် တယ်လို့ ထင်ပါတယ်
ဒါကတော့ အဖွဲ့ ချုပ်ကတာဝန်ရှိသူတွေအနေနဲ့  နည်းပြခန့် အပ်မှုပိုင်းမှာ စံနှုန်းတွေ ညှိနှိုင်းမှုတွေနဲ့ သာ
နည်းပြတွေကိုခန့် အပ်သင့် ပါတယ်ဆိုတာထောက်ပြချင်တာပါ နောက်ဆုံးလုပ်ငန်းကြီးကိုမအောင်မြင်ပဲ ကျရှုံးမြဲကျရှုံးနေရမယ်ဆိုရင် ဘယ်သူမှာတာဝန်ရှိသလဲဆိုရင် အဖွဲ့ ချုပ်မှာပဲ တာဝန်ရှိတယ်လို့ ပဲပြောချင်ပါတယ်။
"ရွှေပြည်တော် မျှော်လေတိုင်းဝေးနေသေးတဲ့  မြန်မာ့ ဘောလုံးလောက ရွှေခေတ်ကို
မြင်ချင်နေပါသေးသည်"
အမှားများကို မြင်
အမှန်တွေအဖြစ် ပြင်ပြီး
မြန်မာဘောလုံးအားကစား
ကမ္ဘာမလွှမ်းချင်နေပါစေ
အရှေ့ တောင်အာရှမှာတော့ 
လွှမ်းမိုးနိုင်အောင်
လုပ်ဆောင်ပေးစေချင်သည် ။
Write By :
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...