Ads (728x90)

 **************
 အောက်မှာမြင်ရယ့် စံပါယ်ပင်ကြီး၏ တစ်ဘက်တစ်ချက် ကိုက်၅၀ခန့်လောက်စီအကွာမှာ လမုတပင် နှင့် ကျောက်ဖြူရွာ ရွာနှစ်ရွာ တည်ရှိသည် ။ နှစ်ရွာ တစ်ကျောင်း ၊ နှစ်ရွာ တစ်သင်္ချံင်း အဖြစ် ညီညီညွတ်ညွတ် နေထိုင်လာခဲ့ကြသည် ။ ထိုနှစ်ရွာသို့ ယခု ၂၀၁၃ ဒီဇင်ဘာလလယ်က တစ်ခေါက်အရောက်တွင် အလွန်စိတ်ဝင်စားဖွယ် အချက်အလက်အချို့တွေ့ရှိခဲ့ရသည် ။ ၀မ်းသာရမည်လော ရင်မောရမည်လော မဝေခွဲနိုင်ခဲ့ပါ ။ ၁။ နှစ်ရွာပေါင်း အိမ်ခြေ ၃၀၀ ခန့်ရှိသည် ။ လွန်ခဲ့သော နှစ် ၅၀ ကထက် ထူးထူးခြားခြားမရှိ ။ ၂။ နှစ်ရွာပေါင်း ရွာသား ၃၀၀ကျော် ဒိန်းမတ် ၊ အမေရိကန် အပါအ၀င် နိုင်ငံရပ်ခြားမှာ ရောက်ရှိနေ ။ ထိုင်း နှင့် မလေးရှား တွင်အများစု ။ အလည်အပတ်ပြန်လာသူနည်းးနည်း နှင့် အပြီးပြန်လာသူ မရှိသလောက် ။ ၃။ ၅ နှစ်အောက် ကလေး အလွန်နည်း ။ နှစ်ရွာပေါင်း တစ်လတွင် ပျမ်းမျှခလေးတစ်ယောက်မမွေး ။ ၄။ အမှန်ရှိလူဦးရေတွင် မိန်းမဦးရေသည် ယောက်ကျားဦးရေ၏ နှစ်ဆမက ။ ၅။ ရွာလယ်လမ်းတွင် လပြည့်ည၌ လျှောက်ပြန်သံပေး လမ်းသလားမည့် ကာလသားမရှိ ။ အပျိုလှည့်မည့်သူမရှိ ။ ၆။ ရွာမူလတန်းကျောင်းတွင် သူငယ်တန်းဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် နည်းနည်းလာ ။ ၇။ ရွာ၏အဓိကထုတ်ကုန် မိုးစပါးနှင့် ဆောင်းသီးနှံ မှရသောဝင်ငွေများထက် နိုင်ငံခြားရောက်များထံမှ ပို့ပေးငွေများကြောင့် လက်ကျန်ရွာသားများ ရွှေမရှား ငွေမရှား ။ အလှူအတန်းမပြတ်။ မင်္ဂလာဆောင် သမက်တက်ပွဲကတော့ မရှိသလောက်ခပ်ကြဲကြဲ ။ ၈။ ရွာတွင်ကျန်ရှိသော အရွယ်ရှိအမျိုးသမီးများ လူမှုရေးပြသနာမပေါ်ပေါက်ရေးကို ရခိုင့်အစဉ်အလာ ကိုယ်ကျင့်တရားနှင့် လူကြီးသူမများက ၀ိုင်းဝမ်းစောင့်ကြည့်ထိမ်းကျောင်းပေးထားကြရ ။ အထက်ပါအချက်အလက်များကို လေ့လာသိရှိရခြင်းအရ တစ်ယောက်ချင်း တစ်မိသားစုချင်းအရတော့ ငွေကြေးစီးပွားရေး ချောင်လည်ကြခြင်းကို စိတ်ချမ်းမြေ့စရာပါ ။ ရခိုင်ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလွန်း၍ နိုင်ငံရပ်ခြားသွား၍ ဘ၀ရပ်တည်ရေးအတွက် စီးပွားရှာကြရခြင်းကို နားလည်စာနာပါသည် ။ အခြားတစ်ဘက်တွင်မူ ရခိုင်ပြည်၌ အရွယ်ရှိအမျိုးသားများမရှိသလောက်ရှားပါးလာခြင်း ။ ရခိုင်တို့နှင့် ရန်သူသဖွယ်ဖြစ်သော ဘင်္ဂလီရွာတို့၌ လူဦးရေမတန်တဆတိုးလာ ရွာကလဲတစ်ဖြည်းဖြည်းကြီးလာချိန်တွင် မိမိရခိုင်ရွာတို့၏ လူဦးရေတိုးနှန်းက သုညနီးပါး ၊ ရွာအရွယ်ကလဲ လွန်ခဲ့သော နှစ်၅၀က ပိုပြီးမထူး ။ စပါးရိတ်ချိန်တွင် ယောင်္ကျားသားနည်းလွန်း၍ မိန်းမသားများလယ်ပြင်ထွက်ပြီး စပါးရိတ်သော်ငြား အလျင်မမှီ ။ ယောင်္ကျားနည်းလာခြင်းကြောင့် အခြားအခြားအဆင်မပြေမှုများကလည်း တပုံတပင် ။ လျှပ်စစ်မရှိ စက်ရုံအလုပ်ရုံမရှိသော ရခိုင်ပြည်နယ် ။ တိုးပွားကျယ်ပြန့်လာသော ကုလားတို့၏ လယ်ပြင်များ ၊ အုပ်ချုပ်သူတို့ အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းခံရသည့် ရခိုင်လယ်မြေများ ၊ လုပ်စရာကျန်နေသည့်လယ်မြေများမှလည်း အကျိုးအမြတ်ခံစားရမှုကလဲ မပြောပြလောက် နှင့် ဆင်းရဲတွင်းနက်လာသည့် ရခိုင်လူငယ်များ ဇာတိမြေမှလွင့်စင်သွားကြသည်ကို မည်သူမျှမတားနိုင် မတားရက်ကြပါ ။ လုပ်ငန်းရှားပါး ၀င်ငွေနည်းပါးလွန်းသော ဇာတ်ချက်ကြွေ ရခိုင်မြေသို့ ပြန်လာကြပါဟုလည်း ပြန်ခေါ်နိုင်စွမ်းလဲမရှိကြပါ ။ ဤပုံအတိုင်းနှင့် တစ်ရွေ့ရွေ့ဆိုလျင်တော့ ရခိုင်မြေသည် ရခိုင်တို့လက်ထဲမှ အလိုအလျောက် တစ်ပါးသူလက်ထဲ ရောက်မသွားပါဟု မည်သူအာမခံနိုင်ပါတော့မည်နည်း ။ ရခိုင်အမျိုးသမီးငယ်တို့ နှစ်ကာလမည်မျှထိ သဘာဝတရားကိုချိုးနှိမ်၍ တောင့်ခံပြီး အမျိုးစောင့်နိုင်ကြတော့မည်နည်း ။ ထိပ်လန့်ဖွယ်မေးခွန်းတွေက မတွေးရဲစရာပင် ။ ရခိုင်အမျိုးသားပါတီများ ၊ ရခိုင်မျက်စိကြီးနားကြီးများ ၊ မည်သည့်ပါတီပင်ဖြစ်ဖြစ် တာဝန်ရှိရခိုင်ပြည်နယ်အစိုးရများ တို့၏ ရခိုင့်အနာဂတ်အတွက် အဓိကဖြေရှင်းရမည့် ပြသနာပင်ဖြစ်ပေသည် ။ ၀ိုင်းဝန်းစဉ်းစားပြီး အချိန်မီ ဖြေရှင်းရန်ကြိုးပမ်းကြပါစို့ ။ ( Than Tun Than ) — with Angle Black Angle and 18 others.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...