- ၀ိုင်းထားတဲ့အရာလေးကို တွေ့ပါသလား .... "ကိုယ့် ကောင်မလေးကို မွေးစားမယ်ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းလား" တဲ့ ?????
ကိုယ့်ကောင်မလေးဆိုတာ ဘယ်လိုအချိန်မှာ သုံးတဲ့ စကားလဲ။ ဘယ်လို အဓိပ္ပါယ်ရလဲ။ ကောင်မလေးကိုယ်တိုင် ရေးခဲ့လျှင် "ကိုယ့်ကောင်မလေး" ဆိုတဲ့ စကားလုံး မသုံးပါ။
"မွေးစားမယ်ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းလား"
ကာယကံရှင်ကို မွေးစားမယ်ဆိုတဲ့ စကား ကျွန်မတို့ တစ်ခါဘူးမျှ မဆိုမိခဲ့။ ပြဿနာ ရက်အတွင်းမှာ ကောင်မလေး အမေက ကျွန်မဆီကို ဖုန်းဆက်ခဲ့ပါတယ်။
"အန်တီ ဆီကို ဒင်း(ကောင်မလေး၏ရည်းစား) ဖုန်းဆက်လာတယ်။ ၎င်းက ကောင်မလေးကို အန်တီတို့ ကျွန်မတို့ လင်မယား ကို မွေးစားဖို့ ပေးထားတာလား" ဟု မေးရာ ကောင်မလေး၏ အမေက ဒင်း မနှောက်ယှက်ရန်အတွက် အလွယ်ပင် "ဟုတ်တယ် သူတို့ကို အန်တီ မွေးစားဖို့ ပေးထားတယ်" ဟု ဆိုခဲ့ပါတယ်။
၎င်း စကားကို ယခုရေးသားလာသည်။ ဆက်စပ် စဉ်းစားကြည့်ပါဦး။ သေချာပါသည်။ လွဲချော်မှုတစ်ခုမက ရှိနိုင်ပါသည်။
အကောင့်ပိုင်ရှင် Su Sandy အနေဖြင့် ယခုပို့စ်ကို သူမ တင်ခဲ့ကြောင်း အောက်တိုဘာ(၁၅) ရက်နေ့က ၀န်ခံခဲ့ပါတယ်။ ပို့စ်ကိုတင်သည့်အတွက် တင်သည့်အကြောင်းအရာကို မေးသည့်အချိန်မှာတော့ ရူးသလို နှမ်းသလို၊ မူးသလို မောသလိုနဲ့ မဖြေဘဲ ပြန်သွားခဲ့ပါတယ်။ ရ၀တရုံးတွင် ဖြစ်သည့်အတွက် မပြည့်စုံသည့် အဖြေဖြစ်သော်လည်း မေးမြန်းခွင့်မရခဲ့ပါ။
မိသားစုလို အကောင်းဆုံး ဆက်ဆံပေးခဲ့ပါတယ်။ ဒါကို သူမ၏ မိသားစု အပြင် သူမ၏ သူငယ်ချင်းများအားလုံးလည်း သိပါတယ်။ သူမနှင့် အဆက်အဆံ မရှိသည့်အပြင် နှစ်ဦးတည်း မတွေ့ဆုံဘူးသည့် ကျွန်မ အမျိုးသားကို ယုတ်ယုတ်မာမာ အပုပ်ချ ရေးသားသည့်အပြင် သားသမီးအရင်းလို ဆက်ဆံပေးခဲ့သော ကျွန်မတို့ လင်မယားကို သူမက မိုက်မိုက်ရိုင်းရိုင်း ကျေးစွပ်လိုက်ပါတယ်။
လောကတွင် မလုပ်သင့် မလုပ်ထိုက်သည့် အရာကို စွပ်စွဲစော်ကား ယုတ်မာခဲ့သည့်အတွက် သူမနှင့် ကြံရာပါကို ငရဲက အပြစ်ပေးပါလိမ့်မည်။
ပါပါးနဲ့မားမားက သမီး အဖေရင်း အမေရင်း တွေထက်တောင် ကောင်းသေးတယ်။ ပါးပါးနဲ့ မာမားကို အမေအမေရင်းထက် ပိုချစ်တယ်လို့ တဖွဖွ ပြောခဲ့တဲ့ ကောင်မလေးရဲ့ ဘီလူးရုပ်ကိုလည်း မြင်ရပြီ။ တစ်သက်လုံး လူရာမသွင်းခဲ့တဲ့သူရဲ့ လက်ထပ်ခြင်းကို ခံရတဲ့အတွက် မိုက်မဲနေတာကိုလည်း မြင်ရပြီ။
ကျွန်မတို့ လုပ်စရာတစ်ခုပဲ ရှိပါတော့တယ်။ကျွန်မ အမျိုးသားကို မဟုတ်တမ်းတရား စွပ်စွဲ ရေးသားခဲ့တဲ့ သူမကို တရားဥပဒေရဲ့ အဆုံးအမကို ခံယူစေမှာပါ။ အောက်တိုဘာ ၁၆ ရက်နေ့ ကတည်းက ကျွန်မတို့ တရားစတင် ဆွဲခဲ့ပါတယ်။ ရဲစခန်းက ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ အမှုဖွင့်ပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ စွဲချင်တာက ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ပါ။ ဆက်သွယ်ရေး ဥပဒေ က ဥပဒေ ထွက်ပေမယ့် နည်းဥပဒေ မထွက်သေးလို့ ကျွန်မတို့ ခတ္တ စောင့်ဆိုင်းနေရပါတယ်။ အမှန်တရားကို ကျွန်မတို့ ဖော်ထုတ်ပါမယ်။



Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။