Ads (728x90)



ဆောင်းပါးရှင် ဦးလေးရဲ့တူတော်မောင်ဘောဆရာသို့ အမှတ်(၂၄) ပါ။
တူတော်မောင်ဘောဆရာရေ . .
ဦးလေးတော့ အေသင်ချိုဆွေလေးရဲ့ တင်းတယ်၊ တင်းတယ်၊ တင်းတယ်၊ တင်းတယ်၊ တင်းတယ်ဟေ့ သီချင်းလေးကို အားနဲ့မာန်နဲ့ဆိုလိုက်ချင်တော့တယ် ကွယ်။ တူတော်မောင်ပဲစဉ်စားကြည့်စမ်းပါဦး။ ဆီးဂိမ်း မဲခွဲပွဲကို မီဒီယာတွေကိုဖိတ်တောင် မဖိတ်ဘူး။ ဘယ် လောက်တင်းဖို့ကောင်းသလဲ။ ဒါကြောင့် အေသင်လေး ရဲ့သီချင်းကိုဆိုလိုက်ချင်တယ်။ အခုလောက်ဆို တူ တော်မောင်လည်း ကြားပြီးရောပေါ့။ မဲခွဲလို့ပြီးသွားတယ်။ ဘရူနိုင်းဖူဆယ်အသင်းက နုတ်ထွက်သွားတယ်။ အမျိုး သားဘောလုံးအသင်းက မဲခွဲပွဲပြီးတယ်။ ဖိလစ်ပိုင်က နုတ်ထွက်ပြန်တယ်။ ဘာတွေလဲ တူတော်မောင်ရယ်။ ဦးလေးတော့ နားမလည်နိုင်အောင်ဖြစ်ရတယ်။ နုတ် ထွက်မယ်ဆိုလည်း မဲမခွဲခင်ကတည်းက နုတ်ထွက်ပါ လား။ အခုတော့ အုပ်စုလည်းမချောင်ရော၊ နုတ်ထွက် တယ်ဆိုတော့ လက်မခံနိုင်စရာပဲ။ ဒီကိစ်္စနဲ့ပတ်သက်လို့ ဖိလစ်ပိုင်ကိုရော၊ ဘရူနိုင်းကိုပါ ဦးလေးကန့်ကွက်တယ်။ ဘာလဲ။ ဒီပြိုင်ပွဲကို တန်ဖိုးမထားတာလား။ ဒါမျိုးကို အတိအလင်းကန့်ကွက်ရမှာ။ အခုဦးလေးကြားတာက တော့ ဘာကြောင့်ဆိုတဲ့ နောက်ကွယ်ကအကြောင်းကို အခုချိန်ထိ မသိရသေးဘူး။ ဦးလေးတို့ကိုလည်း မဖိတ် တော့ ဘယ်လိုပြောလို့ပြောရမှန်းတောင်မသိတော့ဘူး။ ဦးလေးတို့ပြောပါတယ်။ မဲခွဲပွဲကို တီဗွီကနေ တိုက်ရိုက် လေးပြပါလား။ အခုတော့ အင်တာနက်ပဲအားကိုးပြီး ကြည့်နေရတယ်။ ပြည်တွင်းမှာလုပ်တဲ့ပွဲတွေက ပြည် ပမှာ လုပ်တဲ့ပွဲတွေထက်တောင် သတင်းအတိအကျ သိရဖို့ အရမ်းခက်တယ်။ တင်းတင်းနဲ့ပြောရရင် လုပ် ချင်သလို လုပ်နေကြတာလား။
တူတော်မောင်ဘောဆရာရေ
မီဒီယာဆိုတာနဲ့ ပြောလက်စနဲ့ပြောရဦးမယ်။ ဆီး ဂိမ်းအတွက် မီဒီယာကဒ်တွေလျှောက်ကြတယ်။ ဒါပေ မယ့် အခုချိန်ထိ လျှောက်လွှာရောက်မရောက်မသိကြ ဘူးဆို။ တချို့ကလည်း ဟိုမှာသွားတင်ရမှာ၊ တချို့က လည်း ဒီမှာသွားတင်ရမှာနဲ့ တော်တော်မျက်စိနောက်ဖို့ ကောင်းနေပြီ။ ကဒ်လေးတစ်ခုလုပ်တာတောင် အခက် အခဲတွေက အများကြီးပဲ။ ဒါကြောင့် ဦးလေးတော့ စဉ်းစားကြည့်တယ်။ ဆီးဂိမ်းကျရင် သတင်းယူဖို့ခက် မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အားက စားနည်းအတွက်၊ ဘယ်သူကတော့ သတင်းတာဝန်ခံ ဘယ်သူကတော့ ဘာတာဝန်ဆိုတာမျိုး သတင်းထုတ် ပြန်သင့်ပြီမဟုတ်လား။ အခုတော့ ဘာမှမသိရသေး ဘူး။ ဒါနဲ့စကားမစပ်၊ တချို့မီဒီယာတွေက အားကစား နည်းတွေနဲ့ နိုင်ငံခြားလိုက်သွားကြတယ်ဆိုတော့ လိုက် သွားတဲ့ မီဒီယာသမားက သတင်းထုတ်ပြန်ရေးကလား၊ ဦးလေးသိချင်တယ်။ ပြောမယ်သာပြောရတယ်။ အဲဒီ လို မီဒီယာမျိုးကို ဦးလေးသဘောကျတယ်။ ပေါင်း တတ်၊ သင်းတတ်၊ နေတတ်၊ ထိုင်တတ်ကြတယ်။ တချို့ဆီးဂိမ်ပြီးရင် ကားစီးတေ့မယ်တဲ့။ သြော် . . . မီ ဒီယာသမားတွေ ရွှေခေတ်ရောက်လာပြီနော်။ တူတော် မောင်လည်း ကဗျာတွေ သိပ်မဖွဲ့နဲ့ဦး။ သူများတွေလို နေရာလေးဘာလေးရအောင် လုပ်စမ်းပါဦး။ ဦးလေး တစ်ခုစဉ်စားထားတာရှိတယ်။ တူတော်မောင်တို့လို မ ဖားတတ်တဲ့သူတွေကို ဖားနည်းလေးသင်ပေးတဲ့ သင် တန်းဖွင့်မလားလို့ ဂျာနယ်လုပ်တာမဟန်လို့ ဖားနည်း သင်တန်းပေးရင်အောင်မြင်မယ်ထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုနည်းနဲ့တိုက်ခန်းဝယ်တဲ့သူတို့၊ ကားစီး တဲ့သူတို့ဖြစ်လာပြီမဟုတ်လား။ အရင်တုန်းက ဦးလေး တို့လို ဂျာနယ်ဆရာတွေကားနဲ့ဆိုတော့ တူတော် မောင်လည်း ကားစီးသင့်ပြီလို့ ဦးလေးထင်တယ်။
တူတော်မောင်ဘောဆရာရေ
ဒီရက်ပိုင်းမှာ နေတွေကတအားပူလို့အပြင်မထွက် နိုင်ဘူး။ ဒါကြောင့် အင်တာနက်ကိုပိုသုံးဖြစ်တယ်။ ဒီ လိုအင်တာနက်ကိုသုံးနေချိန်မှာ အံ့အားသင့်စရာတစ်ခု သွားတွေ့မိတယ်။ ဦးလေးတော်တော်စိတ်မကောင်းဖြစ် သွားတယ်။ ကစားသမားလေးတစ်ယောက်က သူ့အ ကောင့်မှာ အသင်းတာဝန်ရှိသူတွေကို ဆဲရေးတိုင်းထွာ တဲ့စကားလုံးသုံးလိုက်တယ်။ ဦးလေးလေ အဲဒီစာကို ဖတ်ပြီး ဘာပြန်ပြောလို့ပြောရမှန်းတောင်မသိတော့ဘူး။ တူတော်မောင်ပဲစဉ်းစားကြည့်စမ်းပါဦး။ ကစားသမား တစ်ယောက်အနေနဲ့ ကိုယ့်အထက်လူကြီးကို ဒီလိုပြော ရသလား။ ကစားသမားမှမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း အထက်လူကြီးကို ဒီလိုမပြောသင့်ဘူး။ ဒါဟာ လုံးဝ လက်ခံလို့မရတဲ့အရာပဲ။ ဦးလေးတော့ ကန့်ကွက်တယ်။ အသင်းတာဝန်ရှိသူတွေအနေနဲ့ ပြစ်ဒဏ်တော့ချသင့် တယ်လို့ မြင်တယ်။ ဦးလေးတို့ဆီက ကစားသမားတွေ က မရင့်ကျက်ကြဘူး။ ဒါက ဘာနဲ့ဆိုင်လဲဆို စိတ်နဲ့ ပဲဆိုင်တယ်။ ကမ်္ဘာမှာလည်း ဆိုးတဲ့ကစားသမားတွေ အမျာကြီးပဲ။ ဒါပေမယ့် ဒီကစားသမားလိုတော့ တာ ၀န်ရှိသူတွေကို ညစ်ညမ်းတဲ့စကားမျိုးမပြောခဲ့ကြဘူး။ မန်ယူနည်းပြဖာဂူဆန်က စိတ်ဆိုးဆိုးနဲ့ဖိနပ်ကန်လိုက် တာ ဘက်ဟမ်းတစ်ယောက်မျက်ခုံးကွဲဖူးတယ်။ မန်စီ နီနဲ့ တီဗက်ဇ်လည်း စကားများဖူးတယ်။ ဘာလော့တယ် လီလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် အင်တာနက်မှာ ဘယ် တော့မှ ညစ်ညမ်းတဲ့စကားမသုံးဘူး။ အခုတော့ ကိုယ့် ထက်တစ်မနက်ပဲကြီးတဲ့သူကိုတောင် ဂါရ၀တရားနဲ့ အညီ ကျင့်ကြံနေထိုင်တဲ့ ဦးလေးတို့တိုင်းပြည်မှာ ဒီလို မျိုးတွေ့ရတော့ ဘာပြောလို့ပြောရမှန်းတောင် မသိ တော့ဘူး။
တူတော်မောင်ဘောဆရာရေ
ကြားရတဲ့သတင်းတွေက ဘာတစ်ခုမှကောင်း တယ်မရှိဘူး။ စိတ်မချမ်းသာဘူး။ ဆီးဂိမ်းမဲခွဲတယ်။ အသင်းတွေနုတ်ထွက်တယ်။ ဘာတွေမှန်းမသိတော့ ပါဘူး။ ဒါနဲ့တူတော်မောင်ရေ ဆီးဂိမ်းမဲခွဲပြီးပြီးချင်မှာ ဘာဖြစ်လို့ ပြိုင်ဘက်အသင်းတွေရဲ့စကားသံတွေမကြား ရတာလဲ။ ဦးလေးတို့ မြန်မာအသင်းရဲ့စကားသံကို လည်း ဘာမှမသိရဘူး။ ဦးလေးတို့က နေပြည်တော် လည်း မလိုက်ရဘူး။ အင်တာနက်ကြည့်တော့လည်း သတင်းက မတိကျဘူး။ ဒါတွေကြောင့် ဦးလေးပြော မိတယ်။ အပြောခံရတဲ့သူတွေ စိတ်တွေဆိုးလို့။ ဘာ တဲ့ သတင်းတိုးတက်ဖို့လုပ်နေတာတဲ့။ ဘယ်သူတွေ ကရော သတင်းကိုဖျက်ဆီးနေလို့လဲ။ မြန်မာအသင်း အောင်မြင်မှုရရင် ဦးလေးတို့က ပီတိပဲရမှာ။ တကယ် အားရှိမယ့်သူက ဘယ်သူတွေလဲ။ ဦးလေးပြန်တောင် မေးလိုက်ချင်သေးတယ်။
တူတော်မောင်ဘောဆရာရေ
တစ်ပတ်တစ်ပတ်၊ သတင်းကောင်းလေးတွေ မျှော်လင့်တတ်တဲ့ ဦးလေးဆီကို ဘာကြောင့်များမ ကောင်းတဲ့သတင်းတွေရောက်လာပါလိမ့်။ တစ်ခါတ လေတော့လည်း ဦးလေးစဉ်းစားကြည့်မိတယ်။ သူများ တွေလို ပေါ့ပေါ့ပါးပါးလေးတွေရေးပြီး နေရာလေးတစ် ခုရချင်မိတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ခါ ကိုယ့် လိပ်ပြာ ကိုယ့်ကိုပြန်ခြောက်နေလို့ ကြောက်နေရတယ်။ ဒါကြောင့် ဒီလိုမျိုးလေးနေတာပဲကောင်းပါတယ်၊ တူ တော်မောင်ရေ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...