Ads (728x90)

အလှူတစ်ခု၏ နိဒါန်း။
===============

သန်လျင် ဘုရားကုန်းမှာနေတဲ့သူတွေက လက်လုပ်လက်စားသမားတွေများတယ်။  ရှင်းရှင်းပြောရရင် သန်လျင်ကနေ ရန်ကုန်မှာ နေ့စားသွားဆင်းပြီး မိသားစုကို ရှာကျွေးနေသူတွေပေါ့။

ရေကရှားတော့ အ၀ိစီတွင်း တူးနိုင်တဲ့သူတွေ ပြန်ရောင်းစားတာကို ၀ယ်သုံးကြရတယ်။ ၀ယ်မသုံးနိုင်တော့ ချွေတာသုံး စသည် စသည်ဖြင့်ေ၇အတွက် အခက်အခဲ ဖြစ်လေ့ရှိကြတယ်။

အရင်နှစ်က ကျွန်တော့်ခြံမှာရှိတဲ့ ၂ လက်မ တွင်းလေးကနေ ကွန်ပရက်ဆာ နဲ့ မှုတ်လို့ ရေတင်ပြီး ရေကို အချိန်ပိုင်းနဲ့လှူပေးတာ လာခပ်လိုက်ကြတဲ့သူတွေ မနက် ၇ နာရီမှာ လှူမယ့်ဟာ မနက် ၄ နာရီလောက် ကတည်းက ရေပုံးချလို့ တန်းစီကြသည်အထိ...

မြန်မာလူမျိုး ဆိုတော့လဲ စည်းကမ်းက မရှိဘူး။ တန်းကျော် တာနဲ့ အလှည့်ကျော်တာနဲ့ ရေပုံးစုတ်ချတန်းစီ တကယ်ခပ်မယ့်အလှည့်ကကာမှ ရေပုံးကောင်းနဲ့ ပြောင်းခပ်တာနဲ့ အမျိုးမျိုး လုပ်ကြတော့ တစ်ဦးနဲ့တစ်ဦး အချင်းများသည်အထိ ဖြစ်တာမို့ ရေအပြည့်အ၀ မပေးနိုင်ရင်တော့ လူစုပြီး ပြဿနာ ဖြစ်အောင် ဖန်တီးသလို ဖြစ်မှာစိုးလို့ ဆက်မလှူဖြစ်တော့ဘူး...

ရေရှားတဲ့ ဒုက္ခသည်တွေမှာလည်း ရေမရတော့လို့ အခက်အခဲတွေဆက်ဖြစ်ကြရတယ်။

အဲ့ဒီအခက်အခဲတွေကို အိမ်က မေမေ၊ ညီလေး၊ ညီမလေး နဲ့ မမတို့ ဇနီးမောင်နှံကို ပြောပြရာက တွင်းကြီးကြီးလေး တူးလှူဖို့ ငွေစုကြတယ်။

အခုတော့ အလှူတစ်ခုရဲ့ နိဒါန်းလေး စဖြစ်ပါပြီ။ ၆ လက်မ တွင်းလေး တူးပြီး မနက် ၆ ညနေ ၆ ကြိုက်သလောက်ခပ် ဆိုပြီးလှူဖြစ်တော့မယ်။

ရေတွင်းကိုလည်း မတ်ဖန်က ရေတွင်းအလှူတွေမှာ တောက်လျှောက် ကူညီပေးလာတဲ့ သာကေတ က ရေတွင်းတူးဆရာ ကိုနေ၀င်းက တူးပေးမယ်။ တူးခကိုလည်း အရမ်းလျှော့ပေးပါ့မယ်လို့ ပြောထားလို့ အလှူလေး အောင်မြင်မှာပါ။

မိသားစု အလှူလေးအကြောင်း သူငယ်ချင်းတွေကို ဖေါက်သည်ချရင်း မိသားစုဝင်တွေနဲ့ ကျွန်တော့် ကောင်မလေး ကြည့်ဖို့ ပုံတင်ပေးလိုက်ပါတယ်။ :D

(ဇော်လွင်ဝင်း)

မိသားစု အလှူလေးအကြောင်း သူငယ်ချင်းတွေကို ဖေါက်သည်ချရင်း မိသားစုဝင်တွေနဲ့ ကျွန်တော့် ကောင်မလေး ကြည့်ဖို့ ပုံတင်ပေးလိုက်ပါတယ်။

(ဇော်လွင်ဝင်း)
Zaw Lwin Win added a photo from November 5, 2013 to his timeline.
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...