Ads (728x90)

Photo: MNL Cup 2013 ချန်ပီယံ KBZ ဖြစ်လာ
  Written by Web Admin
   
အောက်တိုဘာ ၁၂ရက်နေ့ ညနေ ၄နာရီ အချိန်က ရန်ကုန်၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘောဇ အသင်းနှင့် မကွေး အသင်းတို့၏ ပွဲစဉ်တွင် ကမ္ဘောဇ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိကာ MNL Cup 2013 ချန်ပီယံ ဆုဖလားအား ပထမဆုံး အကြိမ် အဖြစ် ဆွတ်ခူးနိုင်ခဲ့သည်။

၎င်းတို့ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား တိုက်စစ်မှူး စိုးမင်းဦးက ပွဲကစားချိန် ၄၃မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်ကာ မကွေး အသင်း အနေဖြင့် ဒုတိယပိုင်း ပွဲချိန် တစ်လျှောက်လုံး ချေပဂိုး ရရှိရေး ဖိကစားခဲ့ပေမယ့် သွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ကမ္ဘောဇအသင်း ချန်ပီယံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားအား ဆက်လက် ကျင်းပခဲ့ရာ ဒုတိယ ဆုရရှိခဲ့သည့် မကွေး အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် အတူ ငွေကျပ် သိန်း(၁၀၀)၊ ချန်ပီယံ ကမ္ဘောဇ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေကျပ် သိန်း(၂၀၀)နှင့်အတူ ချန်ပီယံ ဆုဖလားတို့အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့သည်။
---------------------
source - www.themff.org

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...