Ads (728x90)



==============================================

မောင်မင်းဇော် ဘလော့တွင် (Youtube Video ကိုအမြန်ကြည့်မယ်)ခေါင်းစဉ်ပါပို့စ်တွင်
အကောင့်နှင့် ပက်စ်ဝပ်များ ခိုးယူသော ကီးလော့ဂျာအက်အွန် ဖြန့်ဝေနေကြောင်း
တွေ့ရှိရပါ၍ အင်တာနက်သုံးစွဲသူများ ဒေါင်းယူသုံးစွဲခြင်း မပြုကြရန် လုံခြုံရေးသတိ
ပေးချက် ထုတ်ပြန်ပေးလိုက်ပါသည် ... ၄င်းပို့စ်တွင်ပါရှိသော Firefox Addon ဒေါင်း
ယူသုံးစွဲပါက အကောင့်များ ခိုးယူခံရနိုင်ပါသည်။

မူရင်း ပို့စ် နှင့် လင်ခ့်
*****************************************************
Youtube Video ကိုအမြန်ကြည့်မယ်
အင်တာနက် လှိုင်းအားနှေးနေလို့ YouTube Video ကိုကောင်းကောင်း
ကြည့်မရဘူးဖြစ်နေလျှင် မိမိ သုံးနေတဲ့ browser များအလိုက် အောက်မှာပေး
ထားတဲ့ software လေးတွေကို Add - ons လုပ်ထားလိုက်ကြပါဗျာ
Mozilla firefox ဒီမှာယူလိုက်ပါ Safari သုံးသူများအတွက် ဒီမှာပါ
Opera 11-12 ဆိုရင် ဒီမှာနှိပ်လိုက်ပါ Google chrome ကတော့
ဒီမှာပါနော် အားလုံးအဆင်ပြေကြပါစေဗျာ....
Link > http://mgminzaw.blogspot.com/2013/04/youtube-video.html
*****************************************************

မောင်မင်းဇော် ဘလော့ပို့စ်တွင် အထက်ပါအတိုင်း ရေးသားဖော်ပြထားပါသည် ...
ဒေါင်းလုထ်လုပ်ရန် ပေးထားသော လင့်ခ်များတွင် Safari , Opera 11-12 , Google
chrome တို့အတွက် မူလတရားဝင်လင့်ခ်များ ပေးထားသော်လည်း Mozilla firefox
အတွက်မှာ dropbox လင့်ခ်
"https://dl.dropbox.com/s/axbaa7lg0kvbko5/savefromnet.xpi"
ကိုသာ ပေးထား ပါသည် ... ဤ အချက်မှာ မူလဖိုင်အား ဒေါင်းပြီး ပြန်တင်ပေးခြင်း
လည်း ဖြစ်နိုင်ပါသည် ... မူလတရားဝင် လင့်ခ်မဟုတ်သည့်အတွက် ဆက်လက်လေ့
လာရပါမည် ...

dropbox လင့်ခ်ပါ Addon ကို ဒေါင်းယူပြီး ဖြည်ကြည့်သောအခါ ပုံတွင်ပြထားသည့်
အတိုင်း savefromnet.xpi အက်အွန်ဖိုင်၏ မူလကုတ်များမတိုင်မီတွင် ကီးလော့ဂျာ
ကုတ်များ ထည့်သွင်း၍ အကောင့်နှင့် ပက်စ်ဝပ်များ ခိုးယူကြောင်း တွေ့ရှိနိုင်ပါသည် ...
၎င်းတွင် myanmarmuslimonlineradio ဆိုဒ်ကို သုံးထားသဖြင့်
MMCF = Myanmar Muslim Cyber Force လက်ချက်ဖြစ်ကြောင်း သိနိုင်ပါသည် ...
GET လင့်ခ်ကို သွားကြည့်လျှင် ဘာမှမရှိသော်လည်း View Page Source ကိုကြည့်
လျှင် pop.js ကို သုံးထားကြောင်း တွေ့ရပါမည် ...

ဤကိစ္စနှင့်ပတ်သက်၍
မောင်မင်းဇော် ဘလော့ပိုင်ရှင်သည် MMCF လက်အောက်တွင် ရှိနေပါသလား ...
http://mgminzaw.blogspot.com/ သည် အဟက်ခံထားရပါသလား ... သို့မဟုတ်
ပူးပေါင်းကြံစည်သူ ဖြစ်နေပါသလား ဆိုတာကို ရှင်းလင်းပေးသင့်ပါသည် ...

ပုံကြည်ကြည် ဒေါင်းကြည့်ရန် > http://www.mediafire.com/view/onezjvc3zsehjvh/mz_b.jpg
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...