Ads (728x90)

ဆီးရီးယား သူပုန် များ အရပ်သား ရာချီ သတ်ဖြတ် ခဲ့ သည့် အထောက် အထား လူ့ အခွင့် အရေး စောင့် ကြည့်ရေး အဖွဲ့ ပထမ ဆုံးတွေ့

၂ နှစ်ကျော် ကြာ ဖြစ်ပွား ခဲ့သော ဆီးရီးယား ပြည်တွင်း စစ် တွင် ဆီးရီးယား သူပုန် များ သည် သြဂုတ် လ က လာတာကီယာ ပြည်နယ် တွင် ထိုးစစ်ဆင် တိုက်ခိုက် စဉ် က အရပ်သား ၁၉၀ ခန့် ကို သတ်ဖြတ် ခဲ့သည့် အထောက် အထားများ ကို တွေ့ရှိ ရကြောင်း၊ ယင်း ကိစ္စ သည် ဆီးရီးယား သူပုန် များ ၏ လူသား မျိုးနွယ် အပေါ် ကျူးလွန် သည့် ရာဇဝတ် မှုနှင့် ပတ်သက် ၍ ပထမ ဆုံးေ တွ့ ရှိရသော အထောက် အထား ဖြစ်ကြောင်း လူ့ အခွင့် အရေး လေ့လာစောင့် ကြည့်ရေး အဖွဲ့ က ပြောကြား လိုက်သည်ဟု Reuters သတင်း တွင် ဖော်ပြ ထားသည်။

ဆီးရီးယား သူပုန် အဖွဲ့ သည် သြဂုတ် လ ၄ ရက်နေ့က ဆီးရီးယား သမ္မတ အာဆတ် ကို ထောက် ခံသော တပ်ဖွဲ့ များ ရှိရာ အဆိုပါ ပြည်နယ် ရှိ ကျေးရွာ များ သို့ အရုဏ်တက် ချိန် တွင် ထိုး စစ်ဆင် တိုက်ခိုက် ခဲ့ခြင်း ဖြစ် ပြီး အရပ်သား များ ကို သတ်ဖြတ် သွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သူပုန် အဖွဲ့ သည် အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေကြောင်း လူ့ အခွင့် အရေး လေ့ လာစောင့် ကြည့်ရေး အဖွဲ့ က ပြောကြားသည်။

“တချို့နေရာတွေ မှာဆိုရင် ထွက်ပြေး တဲ့ တစ် မိသားစုလုံး ကို သေနတ် နဲ့ ပစ်သတ် တာမျိုးတွေ ရှိပါ တယ်။ သူတို့ ရဲ့ သွေးတွေ ကို အခုထိ တွေ့နိုင် တုန်း ပဲ ရှိပါသေး တယ်” ဟု နယူးယောက် အခြေ စိုက် လူ့ အခွင့် အရေး လေ့လာစောင့် ကြည့်ရေး အဖွဲ့ က ပြောကြား သည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့သည် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ လာတီကီရာ ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ တိုက်ခိုက်ရန် ထောက်ပံ့ပေးခြင်း၊ အစီအစဉ် ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သော သူပုန်အဖွဲ့ ငါးဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အဖွဲ့ များ မှာ အယ်လ်ကေဒါ အကြမ်း ဖက် အဖွဲ့နှင့် ဆက် စပ်နေသော ဂျပ်ဟပ်အယ် လ်နူ ဆာ အဖွဲ့ ၊ အီရတ် အစ္စလာ မ္မစ် နိုင်ငံတော် အဖွဲ့၊ လီဗန့် သူပုန် အုပ်စု၊ အစ္စလာ မ္မစ် အုပ်စု တစ် ခုဖြစ်သော အာရာ အယ်လ် ရှန်နှင့် ပြည်ပ ဂျီဟတ် တိုက်ခိုက်ရေး အုပ်စု တို့ ဖြစ်ကြသည်။

အဆိုပါ အုပ်စု များ က ယင်း တိုက်ခိုက်မှု တွင် ၎င်းတို့ ပါဝင်ကြောင်း ဗီဒီယိုဖြင့် လည်းကောင်း ၊ ကြေ ညာ ချက်များ ထုတ်၍ လည်းကောင်း ထုတ်ဖော် ပြောကြား ခဲ့ ကြသည်။

ဆီးရီးယား အစိုးရနှင့် သူပုန် တပ်ဖွဲ့ များ အကြား ဖြစ်ပွား ခဲ့သော ပြည်တွင်း စစ်သည် အချိန် ကာ လ အားဖြင့် ၂ နှစ်ကျော် ကြာမြင့် ကာ လူပေါင်း တစ်သိန်း ခန့် သေဆုံး ခဲ့ပြီး သန်းနှင့်ချီေ သာ ပြည် သူ များမှာ အိုးအိမ်များ ကို စွန့်ခွာ ထွက်ပြေး ခဲ့ရ သည်။

သြဂုတ်လ ၂၁ ရက်နေ့ က ဆီးရီးယား မြို့တော် ဒမတ် စကတ် အနီး ရှိ ဆင်ခြေ ဖုံးဒေသ ကို ဆီးရီး ယား အစိုးရ က ဓာတု လက်နက်ဖြင့် တိုက်ခိုက် သည် ဟု ယူဆ ခဲ့ပြီးနောက် အမေရိကန် က စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက် သည် အထိ ပြုလုပ် ရန် စဉ်းစား ခဲ့သည်။

သို့သော် ဆီးရီးယား အစိုးရ က ၎င်းတွင် ရှိသော ဓာတု လက်နက်များ ကို ကုလသမဂ္ဂ အား ဝင်ရောက် စစ်ဆေး ခွင့် ပေးခဲ့ ပြီးနောက် အမေရိကန် ၏ စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက် မည့် အစီအစဉ် ကို ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်။

The Voice Weekly

Golden Land Myanmar 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...