Ads (728x90)

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အရဟံခါတ၊ စသည်သုပ္ပဋိပ်၊ မာရ်နှိပ်ပယ်ဖျောက်၊ ကိုးခြောက်နဝ၊ တုမရသည့်၊ နုတ္တရဂုဏ်ထူး၊ ကျေးဇူးဖြိုးပုံ၊ ဘေးမျိုးလုံကို၊ အာရုံမြတ်နိုး၊ မပြတ်ကိုးလျက်၊ ရှိခိုးနေ့ည၊(ဆီးကပ်ကြလော့)။ (မဃဒေဝ။ ၅၄၄။)
အဆိုပါ မဃဒေဝ...ကျမ်းကို ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်မှာ ရေးသားပြုစုပြီး ၁၂၇၆ ခု ကဆုန်လမှာ ထုတ်ဝေဖြန့်ချီခဲ့သည်ကို တွေ့ ရကြောင်း ကိုးခြောက်နဝဆိုသည်မှာ ၉၆၉ ကိုပင် ဆိုလိုကြောင်း မိန့်တော်မူကာ အခုမှ အသစ်အဆန်းဖြစ်နေကြတာ ပေါ်ခဲ့တာ နှစ် (၁၀၀) ကျော်ခဲ့ပြီး ဖြစ်ကြောင်း မိန့်တော်မူပါသည်။
၇၈၆ ဂဏန်းကို ခရာဇ်နှစ် ၁၉၃၈ မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ်မှစ၍ မော်လဝီရွှေပြည် ရေးသားသော လောကီ စာတမ်းစာအုပ်၌ ပါရှိကြောင်း တွေ့ရသောကြောင့် ၉၆၉ က ၇၈၆ ထက် ၂၉ နှစ်စောကြောင်း တွေ့ရမည်ဖြစ်သည်။
မစိုးရိမ်တိုက်ကြီး ပါဠိနယူပဒေသကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိ တ၊ အဂ္ဂမဟာပဏ္ဍိတ) သည် မန္တလေးတိုင်းဒေသကြီး တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး မကြာမီ ဖွင့်လှစ်တော့မည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မန္တလေး) အဖွဲ့ ၏ ဂုဏ်ထူးဆောင် နာယက ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...