Ads (728x90)

 နေပြည်တော်ကြားဖြတ်သတင်း ၊ ဦးသန်းရွှေတစ်ယောက် အကြီးအကျယ် ကံဇာတာနိမ့်နေပါတယ် ...၊ ဆဲဗင်းဒေးဂျာနယ်တွင်လည်း ဦးသန်းရွှေ အကြီးအကျယ် ကံဇာတာနိမ့်နေကြောင်းကို ဆရာစံဇာဏီဘို နှင့် နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို တို့က သွယ်ဝိုက်ရှင်းပြထားပါတယ် ၊ ဦးသန်းရွှေတို့ မိသားစု ကိုးကွယ်တဲ့ ဆရာတော်ကတော့ ဒီတစ်ခါကံဇာတာနိမ့်တာဟာ ယတြာ နဲ့ ကုစားလို့ မရတော့ဘူး ကုသိုလ်နဲ့မေတ္တာပေါင်းပြီး ကုစားမှရမယ်လို့ပြောပါတယ် ၊ မြန်မာပြည်သူပြည်သားများ သာဓုဝိုင်းခေါ်မယ့် အလုပ်မျိးကို ဒကာကြီးဦးသန်းရွှေတို့ မိသားစုအလိုက် လုပ်မှ ဒီကံဇာတာနိမ့်တာက ချောချောမောမောထွက်နိုင်မယ်လို့လည်း ဆရာတော်ကြီးက မိန့်သွားပါတယ် ၊ ဦးသန်းရွှေကလည်း ဒီလိုကံဇာတာနိမ့်မယ်ဆိုတာ ကြိုတွက်ထားလို့ ဒီနှစ်စပိုင်းကတည်းက နေပြည်တော် တပ်ကုန်းမှာ ဗုဒ္ဓဂယာ ပုံစံတူ စေတီပုထိုးတွေ တည်ပြီး ထီးတော်တင်တာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ် ၊ အဲဒီအချိန်က သမ္မတကြီးဦးသိန်းစိန်က လူကြိုက်များ ရေပန်းစားနေတဲ့ အချိန်ဖြစ်နေလေတော့ သမ္မတကြီး ဦးသိန်းစိန်ကိုပါ ဦးသန်းရွှေက သူနဲ့ အနီးကပ်နေစပြီး ဘုရားထီးတင်တဲ့နေရာတွေမှာ ပါစေခဲ့ပါတယ် ၊ ဦးသန်းရွှေကံဇာတာနိမ့်ပုံများ သမ္မတကြီး ဦးသိန်းစိန်တောင် အရှိန်အဝါတွေ ညှိုးပြီး လူမြင်ကွင်းက ပျောက်သလိုလိုဖြစ်သွားတဲ့ ရလာဒ်ကို အားလုံးတွေ့ရမှာပါ ၊ ဒီကြားထဲ ဦးသန်းရွှေရဲ့ မွေးသက္ကရာဇ်အမှန်ကို သိထားတဲ့ ဦးခင်ညွန့်ကလည်း ဦးသန်းရွှေကံဇာတာ နိမ့်တဲ့ ရက် ၉၀ အတွင်းမှာ အကုသိုလ်အကျိုးပေးတွေနဲ့ လာဆုံမယ်ဆိုရင် ကယ်လို့ မရနိုင်ဘူးလို့ သူ့တပည့်ဟောင်းတွေကို လက်တို့ပြောထားတာလည်း ကြားရပါတယ် ၊ ဆရာတော်မိန့်ကြားတဲ့ မြန်မာပြည်သူပြည်သားများ သာဓုဝိုင်းခေါ်မယ့် အလုပ်မျိးဆိုတာ ဦးသန်းရွှေတစ်ယောက် စစ်တပ်ကိုခွစီးထားတာကို စွန့်လွှတ်လိုက်တော့လို့ ပြောနေသလိုလည်း ဖြစ်နေပါတယ် ၊ ဒေါ်ကြိုင်ကြိုင်ကတော့ နာမည်ကြိးဘိုးတော်များခေါ်ယူတိုင်ပင်နေတာကို တွေ့ရပါတယ် ၊ အခုလည်း ဒေါ်ကြိုင်ကြိုင်တစ်ယောက် လက်ပူတိုက် ယတြာတစ်ခုကို စီစဉ်နေပြန်ပါပြီတဲ့ ၊ သီတင်းကျွတ်လို့ ဦးသန်းရွှေကို လာရောက် ဂါရဝ ပြုသူများအတွက် မတ်တပ်တံမြက်စည်းများကို အသင့်ထားရှိပေးထားပါတယ် တဲ့ ၊ ဦးသန်းရွှေကို လာရောက် ဂါရဝပြုသူများက စတိသဘောနဲ့ တံမြက်စည်းများကို လှည်းပေးကြရပါမယ်တဲ့ ၊ ဘိုးတော်ပေးတဲ့ သီတင်းကျွတ်လက်ပူတိုက် ယတြာပဲဖြစ်ပါတယ် ၊ ယတြာကြောင့် တံမြက်စည်း လှဲပေးရမယ့်သူအပေါ် ဦးသန်းရွှေရဲ့ ကံဇာတာနိမ့်မှု နဲ့ အကုသလိုလ်များ ဝေမျှယူရမှာ ဖြစ်ပါတယ် ၊ မလွှဲသာ မရှောင်သာလို့ ဦးသန်းရွှေဆီသွားရပြီး တံမြက်စည်းဝိုင်းလှဲရမယ်ဆိုရင် တံမြက်စည်းကို စကိုင်တာနဲ့ ဤတံမြက်စည်းလှဲရခြင်းအကြောင်းကြောင့် မကောင်းသူပယ် ကောင်းသူကယ်ကာ သတ္တဝါအများ ကျန်းမာချမ်းသာ ရှိကြပါစေသောဝ် လို့ စိတ်ထဲကနေ ရေရွတ်ပေးရမယ်လို့ နားလည်တတ်ကျွမ်းသောသူများက သတိပေးထားပါတယ် ၊ ဦးသန်းရွှေ ကံဇာတာ အကြီးအကျယ် နိမ့်နေတာနဲ့ ပတ်သတ်ပြီး မယုံမကြည် ဖြစ်နေသူများ ဆရာစံဇာဏီဘို နှင့် နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို လူကိုယ်တိုင် သွားရောက် မေးမြန်းစုံစမ်းနိုင်ပါကြောင်း..... သတင်းနှင့်စွယ်စုံ Credit To> Hawdeka Khalaylay <Thanks https://www.facebook.com/nwesamazing


Myanmar Daily News shared သတင်းနှင့်စွယ်စုံ's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...