Ads (728x90)


ဆောင်းပါးရှင် ဦးလေးရဲ့ယခုတစ်ပတ် လက်ရာ။
တူတော်မောင် ဘောဆရာသို့ (၂၁)
တူတော်မောင်ဘောဆရာရေ . .
ဆီးဂိမ်းအတွက် မီဒီယာကတ်တွေ လုပ်တဲ့နေရာမှာ အခက်အခဲတွေဖြစ်နေတယ်ဆို။ မီဒီယာကတ်အတွက် ဌာနတွေ ကလည်း ခဏခဏပြောင်းတယ်ဆို။ အင်တာနက်ကပို့တော့လည်း ရမရအကြောင်း မပြန်ဘူးဆို၊ ဘယ်လိုဖြစ်တာလဲ၊ တူတော်မောင်ရေ။ ဦးလေးလည်း ဒီကိစ်္စကိုဘ၀င် မကျဘူး။ မီဒီယာကတ်လျှောက်နိုင်ပါပြီလို့ လူသိရှင်ကြားသတင်းထုတ်ပြန်သင့်တယ်။ လျှောက်လွှာတင်ရင်လည်း ရမရလည်း ပြန် ပြီးတော့အကြောင်းကြားသင့်တယ်လို့ ဦး လေးထင်တယ်။ အခုလည်း ဦးလေးကြား တာ ဆီးဂိမ်းအတွက် သတင်းထုတ်ပြန်ခွင့် ကို သတင်းစာတစ်ခုကရသွားတယ်။ အဲ ဒီမှာ မီဒီယာကတ်အတွက် ဖောင်သွားတင် ရမယ်ဆို။ ဘာတွေလဲ၊ တူတော်မောင်ရယ်။ ဦးလေးတော့နားမလည်နိုင်တော့ဘူး။ ဒီ ကိစ်္စ ဟုတ်တယ်ဆိုရင်လည်း တရားဝင် သတင်းမထုတ်ပြန်သင့်ဘူးလား။ ဦးလေး တို့ ဆူဇူကီးပြိုင်ပွဲမှာ သတင်းလိုက်ယူတုန်း က မီဒီယာကတ်လျှောက်တာလွယ်မှလွယ် ပဲ။ အခုကိုယ့်ပြည်တွင်းကျမှ ခက်နေပါရော့ လား။ ဒါနဲ့ ဦးလေးစဉ်းစားမိသွားတယ်။ သူတို့တွေကလည်း နိုင်ငံခြားသားမို့လွယ် လွယ်လုပ်ပေးထားပြီး ပြည်တွင်းမှာ ဒီလိုပဲ ခက်ခဲနေသလားမှ မသိတာ။
တူတော်မောင်ဘောဆရာရေ
တစ်ပတ်တစ်ပတ်ပြောစရာက ကုန် တယ်မရှိဘူးနော်။ အသစ်၊ အသစ်တွေက လည်း နောက်ထပ်ရောက်ရောက်လာတယ်။ တူတော်မောင်ရေ၊ ဦးလေးကတော့ ဘော လုံးပွဲမလာလို့မသိပေမယ့် ကြားရတဲ့သ တင်းတွေက မကောင်းဘူးနော်။ Fan Club အားပေးပုံကို ပရိသတ်က ၀ိုင်းလှောင်လို့ ဆို၊ ဘယ်လိုဖြစ်ရတာလဲ တူတော်မောင် ရယ်။ Fan Club ကလည်း မြန်မာကိုအားပေးတယ်။ ပိုက်ဆံနဲ့လာကြည့်တဲ့ ပရိသတ် ကလည်း မြန်မာကိုအားပေးတယ်။ အားလုံးက ပန်းတိုင်တစ်ခုတည်းကိုဦးတည်နေတယ်။ လမ်းတူတဲ့သူအချင်းချင်း ဘာလို့ ရန်သူလိုဆက်ဆံမှာလဲ။ င်္ညေ ဃူကဘ အား ပေးပုံ သီချင်းဆိုဟန်ကိုကြည့်ပြီး ကျန်ပရိသတ်ကပါလိုက်လာမှာမဟုတ်ဘူးလား။ အ ခုတော့ ရည်ရွယ်ချက်က ကောင်းပါရဲ့၊ စီစဉ်တာညံ့လို့ ရန်သူလိုဆက်ဆံကြတယ်။ ဒါနဲ့ဦးလေးမသိလို့ တူတော်မောင်ကိုမေး ချင်တယ်ကွယ်။ ဘာဖြစ်လို့ VIP တန်းမှာထားရတာလဲ။ အမှန်ဆို သူတို့ အတွက် ထောင့်တစ်ထောင့်မှာ နေရာပေး သင့်တယ်။ အခုတော့ အလယ်တည့်တည့် ကနေ ဘင်ထုသံက နားမခံနိုင်အောင်ဖြစ် ရတယ်။ အချိန်ပြည့်လိုလိုထုနေတော့လည်း သူသူကိုယ်ကိုယ်ပဲ နားငြီးမှာပဲမဟုတ်ဘူး လား။ တူတော်မောင် မြန်မာစကားပုံ တောင်ရှိပါတယ်။ မနေတတ်တော့ ဖြဲပြ တယ်၊ မပြောတတ်တော့ ဆဲသလိုတဲ့။ အခု လည်း အဲဒီလိုဖြစ်နေတယ်။ ဘောလုံးအ သင်းက နောက်ကလိုက်နေတယ်။ ပိုက်ဆံ နဲ့လာကြည့်တဲ့သူကညစ်ပြီပေါ။ အမှန်ဖြစ်ရမှာက Fan Club က ပရိသတ်ကိုဆွဲခေါ်ရ မှာ ဖြည်းဖြည်းချင်းအမြင့်ကိုဆွဲရမှာ၊ အမြင့် ကိုရောက်ပြီဆို ပြန်ချရမယ်။ နောက် ၁၅ မိနစ်လောက်ဆို ပြန်စပြီးတော့၊ ပြန်နား။ အဲဒီလိုဆို သိပ်ကောင်းမှာပဲ။ အခုတော့ အစ ကတည်းကတင်လိုက်တာ ပြန်ကိုမကျ တော့ဘူး။ ဦးလေးတော့ အဲဒီလိုပြဿနာ ဖြစ်တာကြိုက်တယ်။ ဟုတ်တယ်၊ တူတော် မောင်၊ ဦးလေးကိုမကြည့်နဲ့။ ဒီလိုပြဿနာ မတက်ဘဲ ဒီအတိုင်းပြီးသွားမယ်ဆို ဆီးဂိမ်း ကျရင်မလွယ်ဘူး။ အခုတော့ မှားတာတွေ၊ လိုတာတွေပြင်ဖို့ အချိန်ရသွားတာပေါ့။ မ ဟုတ်ဘူးလား၊ တူတော်မောင်ရေ။
တူတော်မောင်ဘောဆရာရေ
ပက်ဆောင်ဟွာက ဆင်ခြေတစ်မျိုး ပေးပြန်ပြီနော့။ ဗီယက်နမ်ကိုရှုံးရတာဟာ လူငယ်ကစားသမားတွေထည့်သုံးမိလို့ပါတဲ့။ ဦးလေးမေးချင်လိုက်တာ တူတော်မောင် ရယ်။ ဗီယက်နမ်အကြောင်းမသိလို့လား။ ဒါမှမဟုတ် နေပြည်တော်နဲ့ပွဲက ခြေစွမ်းကို ကြည့်ပြီး ဒီကစားကွက်တည်လိုက်တာလား။ ပက်ဆောင်ဟွာကို ဦးလေးမကြိုက်တာက သူမှားရင် မှားတယ်ပေါ့။ ဘာဖြစ်လို့ အတွေ့ အကြုံနုသေးတဲ့ကစားသမားတွေစုပြုံထည့် တာလဲ။ သူမတွက်ချက်တတ်လို့နေမှာပေါ့။ မဟုတ်ဘူးလား တူတော်မောင်ရေ။ ဦးလေး တော့ ဒီလိုပဲထင်တယ်။ အခုဆီးဂိမ်းကစ တော့မယ်။ လူစမ်းလို့မပြီးသေးဘူး။ ဆီး ဂိမ်းပြီးမှပဲ လူစမ်းတာရပ်မယ်ထင်တယ်။ ဒီ လိုနည်းပြမျိုးကို ဘာလို့ရေရှည်လက်တွဲရ တာလဲ၊ ဦးလေးနားမလည်နိုင်ဘူ။ ဒီနေရာ မှာ ဦးလေးထက် တူတော်မောင်က ပိုသိ တယ်မဟုတ်လား။ ဒီတစ်ခါ ဦးလေးနဲ့တွေ့ ရင် ရှင်းပြစမ်းပါဦး။
တူတော်မောင်ဘောဆရာရေ
ဦးလေးလည်း တူတော်မောင်နဲ့ပေါင်း မှ အတင်းအဖျင်းရော သတင်းမလင်းပါ နားထောင်တတ်လာတယ်။ အသင်းရှုံးလို့ အသင်းအုပ်ချုပ်သူနဲ့ ကစားသမား စကား များကြတယ်ဆို ဘယ်လိုဖြစ်ကြတာလဲ ကွယ်။ ဒီလို သတင်းမျိုးကို နိုင်ငံခြားသ တင်းဌာနတွေက ဖော်ပြနေကျ။ ဒါပေမယ့် ဦးလေးတို့ဆီမှာ ဒီလိုမျိုးကြုံကြားရတာ နား ထဲကန့်လန့်ဝင်လာသလိုပါ။ ဒါကလည်း ဆ ရာဆိုတာ ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရ တယ်။ ဒီလိုအဆုံးအမတွေနဲ့ ကြီးပြင်းလာ တဲ့ ဦးလေးတို့က လက်မခံနိုင်ဘူးဖြစ်နေ တယ်။ အမှန်ပြောရရင် ဒီလိုသတင်းမျိုးကို ဦေးလးမကြးချင်တော့ဘူး။ ကဲ . . ဒါတွေ ထားပါလေ။ ဦးလေးနောက်ဆုံးပြောချင် တာက ကစားသမားတွေရဲ့စိတ်ဓါတ်ပဲ။ တော်တော်ဆိုးတယ်နော်။ ဘောလုံးပွဲရှုံးရင် လူချမယ်။ သူချရင် ကိုယ်ချမယ်ဆိုတဲ့ စိတ် ဓါတ်က ဘယ်လိုမှမကောင်းဘူး။ ဒါတွေပြု ပြင်ဖို့လိုတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ သတိပေးပေါင်းလည်းများပါပြီ။ ကြာလာ တော့ ပြောရတဲ့သူတောင် အားနာလာပြီ။ တူတော်မောင်ပဲ စဉ်းစားကြည့်စမ်းပါ။ က စားသမားက စိတ်ဓါတ်မရှိ၊ ပရိသတ်က စည်း ကမ်းမရှိ၊ နည်းပြက ခေါင်းရှောင် ဆင်ခြေ ပေး၊ ဒီလိုပုံစံနဲ့ ဆီးဂိမ်းကိုဘယ်လိုသွား မလဲ။
တူတော်မောင်ဘောဆရာရေ
ပြောစရာတွေလည်း စုံပြီထင်ပါရဲ့။ သူ များမကောင်းကြောင်းတွေပြောနေလို့လား မသိဘူး။ ဦးလေးကို စကားကောင်ြး့ပန် ပြောတဲ့သူတွေ တဖြည်းဖြည်းရှားလာသလို ပဲ။ ဦးလေးက တူတော်မောင်လို အမှား လေးတွေထောက်ပြနေတာပါ။ ဦးလေးရဲ့ စေတနာကိုသိရင်တော်ပါပြီ။ ဘာမှလည်း မမျှော်လင့်ပါဘူး။ ကဲ . . .တူတော်မောင်ရေ ဒီတစ်ပတ်တော့ ဒီမှာပဲနားကြတာပေါ့နော်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...