Ads (728x90)




 
=====================ခိုင်ဥက္ကာပျံ(လေးဝတီ)::::Chit Thu Sky::::::::::Myo Min Thant::::::::
အတိုက်အခံပါတီ အဖွဲ့ မှ ၂၇။၂၈။၂၉။ ရက်တိတိ ကုန်းရေလေ လမ်းများပိတ်ဆို့ အကြမ်းဖက် ဆန္ဒပြကြရာ နှစ်ဖက်စလုံး ငါးဦးသေဆုံးပြီး သုံးရာကျော်ဒါဏ်ရာရကာ ဆယ်ဦးခန့်ကို ခြေလက်သွေးလွှတ်ကြောများ လှီးဖြတ်ခံရကြောင်း ဘင်္ဂလာရုပ်သံမီဒီယာ သုံးဆယ်နီးပါးက အတည်ပြု ထုတ်လွှင့်ပြသခဲ့ကြောင်းသိရသည်။ အတိုက်အခံများက အဓိက အစိုးရလုံခြုံရေး ရဲများကို ဦးတည်တိုက်ခိုက်ခဲ့လို့ လုံခြုံရေး ရဲတပ်ဖွဲ့ ဝင် ဆယ်ဦးနီးပါးဒါဏ်ရာရရှိခဲ့ကြောင်း ကား အနှေးယာဉ် အစိုးရ BRTC ယာဉ်များ ဘဏ်အဆောက်အဦးများ မီးရထားများကိုပါ မီးရှို့  လုယက်ဖျက်ဆီးခဲ့ ကြောင်းလည်းဆိုသည်။
အစိုးရကို အတိုက်အခံများမှ တရားမဝင်အစိုးရဟု ကျေညာသော်လည်း အစိုးရမှ မိမိတို့ ရက်ပေါင်း(၉၀)အတွင်း အာဏာရှိနေသေးကြောင်း ရွေးကောက်ပွဲအတွက် ကြားဖြတ်အစိုးရကို အာဏာမအပ်ပဲ နှစ်ဖက်ဆွေးနွေး အဖြေရှာမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားသည် အတိုက်အခံခေါင်းဆောင်များမှ အစိုးရနှင့် စေ့စပ်ရန်သဘောတူကြောင်း သတင်းစာရှင်းလင်းပွဲတွင်ဆိုသည်။ နိုင်ငံရေးစောင့်ကြည့်နေသူတွေက ဖြစ်စဉ်များကို အဆုံးသတ်ရေးသည် လွန်စွာမှ နိုင်ငံရေးရှုပ်ထွေးမှူများကြောင့် ဖြစ်သည်ဟုဝေဖန်သည်။ အတိုက်အခံအဖွဲ့ ဝင်များတွင် ဘင်္ဂလာနိုင်ငံလွတ်လပ်ရေး ကာလက အလိုတော်ရိများပါဝင်ကာ မွတ်ဆလင်အစွမ်းရောက် ဂျာမတ်ယာတ်အီစ်လမ် အဖွဲ့ လည်းပူးပေါင်းပါယင်ထားမှူကို အစိုးရမှ မင်းမဲ့စရိုက်ဆန်သော အကြမ်းဖက်လုပ်ရပ်များကို လုံးဝရှုံ့ ချကြောင်း သုံးရက်တိတိ ပိတ်ဆို့ဆန္ဒပြမှုကို အသိအမှတ်မပြုသောကြောင့် ယ္ခုအခါ ဗုံဖေါက်ကွဲတိုက်ခိုက်မှူ အပြန်အလှန်သေနပ်ပစ်မှူ တုတ်ဒါးလက်နက်များကိုင်ဆောင် အကြမ်းဖက်ကြခြင်းများကြောင်း နိုင်ငံတော် ဝင်ငွေများသိန်းထောင်ပေါင်းရာချီနစ်နာကြောင်း ပြည်သူများနှင့် စီးပွါးရေးလုပ်ငန်းရှင်များမှာ ပြည်တွင်းစစ်တခု အသွင်းပြောင်းတော့မည်လားဟု စိုးရိမ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ မှ ပြောကြားသည်။

ခိုင်ဥက္ကာပျံ(လေးဝတီ)
—Chit Thu Sky:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::Myo Min Thant

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၁၄ ဦး ရှိလာ

 
Mon Oct 28, 2013__ဘင်္ဂလားဒေ့ရှ် လက်ရှိဝန်ကြီးချုပ် နှုတ်ထွက်ပေးပြီး အိမ်စောင့်အစိုးရမှ တာဝန်ယူသော ရွေးကောက်ပွဲများ ကျင်းပပေးရန် တောင်းဆိုသော အတိုက်အခံများ၏ နိုင်ငံတဝန်း ဆန္ဒပြမှုများ ဒုတိယနေ့အဖြစ် အောက်တိုဘာ ၂၈၊ တနင်္လာနေ့၌ ဆက်လက်ဖြစ်ပွားခဲ့ရာ ရုန်ရင်းဆန်ခတ်မှုများအတွင်း ဆန္ဒပြသူ နှစ်ယောက် ထပ်မံသေဆုံးသွားပြီဖြစ်သည်။

ထိုနှစ်ယောက်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းမှဖြစ်ပြီး သောကြာနေ့မှစရေလျှင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် သေဆုံးသူစုစုပေါင်း ၁၄ ယောက် ရှိသွားပြီဖြစ်သည်။ နိုင်ငံတဝန်းလုံး ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားဆဲဖြစ်သည်။

Two more Bangladesh protesters were killed in clashes Monday, the second day of a nationwide strike called by the opposition demanding the prime minister quit and hold elections under a caretaker government.

The two were killed in the north and southeast, raising the overall death toll in the political unrest to 14 since Friday, as schools and businesses remained shut across the country
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...