Ads (728x90)


ဂဏန်းသွားလေး ဟောပေးပါအုံး .....




Sr.Pw4 လည်း အိပ်မရတာနဲ့ .... ဟိုတွေး ဒီတွေးနဲ့ ကိုယ့်နိုင်ငံရေး ဘာမှန်းမသိတော့ .... တောင်တွေး မြောက်တွေးနဲ့ ...... လျှောက်တွေးနေမိရင်းက ..... ဆရာကြီးဦးအောင်သင်းပြောတာလေး ဖတ်ဘူးတာ သွားသတိရတယ် .......
ဘာလဲဆိုတော့ .........ဆရာကြီးဦးအောင်သင်းက
လူတွေကဘဲတွေလို့ဘဲ .... ရှေ့ကဘဲ သွားတဲ့နောက်ကို ..... နောက်ကဘဲကကပ်လိုက်တယ် ရှေ့ကဘဲက ....အ ပေါက်ကျင်းကျင်း လေးတိုးဝင် ရင် နောက်ဘဲက
ဟိုဘက် ကအ ပေါက်ကျယ် ရှိလဲမသွားဘူး ဒီကျင်း ကျင်းလေးပဲ ... လိုက်တိုးနေတာ ရှေကဘဲက ချိုင့်ထဲကျနေလဲ .......
နောက်က ကောင်က ရှောင် သွားပါလား ..........မဟုက်ဘူးဗျာ...သူပါချိုင့်ထဲ ထပ်ကျတဲ့လမ်းဘဲသွားတော့ ထပ်ကျတာပေါ့ တဲ့......
ဆရာကြီးပြောတာလေးဖတ်မိတာ..... သွားတွေးမိတော့
.....ဆရာကြီးရေ..... လူတွေခု အဲလိုမ ဟုတ်တော့ဘူး ....
ရှေ့ကလူတွေ က လမ်း ကျယ်ကျယ် အ ပေါက်ပေါက်ကျယ်ကျယ် သွားနေလည်း နောက်ကလူတွေက မလိုက်ကြ တော့ဘူး ....... ဆိုတာမျိုးဖြစ်သွားပြီ....
ရှေ့ကလူတွေဗွက်ထဲရုန်း နေပြန်ရင်လည်း နောက်လူတွေ လမ်းကောင်း က နေသွားတတ်နေပြီ ဆရာကြီး ......
ဆရာကြီး က တော့ .... လူ့အရင်းအမြစ် ရှိဖို့ ကိုယ်ပိုင် အ တွေးအ ခေါ်အ မျှော်အမြင်နဲ့ ကိုယ်သွားရမယ့်လမ်းကို မှန်မှန်ကန်ကန်သွားတတ်လာတတ်ဖို့ လမ်းညွှန်တယ်လို့ မြင်မိပါတယ်.....
လူတွေက ဆရာကြီးပြောတာ မြင်လာတာလား ပိုတတ်လာတာလားတော့မသိဘူး ဆရာကြီး ..... သူတို့က ဆရာကြီး တမိုက်ပြ တလှန်အထိမြင်တတ်နေပြီဆရာကြီး
ဆရာကြီးကျန်းမာရေးကောင်းရင် တာလွတ်ကြည့်ပါလားဆရာကြီး ..... ပလိုင်းထဲကထုတ်လွတ်လိုက် တဲ့ ဂဏန်းတွေလိုပဲ ......
ဘယ်ဟာ ဦးတည်ရာအမှန်မှန်းမသိတော့ဘူး ..... လမ်းကောင်းဘယ်ဟာလည်းမသိချင်တော့ဘူး ......
သွားချင် တဲ့ကောင်က ...... သွားချင် ရာကို .......
ဂဏန်းလိုသွားနေ လို့. ဂဏန်းသွားလေးဟောပေးပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ .....

အိပ်ရေးပျက်တဲ့ ညများ ... 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...