"အာဖဂန်နစ္စတန်နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံး၌ ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ဖြစ်ပွားပြီး ၃ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ"
Herat | September 13, 2013 (Xinhua)
သောကြာနေ့ မနက်အစောပိုင်းက အာဖဂန်အနောက်ပိုင်းပြည်နယ်မြို့တော် ဟီရတ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး၊ နောက်ဆက်တွဲ ပစ်ခတ်မှုများပါ ဆက်လက်ဖြစ်ပွားခဲ့ကာ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ခါးမှာ အသေခံဗုံးတွေ ပတ်ထားပြီး လက်နက်ကြီးတွေကိုင်စွဲထားတဲ့ စစ်သွေးကြွ ၃ ယောက် ၄ ယောက်လောက် ဒေသစံတော်ချိန် 0515 လောက်မှာ သံရုံးအဆောက်အဦးထဲ ဝင်လာပြီး တိုက်ခိုက်တယ်။ သူတို့က ထိန်းချုပ်မှု အခန်းကို ဝင်ပြီး အဆောက်အဦးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတယ်။ ပစ်ခတ်မှုတွေကတော့ ဖြစ်တုန်းပဲ။" ဟု ၎င်း၏အမည်ကို မဖော်ပြလိုသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့တော် ကာဘူး၏ အနောက်ဘက် 640 km ကွာဝေးသော ဟီရတ်မြို့တွင် ဖြစ်ပွားသော ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁ ဦးနှင့် လုံခြုံရေးဝန်ထမ်း ၂ ဦး သေဆုံးပြီး ဖြတ်သွားဖြတ်လာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။
ဗုံးပေါက်ကွဲပုံမှာ အသေခံဗုံးခွဲသူတို့ ခွဲလေ့ရှိသည့် ပုံစံမျိုးပင် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြု ပြောကြားသည်။
"သေဆုံး ဒဏ်ရာရဦးရေက မြင့်တက်လာဖို့ ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်း တိုက်ခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး အနီးနားရှိ လူနေအိမ်များလည်း ထိခိုက်ခဲ့သည်။
ယခုအချိန်ထိ မည်သည့်အုပ်စုကမှ ၎င်းတို့ ကျူးလွန်ကြောင်း ဝန်ခံခြင်း မရှိသေးပါ။
~~ source ~~
http://news.xinhuanet.com/english/world/2013-09/13/c_132717550.htm
credit> Myo Min Thant

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။