ဘင်္ဂလီများကိုအိမ်ဆောက်ပေးမည့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့သော တောင်ကုတ်မှ ဆန္ဒခေါင်းဆောင်သုံဦးအား ထောင် ၃လစီချ
၁၃ စက်တင်ဘာ၊ ၂၀၁၃။ Coral Arakan News
၂၀၁၃ မတ်လ၂၃ နေ့ကဘင်္ဂလီများကိုအိမ်ဆောက်ပေးမည့် အစီအစဉ်ကို
ကန့်ကွက်ဆန္ဒပြခဲ့သော တောင်ကုတ်မြို့မှ ကိုစိုးဝင်း ၊ ကိုသန်းလွင်စိုးနှင့်
ကိုမင်းထွန်းတို့သုံးဦးအား ယနေ့နေ့လည်ပိုင်းက တောင်ကုတ်တရားရုံးမှ ပုဒ်မ
(၁၈)ဖြင့် ထောင်သုံးလစီချလိုက်ကြောင်းသိရသည်။
ထေင်ဒဏ်စီရင်ချ
ချလိုက်ပြီး နောက် ကိုစိုးဝင်းတို့သုံးဦးအား သံတွဲ
အကျဉ်းထောင်သို့ချချင်းခေါ်ယူသွားပြီး တောင်ကုတ်မြို့တွင်
လုံခြုံရေးထူထပ်စွာချထားကြောင်းသိရသည်။
လွန်ခဲ့သော
တစ်ပတ်ခန့်ကလည်း ကျောက်တော်မြို့မှ ဘင်္ဂလီများကိုအိမ်ဆောက်ပေးမည့်
အစီအစဉ်ကိုကန့်ကွက်ဆန္ဒပြခဲ့သော ဆန္ဒပြခေါင်းဆောင် ဒေါ်လှမေနှင့်
နောက်နှစ်ဦးအားလည်း ထောင်သုံးလစီချလိုက်ကြောင်းသိရသည်။
Coral Arakan News မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။