- RSV
-------------------------------------- RSV စက်တင်ဘာ-၁
မြန်မာနိုင်ငံတွင်မည့်သည်အချိန်ကမှ မရှိခဲ့သော စကားလုံးတစ်လုံးအား ပြည်ပနိုင်ငံများနှင့်ပူးပေါင်း ကာ သုံးစွဲနေခြင်းသည် မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများနှင့်တိုင်းရင်းသားများအကြား ယုံကြည်မှုပျက်ပြားနေဦး မည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများကလည်း မည်သည့်အခါမျှ ယုံကြည်လိမ့်မည်မဟုတ်ကြောင်း ဒေသခံများ ကပြောဆိုကြပါသည်။
ယခင်က ပြောဆိုဆက်ဆံမှုများရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ နေ့တွင် မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာ ၁၂ ရွာကို စတင်မီးရှို့သည့်နေ့မှစတင်ကာဘင်္ဂလီများက ရိုဟင်ဂျာဟူသော စကားကို စတင်အသုံးပြုခဲ့ကြသည်။ ယင်းနောက် ပြည်ပမီဒီယားများကလည်း ယင်းတို့၏အသံအတိုင်း လိုက်လံပြောဆိုလာကြသည့်အပြင် အထူးသဖြင့် ယူအမ်လက်အောက်ခံ နိုင်ငံခြားအဖွဲ့အစည်းများ က လည်း ထိုစကားလုံးကိုသုံးစွဲလာခြင်းသည် ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားများနှင့် ဘင်္ဂလီများအကြား ယုံကြည်မှုကို ပိုမိုပျက်ပြားစေကြောင်းလည်းသိရ သည်။
ထိုကိစ္စရပ်များနှင့်ပတ်သက်ပြီး အသက်၆၅ နှစ်ခန့်နိုင်ငံရေးလေ့လာ သူတစ်ဦးက “ဘင်္ဂလီတွေဟာအကွက် ချစီစဉ်ခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဘယ်တော့မှ ယုံကြည်လာတော့မှာမဟုတ်ဘူး။ တစ်ချို့ နေရာတွေမှာ အနေအနေအရ ဆက်သွယ်ပြောဆိုနေကြရပေမယ့် ရခိုင်ပြည်နယ်၊ နေရာတော်တော်များ များမှာတော့ လုံးဝသင့်မြတ်ဖို့မဖြစ်နိုင်တော့ဘူး။ ရခိုင့်မြေပေါ်မှာ မရှိတဲ့လူမျိုးတစ်စုကို လက်ခံလိုက်မယ် ဆိုရင် မကြာခင် ရခိုင်ပြည်နယ်ပျောက်သွားနိုင်ပါ တယ်။ အဲဒါကို ရခိုင်တွေ စိုးရိမ်တာအပြစ်မဟုတ်ပါဘူး။ ဘင်္ဂလီတွေက ဒီလိုမဟုတ်တဲ့စကားမျိုးကိုပြောေ နလေလေ၊ ယုံကြည်မှုပိုပျက်လေဖြစ်လာမယ်”ဟု သုံးသပ် ပြောဆိုပါသည်။
နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ရခိုင်ပြည်နယအတွင်း ရိုဟင်ဂျာလူမျိုးမရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မည့်အခါကမျှ မရှိခဲ့ကြောင်းခိုင်မာစွာထွက်ဆိုထားပြီးဖြစ်သည့်တိုင် နိုင်ငံတော်အား မထီမဲ့မြင်ပြုနေခြင်း သည်ပင် နိုင်ငံတော်အပေါ် သစ္စာဖောက်နေခြင်းဖြစ် သည်ဟုလည်းပြော ဆိုကြပါသည်။
ထို့အပြင် ယူအမ်အပါအ၀င်နိုင်ငံခြားအဖွဲ့အစည်းများသည် ဘင်္ဂလီများအလိုကျ စကားလုံးများကိုသုံးစွဲကာ လုပ်ကိုင်နေကြသည်မှာလည်း ဘင်္ဂလီများနှင့် ဒေသခံတိုင်းရင်းသားများအကြားယုံ ကြည်မှုပိုမို
ပျက်ပြားစေ သည်ဟုလည်း လေ့လာသူများက ဆိုသည်။
“အကောင်းဆုံးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်အတွင်းက ထွက်သွားဖို့လိုတယ်။ သူတို့ကြောင့်ဒီပြဿနာဖြစ်လာတာ။ သူတို့ရှိနေ ရင် နောက် ထပ် လည်း ဒီပြဿနာက ကြီးထွားလာဖို့ပဲရှိ တယ်။ အေးသွားဖို့ မရှိဘူး။ ဒေသခံတိုင်းရင်းသားတွေထက် ခိုးဝင်ဘင်္ဂလီတွေအရေးကိုသာ အဓိက ထား ဆောင်ရွက်နေကြ တဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေဟာ ပြဿမီးကို လောင်စာဆီလောင်းပေးနေသလိုဖြစ် နေတယ်။ သူတို့ထွက်မသွားရင် ပြဿနာဖြစ်လာနိုင်တယ်။ မအေးနိုင်ဘူး။ သူတို့ထွက်သွားမှအေးမှာ”ဟု လည်း နိုင်ငံရေးအကဲခတ်တစ်ဦးကသုံးသပ်ပြောဆိုခဲ့ပါသည်။
Advertiser
Related Posts
- Aung Kyaw Soe15 Sep 2017ကိုဖီအာနန် ကော်မရှင် အကောင်အထည်ဖော်ရေးအဖွဲ့ ရခိုင်မြောက်ပိုင်းသို့ ကွင်းဆင်းမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်...
- Aung Kyaw Soe29 Aug 2017မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားလုံးဝမရှိဘူးလို့ ပြည်ထဲရေး ၀န်ကြီးထပ်မံပြောကြား
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားလုံးဝမရှိဘူးလို့ ပြည်ထဲရေး ၀န်ကြီးက ဒီကနေ့ နိုင်...
- Aung Kyaw Soe31 Aug 2017ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးနေဆဲ၊ ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိ
မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပို...
- Aung Kyaw Soe06 Sep 2017အရေးကြီးပြီ သွေးစည်းကြစို့
၂၀၁၇ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှစ လုံခြုံရေးစခန်း ၃၀ ကို တစ်ပြိုင်တည်း စုပြုံတိုက်ခိုက်တဲ့ ...
- Aung Kyaw Soe15 Sep 2017မောင်တောခရိုင် ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံ လေးထောင်ကျော် နေရပ်ပြန်
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်...
- Aung Kyaw Soe15 Sep 2017ဂျပန်ကျွန်းကို မြှုပ်ပစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြာကျအောင် လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ပြန်
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင...
- Aung Kyaw Soe15 Sep 2017ရန်ကုန်မြို့လယ်က ရတနာဆိုင် လုယက်ခံရ
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ ...
- Aung Kyaw Soe15 Sep 2017မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲ ဓားဖြင့် ဝိုင်းခုတ်ခံရ
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။