Ads (728x90)

Photo: ဖလာမီနီကို အပြီးသတ် စာချုပ် ခေါ်ယူနိုင်ပြီး ဖြစ်သည့် အာဆင်နယ်

အာဆင်နယ်အသင်းသည် အေးဂျင့်လက်မဲ့ ဖြစ်နေသော ဖလာမီနီအား တစ်ကျော့ပြန် ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒေးလီးမေးလ် သတင်းဖော်ပြချက်အရ အာဆင်ဝင်းဂါးသည် အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ဖလာမီနီအား ဒုတိယအကြိမ် ပြောင်းရွှေ့ကြေး အခမဲ့ဖြစ် ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်သစ်ကွင်းလယ် လက်ရွေးစင် ကစားသမားဟောင်းသည် (၂၀၀၈)ခုနှစ်က အာဆင်နယ် အသင်းမှ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး၊ ယခုအခါ အာဆင်နယ် အသင်းတွင် တစ်ပတ် ပေါင်(၄)သောင်းဖြင့် (၃)နှစ် သက်တမ်းရှိသည့် စာချုပ်တစ်ရပ်နှင့် ပြန်လည်ပြောင်းရွှေ့ လာသူ တစ်ယောက်ဖြစ်သည်။

(၂၉)နှစ်အရွယ် ဖလာမီနီသည် အာဆင်နယ် အသင်း၏ ယခုရာသီ လူဝယ်ယူမှူ့ဖြစ်သည့် ယာယာဆာနိုဂို ပြီးနောက် ဒုတိယမြှောက် အမ်းမရိတ်ကွင်းသို့ ရောက်ရှိလာသည့် ကစားသမား ဖြစ်ခဲ့သည်။ 

ဖလာမီနီသည် အေစီမီလန်မှ Auxerre အသင်းသို့ ရောက်ရှိခဲ့ပြီး ထိုမှ တစ်ဆင့် အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး အခမဲ့ဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

#Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...