Ads (728x90)

အ၀တ်အစားဆိုတာ နေရာရွေးဝတ်တက်ရတယ်။
ချွတ်တယ်ဆိုတာလည်း ချွတ်တက်မှ့လှတာ။

မော်ဒယ်ပြိုင်ပွဲမှာ ဖင်ချွတ်သွားနေတာကို မကဲ့ရဲ့နိုင်ဘူး
ဒါ ပြိုင်ပွဲသဘောအရလေ လူတောထဲမှာ ဖင်ချွတ်သွားတာကတော့ ကြည့်မကောင်းဘူး။

မောင် တွေလည်း ထိုးနည်းလည်းကောင်းပဲ
စင်ပေါ်မှာ ဘီကနီသာသာ
အတွင်းခံဘောင်းဘီလေးနဲ့ ဗလကို ပြချင်သလို ပြလို့ရပေမဲ့ အဲ့ဒါနဲ့တော့
ဘတ်စ် ကားတိုးစီးလို့မရဘူး။

မြန်မာမိန်းကလေး ခေတ်မဆန်ဘူး ဆိုပြီး ရေကူးပြိုင်တဲ့အခါ ထမီရင်ရှားနဲ့ပြိုင်လို့မရဘူး အေရိုးဘစ်ပြိုင်တဲ့အခါ ထမီနဲ့မရဘူး၊
ဂျွမ်းဘားပြိုင်တဲ့အခါ
ထမီနဲ့မရဘူး၊
မြန်မာအကကို ဇီးရိုးကွာတားဝတ်ပြီးပြိုင်ရင် ဘယ်လိုနေမလဲ။

မယ်ပြိုင်ပွဲမှာ ဘီကနီနဲ့ ၀င်တာတာနဲ့ လူကြားသူကြားမှာ
အကြောင်းပြချက်ထွေထူးမရှိတဲ့ ဘီကနီနဲ့သွားနေတာနဲ့အများကြီးကွာခြားတယ်။

ဆံပင်က ခေါင်းမှာရှိတော့ မြင့်မြတ်သလိုလိုနဲ့ ဟင်းခွက်ထဲလည်းရောက်ရော
ဘာဖြစ်သွားတုန်း
မင်းဆံပင်လေးတွေကို မောင်ချစ်တယ် ဘာညာနဲ့ မိန်းမဆံပင်ကိုသိပ်ချစ်တဲ့ ယောက်ကျားတစ်ယောက်ဟာ ဟင်းထဲ ဆံပင်ပါလာရင်
ဘယ်လိုနေမတုန်း
နေရာအပေါ်မူတည်ပြီး တန်ဖိုးရှိတယ်။

Mya Sandar Aung
( MD - Gandawun Shwe Bagan Travels)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...