Ads (728x90)

ဆာလာရန်းတွင်ကွယ်လွန်ခဲ့သည့် ကိုမင်းဇော်၏ ရုပ်အလောင်းကိုသဂြိုလ်နိုင်တော့မည်။
..........................................................................................................
ဧရာဝတီဖောင်ဒေးရှင်းအမှုဆောင်များသည် ပြီးခဲ့သည့် ၁၄-၆-၂၀၁၃ ရက်နေ့က ဆာလာရန်းတွင် ကွယ်လွန်သွားခဲ့သောကိုမင်းဇော်၏မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ပြီး အလှုငွေများပေးအပ်ခဲ့သလို ကိုမင်းဇော်၏အလောင်းကို မီးသဂြိုလ်နိုင်ရန်အတွက်လည်း ကူညီဆောင်ရွက်ပေးခဲ့သောကြောင့် ကိုမင်းဇော်၏ရုပ်အလောင်းကို မီးသဂြိုလ်နိုင်တော့မည်ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းအမှုဆောင်များနှင့် ကိုမင်းဇော်၏မိသားစုဝင်များ၊ ကာပုန်းနာရေးကူညီမှု အသင်းမှ ကိုဆန်းဝင်း၊ မြန်မာများကို ကူညီပေးနေသော ကိုသီဟမောင်မောင်တို့နှင့် ကာပုန်းဘုန်း တော်ကြီးကျောင်းတွင်တွေ့ဆုံခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်မှ ကိုမင်းဇော်၏မိသားစုကို အလှုငွေ ရင်းဂစ် ၂၀၀၀ လှုဒါန်းခဲ့သည်။ ထို့ပြင် ကိုမင်းဇော်၏ရုပ်အလောင်းမှာ အခက်အခဲအမျိုး မျိုးကြောင့် ရေခဲတိုက်မှ ထုတ်ယူရန်ခက်ခဲနေပြီး မီးသဂြိုလ်ရန်လည်း ခက်ခဲနေသဖြင့်  ဧရာဝတီဖောင်ဒေးရှင်း နှင့် မလေးရှားနိုင်ငံရှိမြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး၊သံရုံးတာဝန်ရှိသူများ ကူညီပေးမှုကြောင့် ယခုအခါတွင် ရေခဲတိုက်မှ ထုတ်ယူကာ သဂြိုလ်နိုင်တော့မည်ဖြစ်သည်။ 
ဧရာဝတီဖောင်ဒေးရှင်း၊ ကာပုန်းနာရေးကူညီမှုအသင်းနှင့် ကွာလာလမ်ပူမှ မြန်မာလူမှုရေးအဖွဲ့ဝင် များသည် ကိုမင်းဇော်၏အလောင်းကို ထုတ်ယူခွင့်ရရှိသွားပြီဖြစ်သောကြောင့် အမြန်ဆုံးသဂြိုလ် သွားမည်ဖြစ်ပြီး ကိုမင်းဇော်၏ဇနီးသည်နှင့် အတူနေယောက်ဖတို့မှာလည်း ကိုမင်းဇော်၏ အလောင်းကိုသဂြိုလ်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည်။
ကိုမင်းဇော်၏မိသားစုဝင်များ မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်လာရေးအတွက်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါကိစ္စ အတွက်လည်း သံရုံးနှင့်တိုင်ပင်ခဲ့ရာ အဆင်ပြေသဖြင့် မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်လာခွင့်ရရှိတော့ မည်ဖြစ်သည်။
(ကိုမင်းဇော်၏ညီအရင်းကိုဝင်းဇော်ကို ဧရာဝတီဖောင်ဒေးရှင်းမှ အလှုငွေပေးအပ်နေစဉ်)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...