Ads (728x90)



===========
ငါတို့ ခေတ် မှာ ညံ့လိုက်တာ
အညံ့တကာ အညံ့ထဲ ဗိုလ်စွဲလောက်ပါရဲ့...။
ဘယ်ကစလို့ ညံ့လည်းဆို တို့ကိုအုပ်ချုပ်
မင်းလုပ်တဲ့ လူညံ့တွေ အောက်
တကွဲ တပြား ဝမ်းလျား မှောက်ခဲ့တဲ့နောက်
ငတို့လောက် ညံ့တာ ကမ္ဘာ မရှိဘူး..။
လူညံ့တွေက ထင် ရာစိုင်း
တစ်တိုင်းပြည်လုံး ဗြောင်းဆန်
အခွံချည်း ကျန်တာတောင်
အ ယောင်ဆောင် ဟန်ရေးနဲ့
နောက်ထပ် လွေးဖို့ ပြင် တုန်းပါလား...။
တို့တစ်တွေ ညံ့တာ စိတ်ဓါတ်သာ မက
ကာယလည်း လှီ ပေမမီ လက် ရုံး
သုံးမရတဲ့ ဗလ ပုကွကွ ဂင် တိုတို
အရင် မြန်မာ တွေလို မဟုတ်တော့ပြီပဲ...။
ထီးနန်း ပျောက်ပြီး ကတည်းက
စည်းကမ်း ဖောက်လိုက်ကြတာ ခုထိ မှောင် မိုက်
အမိုက်တိုက် မှာပဲ မော်
သေတင်းကုပ် မှာဘဲ ပျော်နေကြတော့မှာလား...။
ညီညွတ် ရင်းနဲ့ ချစ်ချစ် ခင် ခင် ဆိုတာ
သီချင်းထဲမှာဘဲ ရှာတော့ နှစ် ယောက် ရှိ တစ်ပါတီ
သုံး ယောက်ညီ ရင် ဇက်သာဖြတ်
တစ် ယောက်တည်းတောင် နှစ် ဇါတ် ကချင်ကြတာ...။
အပြစ် တင် ရာမှာ နှစ် ယောက်မရှိ
ဆယ်ချောင်း အပြည့် လက်ညှိုးထိုး
အဲသည် လောက်ကို ထိုးခဲ့ကြ ပုံများ...။
င တေ တွေကများ အစားကြီးချက် ဗျာ
က လေးဟာလည်းစား အားကစား သမား ဆီကလည်း စား
လူမ မာဆီကလည်း စား... နောက်ဆုံး စကား
မသာ ဆီက တောင် ရ အောင် စားကြသတဲ့...။
ဟင်္သာ ကိုးသောင်း အ ပေါင်းအပါတွေ
ခွဲ ဝေ သောင်းကျန်း ကမ်းကုန်အောင် သရမ်း
တောင် တန်းကို ဖြို သစ်တောမြင် ခုတ်
လယ်ယာမြင် သိမ်း မြစ်ကိုမြင် ရောင်း
ဖြစ်ကြောင်းကုန်စင် ပြောရ ရင်ဖြင့်
လိပ်ပြာ လွင့်မခန်း အငတ် ကြမ်းခဲ့ပုံများ...။
စောလူးမင်း ကလုန်း(Clone)တွေ
နေရာတကာ ထင်ပေါ် ရန်သူ တော်ကို အ ဖေထင်
ပခုံးထမ်းတင် ကယ်တင် ရှင် ကျတော့
အပြစ်မြင် သ ရွေ့ မင်းကျန်စစ် ကို တွေ့မှာ မဟုတ်...။
ငါတို့ ညံ့ခဲ့တယ် ညံ့ခဲ့တယ် ငါတို့တွေ ညံ့နေတယ်
ဒါပေမယ့် ကွယ်... နောက်မျိုးဆက် သစ်ဝယ်
ဒီအညံ့ တွေ မသယ်ဖို့ တို့ တွေ အမြင် မှန်
အပင် သန်မယ့် မျိုးစေ့တွေ
ရှာဖွေ စိုက်ကြပါစို့ကွယ်...။

ခန့်ညီဖေ
 
By :
အရမ်း ကို ထိမိလှပတဲ့ ကဗျာ လေးတစ်ပုဒ်ပါ။

Reference : ပြည်သူ့ ခေတ် ဂျာနယ်
၂၀၁၃ ဇွန်၆ အတွဲ ၃ အမှတ် ၁၄၈
ဆရာ ကောင်းဆက်နိုင် ၏ အံ့သြလွန်းလို့ သေ တော့မယ် ဆောင်းပါးမှ ထုတ်နှုတ် ဖော်ပြပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...