Ads (728x90)

ပက်စ်ဝပ်ခိုးယူသော Firefox-Addon များ ပျံ့နှံ့
==========================

ကျွန်တော် @[100000791330794:2048:PoleStar Minn Minn Aung] ဟာ
မျိုးချစ်မြန်မာ ဟက်ကင်းလေ့လာလူငယ်တွေကို ဒုက္ခပေးခဲ့တဲ့
MMCF ကုလား AungLat တို့ အုပ်စု ပြုလုပ်ဖြန့်ဝေသော
ပက်စ်ဝပ်ခိုးယူသော Firefox-Addon ကို စတင်ဖော်ထုတ်ပေးခဲ့ပါတယ် ...
Post Link > https://www.facebook.com/photo.php?fbid=471432736226433&set=a.277220208981021.59721.100000791330794&type=1

အဲ့ဒီအချိန်ကစပြီး အကောင့်တွေကို ခက်ခက်ခဲခဲ ဟက်နေတာထက် ပက်စ်ဝပ်ခိုးယူတဲ့ အက်အွန်
တွေဖြန့်ဝေပေးတာက ပိုပြီးထိရောက်တာကို သတိပြုမိသွားကြတဲ့ မသမာသူတွေဟာ မသိနား
လည်သေးတဲ့ အင်တာနက်သုံးစွဲသူတွေနဲ့ ဟက်ကာပေါက်စတွေကို SE နည်းနဲ့ ယုံအောင်ပြောလို့
တစ်မျိုး၊ ဘာဘာညာညာ မက်လုံးပေးပြီးတစ်သွယ် (Antikeylogger , သဇင် အပိုင်း(၄) ,
အေသင်ချိုဆွေ ဗီဒီယို စသည်ဖြင့် လူစိတ်ဝင်စားအောင် ဖိုင်နိမ်းပေး) ဖြန့်ဝေသုံးစွဲခိုင်းခဲ့ကြရာက
မျိုးချစ်မြန်မာ ဟက်ကင်းလေ့လာလူငယ်တွေရဲ့ အကောင့်တွေအဟက်ခံခဲ့ရပြီးတော့ အချင်းချင်း
အထင်လွဲ အမြင်လွဲ ခိုက်ရန်ဖြစ် သွေးကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ကြပါတယ် ...

ပက်စ်ဝပ်ခိုးအက်အွန်ကို ဖော်ထုတ်ချိန်ခဏသာ ငြိမ်သွားပြီး နောက်ပိုင်းမှာ အခြားအမည်တွေနဲ့
ဆက်လက်ဖြန့်ဖြူးကြပြီး ယုံအောင်ပြောလို့ သုံးစွဲခိုင်းခဲ့ကြပါတယ် ... ကောင်းမယ်ထင်တာလေး
တွေတွေ့ရင် ကိုယ့်ဘလော့ဂ်မှာ ရှယ်တတ်ကြတဲ့ ဘလော့ဂါအချို့ကြောင့်လည်း ပိုမိုပျံ့နှံ့မှုတွေ
ဖြစ်လာခဲ့ပါတယ် ... ဆိုဒ်တစ်ခုမှ YouTube ဗီဒီယိုတွေကို မထစ်အောင်ပြုလုပ်ပေးသည့်
အက်အွန် ပက်စ်ဝပ်သူခိုးကီးလော့ဂျာ ဖြန့်ဝေမှုကိုလည်း သိရှိဖော်ထုတ်ပေးခဲ့ရပြန်ပါတယ် ...
Post Link > https://www.facebook.com/permalink.php?story_fbid=580119112000222&id=578412068837593

အခုတလောအတွင်းမှာလည်း ပက်စ်ဝပ်ခိုးယူတဲ့ ဖိုင်းယားဖောက်စ်အက်အွန်များ ပျံ့နှံ့လျက်
အကောင့်တွေ အဟက်ခံ အပါခံနေကြရပါတယ် ... ဒါ့ကြောင့် အင်တာနက် သုံးစွဲသူများအနေနဲ့
ဖိုင်းယားဖောက်စ်အက်အွန်တွေကို သတိပြုသုံးစွဲကြပါရန်၊ ယုံကြည်အောင်ပြောပြီး သုံးစွဲရန်ပေး
လာတဲ့ အက်အွန်တွေကိုလည်း ဆင်ခြင်သုံးစွဲကြပါရန်၊ မသင်္ကာလျှင် မသုံးဘဲ နားလည်ကျွမ်းကျင်
သူများအား အသိပေးကြပါရန်၊ အင်တာနက်ဆိုင်တွင် သုံးစွဲသူများအနေနဲ့ ဖိုင်းယားဖောက်စ်ကို
မသုံးမီ Tools > Add-on မှ မသင်္ကာသည့် အက်အွန်တွေကို ဒစ်ဆေဗယ်လုပ်ပြီးမှ သုံးစွဲကြပါရန်
အသိပေး တင်ပြလိုက်ရပါတယ် ...

အခု သိရှိရမိထားတဲ့ ပက်စ်ဝပ်ခိုးယူတဲ့ ဖိုင်းယားဖောက်အက်အွန်ကအမည်ကတော့ ...
Good Connection for pc.xpi ဖြစ်ပါတယ် ...
(ကွန်နက်ရှင်းမကောင်းတဲ့လူတွေအတွက် ကွန်နက်ရှင်းကောင်းစေမယ့်အက်အွန် ဆိုပဲ)
ဒေါင်းလုထ်လင့်ခ်က
https://dl.dropboxusercontent.com/s/u9mjwcixne9dbjh/Good%20Connection%20for%20pc.xpi
ခိုးယူထားတဲ့ ပက်စ်ဝပ်တွေကို သိမ်းထားတဲ့ နေရာက
http://0zawzawaung.0fees.net/addon/testlogger.txt ( z ရှေ့က 0 ကို ဖြုတ်ပါ )

ဒါ့ကြောင့် ယခုရက်ပိုင်း အကောင့်အဟက်ခံထားရသူတွေအနေနဲ့ အဲ့ဒီအမည်ပါ အက်အွန်သုံးစွဲ
ထားမိပါက ဖြုတ်ပယ်ထားကြဖို့၊ အကောင့်ပါသွားလို့ ပြန်ဆယ်မယ့်သူများကလည်း အဲ့ဒီအက်အွန်
ကို အရင်ဖြုတ်ပယ်ပြီးမှ ပြန်ဆယ်ကြဖို့ အဲ့ဒီအမည်နဲ့ တစ်ယောက်ယောက်က အက်အွန်ပေးလာ
ခဲ့ရင် ဒါမှမဟုတ် ဆိုဒ်တစ်ခု ဘလော့ဂ်တစ်ခုက တွေ့ရှိခဲ့ရင် သုံးစွဲခြင်းမပြုကြဖို့ အသိပေးတင်ပြ
လိုက်ပါတယ် ...

Thz2 > @[100004804567777:2048:Phøêñïx Äçê]

==========================

ကျွန်တော် PoleStar Minn Minn Aung ဟာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...