မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင် တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။
ကြိုဆိုရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သွားစဉ်မှာ တားမြစ်ခံရတာဖြစ်ကြောင်း ဒေသခံ မသင်းသင်း က RFAကို ပြောပါတယ်။
"သမ္မတကြီး ကျန်းမာပါစေ၊ချမ်းသာပါစေဆိုတဲ့ စာရွက်နဲ့ကြိုဆိုဖို့လာတာကို ရဲတွေက အတင်းနှင်လွှတ်တာပဲ၊ဖုန်းလာတော့
ကြိုဆိုဖို့ သွားရောက်သူတွေကို တံခွန်တိုင်အဝိုင်းနားအရောက်မှာ
ဒါ့အပြင် ကြိုဆိုသူတွေကို ILOနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) ရုံးခန်းအတွင်း ထိန်းသိမ်းထားခဲ့ရာမှာ သမ္မတ မန္တလေးက ပြန်သွားတဲ့အချိန်ထိ ဖြစ်တယ်လို့ မသင်းသင်း က ပြောပါတယ်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ သမ၀ါယမအသင်းအဖွဲ့တွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး အမရပူရမြို့မှာရှိတဲ့ ဆောင်းဒါးယက္ကန်းကျောင်းနဲ့ ပြည်ကြီးတံခွန် နို့ချက်စက်ရုံတွေကို သွား ရောက် ကြည့်ရှုခဲ့ပါတယ်။
နေအိမ်ဖျက်ဆီးခံရသူတွေကို သမ္မတခရီးစဉ်အပေါ် ကြိုဆိုခွင့်မပြုတာဟာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်မလာအောင် တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့ မြို့နယ်တာဝန်ရှိ သူတွေက ပြောဆိုကြောင်း သိရပါတယ်။
RFA Burmese
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။