သံဃာတော်(၅)ပါးကို တရားရုံးအတွင်း ညစ်နွမ်းစွာ ပြောဆိုခဲ့ခြင်းအား ပြန်လည်တောင်းပန်ပွဲ ကို မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း (နာယကဆရာတော်ဦးဝီရသူကျောင်း )မှာ ယနေ့ညနေ (၅) နာရီ (၃၀)မိနစ်အချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်းတိုက်နေ ဦးသုစိတ္တပါ သံဃာ တော်(၅)ပါး က (၁၅-၈-၂၀၁၂)နေ့က အောင်မြေသာစံမြို့နယ် တရားရုံးမှာ အစ္စလာမ်ဘာသာဝင် ဦးဇော်မျိုးအောင် ရဲ့ ရုံးချိန်းအား သွားရောက်ခဲ့ရာတွင် အဆိုပါအမှုကို တရားလိုအဖြစ် အမှုဖွင့်ထားတဲ့ အစ္စလာမ်ဘာသာဝင် ကိုနေ၀င်း နဲ့ ကိုစန်းမောင် တို့က သံဃာတော်တို့အား ဆဲဆိုခြင်းများ ပြုလုပ်ခဲ့တဲ့ အတွက် ပြန်လည် တောင်းပန်ပွဲ ကျင်းပတာ ဖြစ်ပါတယ် ။
အဆိုပါ တောင်းပန်ပွဲတွင် ယခင် အမှုဖွင့် အရေးယူထားတဲ့ ဦးဇော်မျိုးအောင် တို့ကို လည်း အမှုလုံးဝ ရုတ်သိမ်းကြောင်း ဂတိပြုခဲ့ပြီး နောက်ကို အခုကဲ့သို့ ဆဲဆိုမှုမျိုး လုံးဝ မပြုလုပ်တော့ပါကြောင်း တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
ပိုင်လင်းအောင်
By :
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။