Ads (728x90)




မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့  မနေ့ က ၀ါရှင်တန်ဒီစီ ရှိ သမ္မတအိမ်ဖြူတော်မှာ တွေ့ ဆုံကြသည် ။ ယင်းသို့ တွေ့ ဆုံရာတွင် ရှေးဦးစွာ ဘားရက်အိုဘားမားက နုတ်ခွန်းဆက်စကားကို ပြောသည် ။ ဤကဲ့ သို့ တွေ့ ဆုံချိန်တွင် သမ္မတဘားရက်အိုဘားမား၏ ထူးခြားသော စကားဝေါဟာရ အသုံးအနုံးများကို လေ့လာကြည့်သည် ။ အမေရိကန်ပြည်ထောင်စု၏ သမ္မတဆိုသည်မှာ နိုင်ငံတကာအစိုးရနှင့်ဖြဟ်စေ မိမိတို့  ပြည်သူတရပ်လုံးသို့  ဖြစ်စေ တိုက်ရိုက်မိန့် ခွန်း ပြောရလျှင် ကြိုတင်ပြောဆိုမှုများစွာ ပြုလုပ်ရသည် ။ အတိမ်းအစောင်းမခံနိုင်သော နိုင်ငံတကာ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ပေါ်လီစီများကို ပြေဆိာုသောအခါ ပို၍ သတိထားပြောဆိုကြသည်ကို တွေ့ ရသည် ။ ယခုလည်း အမေရိကပြည်ထောင်စုသို့  ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံစဉ်တွင် ထူးခြားသောဝေါဟာရများပါသည့် စကားလုံးများကို ထည့်သွင်းပြောဆိုပြီး နှစ်နိုင်ငံ ကြေညာချက်ကို ထုတ်ပြန်သည်ကို တွေ့ မြင်ရသည် ။
အမေရိကပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ပြောဆိုရာ၌ ( မြန်မာနိုင်ငံ ) ဆိုသော စကားလုံးဝေါဟာရကို ခေါင်းစဉ်ကစ၍ ထည့်ရေတွက်ရလျှင် အကြိမ်ပေါင်း-( ၁၆ ) ကြိမ်မျှ ထည့်သွင်းပြောဆိုသွားသည်ကို တွေ့ ရသည် ။ မြန်မာသမ္မတ ဦးသိန်းစိန်ကမူ ( မြန်မာနိုင်ငံ ) စကားလုံးဝေါဟာရကို ( ၄ ) ကြိမ်မျှသာ ထည့်သွင်းပြောဆိုသွားသည်ကို တွေ့ ရသည် ။ သမ္မတဘားရက်အိုဘားမားက မြန်မာနိုင်ငံရှိ မူဆလင်လူမျိုးစုများအား လူ့ အခွင့်အရေးချိုးဖေါက်မှုများနှင့် ပါတ်သက်၍ ပြောဆိုသွားသည်မှာ လွန်စွာ ထူးခြားသော ဝေါဟာရစကားလုံးဖြစ်သည် ။ လွန်ခဲ့ သော နှစ်က မြန်မာနိုင်ငံသို့  သမ္မတဘားရက်အိုဘားမား လာရောက်ခဲ့ စဉ်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး မပါသော သမိုင်းလိမ်လူမျိုးနာမည်ကို ထည့်သွင်းပြောဆိုခဲ့ ၍ မြန်မာနိုင်ငံတ၀ှမ်းလုံးမှ ကန့် ကွက်ခဲ့ ကြသည် ။
ယခုမူ သမ္မတ ဘားရက်အိုဘားမားသည် ၄င်းအသုံးအနုံးကို မသုံးစွဲဘဲ ( မြန်မာနိုင်ငံမှ မူဆလင် လူမျိုး ) ဟု ထည့်သွင်းပြောဆိုသွားရာ ဤအချက်မှာ အမေရိကပြည်ထောင်စုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတို့ ၏ ဆန္ဒသဘောထားကို လေားစားသွားပြီဖြစ်ကြောင်း သိသာနိုင်သည် ။ ယင်းအချက်သည်ပင် ကျွန်တော်တို့ ၏ အောင်ပွဲတခုဖြစ်သည်ဟု ပြောနိုင်သည် ။ အကယ်၍ ယင်းကဲ့ သို့  မဟုတ်ဘဲ အမေရိကပြည်ထောင်စု သမ္မတက သူ့ အိမ်ဖြူတော်မှာ သူပြောချင်ရာကို ပြော၍ ရနိုင်သောလည်း နိုင်ငံတနိုင်ငံ၏ သမ္မတတဦးကို လေးစားသောအားဖြင့် မပြောမဆိုခဲ့ ရခြင်းမှာ အမှန်စင်စစ် ပြည်သူတရပ်လုံး၏ အောင်ပွဲပင်ဖြစ်သည်ဟု ပြောရုံသာရှိသည် ။
သမ္မတဘားရက်အိုဘားမားက တိုင်းရင်းသားလူမျိုးစုပြသနာများကို ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပြောဆိုသွားသည်ကို တွေ့ ရသည် ။ သမ္မတဘားရက်အိုဘားမားနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့  တွေ့ ဆုံချိန် တောက်လျှောက်တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ဆန္ဒပြနေကြရာ၌လည်း ကချင်လူမျိုးများက ပါရှိနေသလို ဆန္ဒပြတောင်းဆိုနေသူများကလည်း တိုင်းရင်းသားလူမျိုးများ ပြည်နယ်၌ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းစေဖို့  တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည် ။ တိုင်းရင်းသားနယ်မြေများ ငြိမ်းချမ်းမှ စီးပွားရေးကလည်း ရှင်သန်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း သမ္မတဘားရက်အိုဘားမားက ထည့်သွင်းပြောဆိုသွားသည် ။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လည်း တောင်းဆိုသည်ကို တွေ့ ရသည် ။ နောက်တချက်မှာ အာဆီယံအဖွဲ့ အစည်းတွင် ဥက္ကဋ္ဌအဖြစ် ပါဝင်လာမည်ကို ထောက်ခံကြောင်း ပြောဆိုသွားသည် ။
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ပြောဆိုရာ၌ မြန်မာနိုင်ငံသည်-၂-နှစ်သားသာ ရှိသေးရာ ဒီမိုကရေစီအလေ့အကျင့်များ နုနယ်သေးသည်ဟု ပြောဆိုသွားသည် ။ သမ္မတ ဘားရက်အိုဘားမား တောင်းဆိုသလို နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုခြင်း မရှိခဲ့ ချေ ။ ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်အောင် မြန်မာနိုင်ငံသစ်ကို ကူညီထောက်ပံ့ပေးရန် ပြောဆိုသွားသည်ကို တွေ့ ရသည် ။ ရန်ကုန်နှင့် မန္တလေးကားလမ်းကို အမေရိကပြည်ထောင်စုမှ လမ်းပြုလုပ်ပေးမည်ဆိုသော စကားကို ပြောဆိုသွားခဲ့ ပြီး သမ္မတဦးသိန်းစိန်ကမူ မြန်မာနိုင်ငံ၏ နုနယ်လှသော ဒီမိုကရေစီနိုင်ငံ တနိုင်ငံတွင် အခက်အခဲများရှိနေသေးကြာင်း ပြောဆိုသွားသည်ကို တွေ့ ရသည် ။
မည်သို့ ပင် ဆိုစေ အမေရိကပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံတွင် သမိုင်းလိမ် ကုလားလူမျိုးတို့ အား တိတိကျကျ ထုတ်ဖေါ် ပြောဆိုသွားခြင်းမရှိဘဲ မြန်မာနိုင်ငံအစိုးရ၏ ကြေညာထားချက်အတိုင်း ပြောဆိုသွားသည်ကိုပင် အထူးကျေးဇူးတင်ရမည်ဖြစ်သည် ။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံအမည်ကို အကြိမ်ပေါင်း ( ၁၆ ) ကြိမ်မျှ ထုတ်ဖေါ်ကြေညာချက်ကိုလည်း အထူးကျေနပ်ရလိမ့်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )
By :
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...