(မြန်မာပြည်သူများအတွက် သတင်းကောင်း)
============================== ===============
ဝါရှင်တန်ကို ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီးဟာ အမေရိကန် သမ္မတ အိုဘားမား သာမက လွှတ်တော် တာဝန်ရှိသူတွေ၊ စီးပွားရေး အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးဟာ သမ္မတအိုဘားမား နဲ့ တွေ့ဆုံအပြီး နောက်တစ်ရက်မှာပဲ ကွန်ဂရက်လွှတ်တော်ကို သွားရောက်ပြီး၊ အထက်လွှတ်တော်နဲ့ အောက် လွှတ်တော် (၂)ရပ်စလုံးက ထိပ်တန်းလွှတ်တော်အမတ်တွေနဲ့ ၀ါရှင်တန်စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဂျွန် မက်ကိန်း (John McCain), မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့သလို အောက်လွှတ်တော်ကလည်း ဒီမိုကရက်ခေါင်းဆောင် နန်စီပယ်လိုစီ စတဲ့ သြဇာကြီးမားတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမှုအပြီးမှာ အထက်လွှတ်တော် ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မက်ကောနဲလ်ကို CBS News က မေးမြန်းခဲ့ရာမှာ
" မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆောင်ရွက်ခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းချက်တွေဟာ လက်ရှိ ပိတ်ပင် ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ လုံလောက်နေပြီ၊ ဖယ်ရှားပေးသင့်နေပြီ ဖြစ်တဲ့ အကြောင်း၊ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း"
ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ဆီနိတ်တာမက်ကောနဲလ်ဟာ ဆီနိတ်တာဂျွန်မက်ကိန်းနဲ့ အတူ ဆီးနိတ်မှာ မြန်မာ့အရေး တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီးတော့ မြန်မာနိုင်ငံကိုလည်း ကိုယ်တိုင် လာရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများအတွက် ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးတော့မယ် လို့ အတိအလင်း ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ထားရှိရာမှာ ကွန်ဂရက်က ပြဌာန်းတဲ့ ဥပဒေတွေဟာ အဓိက ဖြစ်နေပါတယ်။ ဥပဒေများ ဖြစ်နေတဲ့အတွက်ကြောင့်လည်း ပြင်ဆင်ခွင့်၊ ဖျက်သိမ်းခွင့် ဟာလည်း ကွန်ဂရက်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက် ခုလို ထုတ်ဖော်ပြောကြားလာခြင်းဟာ ဥပဒေပြုလွှတ်တော်အမတ်တွေအနေနဲကလည်း
မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အပြု သဘော ထောက်ခံမှု၊
ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်သွားတော့မယ် ဆိုတဲ့ အခြေအနေသစ်ကို ရောက်ရှိလာတာ
ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။
------------------------------ ------------------------------ ---------------------------
View Original Source : http://www.washingtonpost.com/ sen-mcconnell-lift-sanctions-on -burma/2013/05/21/ 667d572c-c26a-11e2-9642-a56177f 1cdf7_video.html
Hmuu Zaw
ဝါရှင်တန်ကို ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီးဟာ အမေရိကန် သမ္မတ အိုဘားမား သာမက လွှတ်တော် တာဝန်ရှိသူတွေ၊ စီးပွားရေး အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးဟာ သမ္မတအိုဘားမား နဲ့ တွေ့ဆုံအပြီး နောက်တစ်ရက်မှာပဲ ကွန်ဂရက်လွှတ်တော်ကို သွားရောက်ပြီး၊ အထက်လွှတ်တော်နဲ့ အောက် လွှတ်တော် (၂)ရပ်စလုံးက ထိပ်တန်းလွှတ်တော်အမတ်တွေနဲ့ ၀ါရှင်တန်စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဂျွန် မက်ကိန်း (John McCain), မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့သလို အောက်လွှတ်တော်ကလည်း ဒီမိုကရက်ခေါင်းဆောင် နန်စီပယ်လိုစီ စတဲ့ သြဇာကြီးမားတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမှုအပြီးမှာ အထက်လွှတ်တော် ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မက်ကောနဲလ်ကို CBS News က မေးမြန်းခဲ့ရာမှာ
" မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆောင်ရွက်ခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းချက်တွေဟာ လက်ရှိ ပိတ်ပင် ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ လုံလောက်နေပြီ၊ ဖယ်ရှားပေးသင့်နေပြီ ဖြစ်တဲ့ အကြောင်း၊ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း"
ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ဆီနိတ်တာမက်ကောနဲလ်ဟာ ဆီနိတ်တာဂျွန်မက်ကိန်းနဲ့ အတူ ဆီးနိတ်မှာ မြန်မာ့အရေး တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီးတော့ မြန်မာနိုင်ငံကိုလည်း ကိုယ်တိုင် လာရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများအတွက် ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးတော့မယ် လို့ အတိအလင်း ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ထားရှိရာမှာ ကွန်ဂရက်က ပြဌာန်းတဲ့ ဥပဒေတွေဟာ အဓိက ဖြစ်နေပါတယ်။ ဥပဒေများ ဖြစ်နေတဲ့အတွက်ကြောင့်လည်း ပြင်ဆင်ခွင့်၊ ဖျက်သိမ်းခွင့် ဟာလည်း ကွန်ဂရက်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက် ခုလို ထုတ်ဖော်ပြောကြားလာခြင်းဟာ ဥပဒေပြုလွှတ်တော်အမတ်တွေအနေနဲကလည
------------------------------
View Original Source : http://www.washingtonpost.com/
Hmuu Zaw
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။