Ads (728x90)



  • ===========================================
    မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရ အာဏာရယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခပြဿနာသည် အရေးကြီးသော အခန်းကဏ္ဍ အဖြစ် ပေါ်ထွက်လာခဲ့သည်။ထို့ကြောင့်ပင် အရပ်သားအစိုးရမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အခြေအနေ တည်ဆောက်နိုင်ရန် ဆွေးနွေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယနေ့အချိန်အထိ ပြဿနာမီးခဲသည် အစိုင်အခဲ တည်ရှိ နေတုန်းပင် ဖြစ်၏။ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ရန်အတွက် တိုင်းရင်းသားများ၏ သဘောထားသည် မည်ကဲ့သို့ ရှိသနည်း။ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်သည် အဘယ်ကြောင့် အပြည့်အဝ အောင်မြင်မှု မရရှိသနည်း။ ယင်းအချက်များနှင့် ပတ်သက်၍ အားလုံးကိုခြုံငုံနိုင်မည် မဟုတ်သော်လည်း တစ်စုံတစ်ရာ သဘောထားတစ်ခု သိရှိနိုင်ရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

    စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ဖြစ်ဖို့ အတွက် လိုအပ်ချက်တွေနဲ့ပတ်သက် ပြီး အန်ကယ်တို့ တိုင်းရင်းသားတွေဘက်က အမြင်က ဘာဖြစ်မလဲ ခင်ဗျ။

    ကျွန်တော် ထင်တာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ သွားချင်တယ်ဆို ရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ လည်း ပါလာအောင်ဆို ပီပြင်တဲ့ အခြေ ခံဥပဒေ မရှိသေးသရွေ့တော့ စစ်မှန်တဲ့ ဒီမိုကရေစီ မဖြစ်နိုင်ဘူး ထင်တာပဲ လေ။

    ပြည့်စုံအောင် ရှင်းပြပေးပါဦးခင်ဗျ။

    ဘာကြောင့်လဲဆိုရင် ကျွန်တော် တို့လည်း ဒီ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ကို ကျောခိုင်းပြီး ထွက်ခဲ့တာပဲ။ ပြင်၏ မပြင်၏ဆိုတာ ပြောဖို့တော့ စောပါ သေးတယ်။ ဒါပေမဲ့ အရင်က ကံကြမ္မာ မျိုး ကျွန်တော်တို့လည်း မကြုံချင်ဘူး။ ရှောရှောရှူရှူထဲ ပါသွားချင်တယ်။ မပြင်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ လည်း ရွေးစရာ လမ်းမရှိတော့ဘူးပေါ့ ဗျာ။ အခြေခံဥပဒေက ပြီးပြည့်စုံမှသာ လျှင် အဲဒီရဲ့ အရိပ်အာဝါသအောက်မှာ အားလုံးတစ်ပြေးညီ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်ခံမယ်လေ။ ဥပမာ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့် ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်တို့၊ ကိုယ်ရွေး ချယ်တဲ့ အစိုးရ ကိုယ့်ပြန်အုပ်ချုပ်တာ တို့၊ အဲဒီလို မဟုတ်ဘဲ ခန့်လိုက်တဲ့ ဝန် ကြီးချုပ်က ရှမ်းပြည်အကြောင်း ဘာမှ မသိဘူးဆိုရင် မဖြစ်ဘူးလေ။ တိုင်းရင်း သားတွေအကြောင်းက သိဦးမှလည်း ရ မှာကိုး။ ရှမ်းဘောင်းဘီ၊ ရှမ်းအင်္ကျီ ဝတ် လိုက်ပြီဆိုရုံနဲ့ မဖြစ်ဘူးလေ။ ဒီခေတ်က ကုန်သွားပြီ။ ဒါကြောင့် ပီပြင်တဲ့ အခြေ ခံဥပဒေပြင်မှ စစ်မှန်တဲ့ ဒီမိုကရေစီကို တက်လှမ်းနိုင်မှာ။ အခြေခံဥပဒေက မပြည့်မစုံနဲ့ တအုံနွေးနွေး ဖြစ်နေရင် ဘယ်လိုလုပ်မှာလဲ။ ဒီအခြေခံဥပဒေ ကြောင့်ပဲ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ မပြီးနိုင် ဖြစ်နေကြတာပဲလေ။ အလင်းဝင်တာ ၁၄ ဖွဲ့ ပြောမလား။ ငြိမ်းချမ်းရေးယူတာ ၁၃ ဖွဲ့ပြောမလား။ အခုစကားပြောနေ တာ ၁၁ ဖွဲ့၊ ကြိုးကြားကြိုးကြား အဖွဲ့တွေတက် (အလင်းဝင်) လာသေး တယ်။ ကေအိုင်အေ၊ UWSA နဲ့က (ငြိမ်းချမ်းရေး) မယူရသေးဘူး။ ငြိမ်း ချမ်းရေးယူထားတဲ့ အဖွဲ့အချို့လည်း တိုက်နေသေးတယ်။ သွားကြည့်ပါ။ အခြေအနေ သိပ်တင်းမာနေတာ။

    ဖြစ်နေတဲ့ ပြဿနာတွေက အခြေခံဥပ ဒေနဲ့ ဆက်စပ်တယ်ဆိုရင် တိုင်းရင်း သားတွေဘက်က ဘယ်လို အားစိုက် ထုတ်မှုတွေ လိုမလဲ။ အစိုးရပိုင်းတစ်ခု တည်းမဟုတ်ဘဲပေါ့။

    ဒါကလည်း စစ်မှန်တဲ့ ဒီမိုကရေစီ ရောက်ဖို့ဆိုတာ အများကြီး လိုပါသေး တယ်။ ဒီ ပြဿနာတွေ ဆိုတာလည်း စစ်မှန်တဲ့ ဒီမိုကရေစီသွားတဲ့ လမ်း ကြောင်းမှာ တွေ့ရမယ့် ပြဿနာတွေ၊ ခလုတ်ကန်သင်းတွေပေါ့ဗျာ။ ဥပမာ မကြာမီ သန်းခေါင်စာရင်း ကောက် တော့မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ‘ဝ’ ပြည်ထဲကို ဝင်လို့ရမှ မရသေးတာ။ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေထဲကို ဝင်လို့မှ မရသေးတာ။ ခုလို အခြေအနေ မျိုး (တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကိုဆိုလိုခြင်းဖြစ်) ဆိုရင်လည်း သူတို့က ပေးဝင်မှာ မဟုတ်ဘူး။ အဲဒီလိုဆို ဘာဖြစ်သွားမလဲ။ နိုင်ငံမဲ့ ဖြစ်သွားမှာ ပေါ့။ ကေအိုင်အေ ဆိုရင်လည်း မအေး ချမ်းလို့ မဝင်ဘူးဆိုရင် ကေအိုင်အေ အုပ်ချုပ်မှုနယ်မြေအောက်မှာရှိတဲ့ လူတွေလည်း နယ်မြေမဲ့ ဖြစ်ကုန်တော့ မှာပေါ့။ အဲဒီလိုဆို အရှေ့ဘက်နဲ့ ပေါင်း သွားရင် ဘယ်လိုဖြစ်မလဲ။ တွန်းပို့သလို ဖြစ်မနေဘူးလား။ တစ်ဖက်သတ် ရွေးကောက်ပွဲ လုပ်မယ်။ အချိုးကျစနစ် လုပ်မယ်။ တိုင်းပြည်အတွက် ဒါတွေ လိုသေးလို့လား။ ဒီအရင်ပြဿနာတွေ မရှင်းတော့ဘူးလား။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘယ်လောက်ခံစား နေရလဲ လာကြည့်လှည့်ပါဦး။ တိုင်းပြည် မှာ ဒါကို ဘယ်လို စည်းစည်းလုံးလုံး ဖြေရှင်းမှာလဲ။ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုရအောင် ဘယ်လို လုပ်ကြ မလဲ တဖွဖွ ပြောနေတာပဲ။ အာဏာ ပေးပါ၊ လုပ်ချင်ပါတယ် ပြောနေတာမှ မဟုတ်တာ။ ဖက်ဒရယ် ပြည်ထောင်စု ထောင်ဖို့နဲ့ တန်းတူညီမျှစွာ ပေါင်းမယ်။ မရမချင်းကတော့ ၂ဝ၁၅ ခုနှစ်မှာ (ရွေးကောက်ပွဲ) လုပ်လည်း မပြီးသေးတဲ့ ပြဿနာတွေ ရင်ဆိုင်ရဦးမှာပဲ။

    ရွေးကောက်ပွဲထက် တိုင်းရင်းသား ပြဿနာတွေ ဖြေရှင်းဖို့က ပိုအရေးကြီး တယ်လို့ ဆိုတာလား။

    ရွေးကောက်ပွဲက အဓိက မဟုတ် ပါဘူး။ တိုင်းရင်းသားပြဿနာတွေ ရှင်း ပေးပါဦး။ အရင်တုန်းကတည်းက ကျွန် တော် ဒါကို ပြောခဲ့ပါတယ်။ တိုင်းပြည် မှာ ဒီလောက်ဖြစ်နေတာကို မရှင်းဘဲ ရွေးကောက်ပွဲ စွတ်လုပ်ရင် ဖြစ်ပါ့ မလား။ ဒါအရင်တုန်းကတည်းက ကျွန် တော် ပြောခဲ့တာ။ ကျွန်းတစ်ကျွန်းထဲမှာ ဖြစ်ပြီး ပင်လယ်ဝိုင်းနေတဲ့ တိုင်းပြည်ဆို ဟုတ်သေးရဲ့။ အခုက နယ်မြေထိစပ်နေ တဲ့ ဟာတွေက အရှေ့ရော၊ အနောက် ရော လူဦးရေကြီးမားတဲ့သူ။ ဘယ်လို လုပ်မှာလဲ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်ချင်တယ်ဆိုရင် တိုင်းရင်း သားအရေးတော့ ရှင်းပေးပါဦး။ တိုင်း ရင်းသားတွေ ဘာဖြစ်နေတယ်ဆိုတာ လှည့်ကြည့်လိုက်ပါဦး။ ဒီမိုကရေစီတစ် ဖက်က ထောင်ထားပြီး တိုင်းပြည်က ဖရိုဖရဲ ဖြစ်နေရင် ဘာလုပ်မလဲ။ စည်း လုံးညီညွတ်မှုလည်း လုပ်လို့မရ။ ငြိမ်း ချမ်းရေးလည်း အစိုးရက တစ်ဖက်က လုပ်နေတယ်။ တစ်ဖက်က တိုက်နေ တယ်။ ဘယ်လိုလုပ်မလဲ။ ဒီတိုက်ပွဲတွေ က အစိုးရအပေါ်မှာ တိုင်းရင်းသားတွေ ဘက်က ယုံကြည်မှု နည်းစေတယ်။ အခု (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ) အဖွဲ့တွေ လက်နက် ကို ကျစ်ကျစ်ပါအောင် ကိုင်ထားတယ် ဆိုတာ ဒါပဲလေ။

    ဒါကတော့ အပေါ်ပိုင်းပြဿနာ ဖြစ်နေ တာပေါ့လေ။ တကယ်တမ်း အောက်ခြေ တိုင်းရင်းသားလူထုရဲ့ အနေအထားက ရော လက်ရှိအခြေအနေမှာ ဘယ်လို သုံးသပ်မိထားလဲ။

    အခု လက်ရှိအနေအထားက ခင် ဗျားမေးလို့ ဖြေရမှာပဲ။ လွှတ်တော်ထဲမှာ ရှိတဲ့ တိုင်းရင်းသားက တစ်ဖွဲ့၊ လွှတ် တော်ပြင်ပ တိုင်းရင်းသားကတစ်ဖွဲ့ဆိုပြီး ဖြစ်သွားပြီ။ အဲဒီလမ်းကြောင်းကို ဆိုက်နေပြီ။ တိုင်းရင်းသားအရေးက လွှတ်တော်ထဲမှာလည်း ပြောတဲ့သူ မရှိဘူး။ အပြင်ဘက်ကပဲ ပြောနေတာပဲ။ လွှတ်တော် တက်သွားတဲ့သူတွေက လွှတ်တော်ထဲမှာ ထောက်ခံမှု မရှိရင် ပြောခွင့်မရဘူး ဆို ဘယ်လို လုပ်မှာလဲ။ ဒီဟာက ခေါက်ရိုးကျိုးနေပြီ။ ဒီမူဒီ ဘောင် အတိုင်းသွားရင်တော့ မဖြစ်ဘူး။ ဒါကြောင့် ဒီပြဿနာရဲ့ ဇာစ်မြစ်က အခြေခံဥပဒေပဲလို့ ပြောတာပေါ့။ အခြေခံဥပဒေက မျှတတယ်။ အခြေခံ ဥပဒေက လက်ခံတယ်ဆိုရင် ဘာမှ လက်နက်ကိုင်စရာ အကြောင်းမရှိဘူး လေ။ တိုင်းရင်းသားအများ လက်ခံနိုင် တဲ့ အခြေခံဥပဒေကို မဖော်ဆောင် သေးသရွေ့ ပြဿနာက ပြေလည်မှာ မဟုတ်ဘူး။ အခြေခံဥပဒေပေါ်မှာ သဘောထားကွဲလွဲပြီး တိုင်းရင်းသားတွေ လည်း ကွဲကြဦးမှာပဲ။ အောက်ခြေဖြစ် ဖြစ် အပေါ်မှာဖြစ်ဖြစ် ဒီအတိုင်းပဲ ဖြစ် နေတာပဲ။ လူထုဆန္ဒ ဘာရှိတယ်။ လက် နက်ကိုင်တပ်ဖွဲ့တွေ ဘာဖြစ်ချင်တယ် ဆိုတာ သိနေတာပဲ။ ဘယ်လိုမှ ခွဲခြား လို့ မရတော့ဘူး။ အပေါ်နဲ့အောက်နဲ့ ဟိုတိုင်းရင်းသား၊ ဒီတိုင်းရင်းသား ခွဲခြားလို့ မရတော့ဘူး။

    ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဘယ်လိုမြင်လဲ။

    အခုလုပ်လာတာ ဘယ်လောက် ကြာပြီလဲ။ ရှမ်း၊ ကယား အခုဆိုရင် မွန် ပဲနည်းနည်း အခြေအနေကောင်းလာ တယ်။ ကရင်ဆိုလည်း ခင်ဗျား စဉ်းစား ကြည့်ဦး။ အဝေးကြီး
    လိုသေးတယ်။ ရခိုင်ဆိုရင် ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကချင်ဘက်ကလည်း မပြီးသေးဘူး။ဆွေးနွေးပွဲ မပြီးပြတ်တဲ့ကိစ္စ ဘယ်လိုပြဿနာကြောင့်လို့ ထင်လဲ ခင် ဗျ။ ဆွေးနွေးနေပေမယ့် အခုက တိုက် ပွဲတွေ ဆက်ဖြစ်နေတာဆိုတော့။ဒါက အခြေခံဥပဒေ ပြဿနာ လည်း ပါတာပေါ့ဗျာ။ နောက်တစ်ခုက စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်သင့် တယ်။ တို့တိတို့တိ မဟုတ်ဘဲ နိုင်ငံရေး အရ အကုန်လုံးပြီးပြည့်စုံအောင် ပါနိုင် ရင် ပိုမြန်သွားမယ် ထင်တယ်။

    ငြိမ်းချမ်းရေးဆွေးနွေးမှုမှာရော ဒေါ် အောင်ဆန်းစုကြည် အခန်းကဏ္ဍ လိုအပ်မယ်ထင်လားခင်ဗျ။

    အဲဒါတော့ ကျွန်တော် သိပ်မဝေ ဖန်ချင်ဘူးဗျာ။

    သူ(ဒေါ်အောင်ဆန်းစုကြည်) ပါဝင်သင့် တယ်ရော မထင်ဘူးလားခင်ဗျ။

    ဒါကတော့ဗျာ။ လိုမယ်ဆိုလည်း ပါပေါ့။ ကျွန်တော့်အနေနဲ့ကတော့ မသိ ပါဘူး။ ကျွန်တော်ကတော့ တိုင်းရင်း သားတွေအတွက်ပဲ ပြောရမှာပေါ့။ သိပ် ပြောရင်လည်း မကောင်းဘူးဗျ။ ကျွန် တော်ကတော့ တိုင်းရင်းသားအရေးကို တိုင်းရင်းသားတွေပဲ တိုင်းရင်းသား နည်းနဲ့ ဖြေရှင်းချင်တယ်။ ပါတယ် မပါ တယ်ကတော့ ကျွန်တာ် သိပ် မပြောချင် ပါဘူး။အခြေခံဥပဒေ ပြင်ဆင်မှ တိုင်းရင်း သား ပြဿနာအထိုက်အလျောက် ပြေ လည်မယ်ဆိုတော့ ပြင်ဆင်ဖို့က လွှတ် တော်ထဲမှာတင် ဆောင်ရွက်လို့ ပြီးပြတ် မယ်လို့ ယူဆလားခင်ဗျ။လွှတ်တော်နဲ့ မပြီးပါဘူး။ လွှတ် တော်က ဘာမှ မတတ်နိုင်ပါဘူး။ လွှတ် တော်က ဒီမူဘောင်ဆိုတာနဲ့ သွားတဲ့ ကိစ္စ အလုပ်မဖြစ်ဘူး။ အချိန်ကုန်ရုံပဲ။ အားလုံးပါမှ ရမှာ။

    တိုင်းရင်းသားပြဿနာတွေက ၂ဝ၁၅ ခုနှစ် မတိုင်မီ ပြီးပြတ်မယ် ထင်လား ဗျ။

    တကယ်တမ်း စိတ်ပါလက်ပါနဲ့ တည်တည်ကြည်ကြည် ကတိတည် အောင် လုပ်မယ်ဆိုတာတောင် မပြီး လောက်ဘူး ထင်တယ်။ ဆွေးနွေးတဲ့ အဖွဲ့တွေကိုက ကွဲနေတောကို။ ဒါပေမဲ့ ပြီးချင်လည်း သူတို့ပါပဲ။ နောက်ပြီးတော့ ပြီးသွားပြီဆိုပြီး ရွေးကောက်ပွဲပြီးရင် ပြန်စဦး၊ မကျေလည်ရင် ပြန်ချကြဦးနဲ့ ကိုယ့်အမြီးကိုယ် ကိုက်မိတဲ့ခွေးလို လည်နေမှာပဲ သံသရာတော့။ ကံသေကံ မတော့ ပြောလို့ မရပါဘူး။

    ဒါဆို လက်ရှိ ဆွေးနွေးပွဲတွေ၊ နိုင်ငံရေး အရ ဆွေးနွေးမှုပြောင်းပြီး ပိုပွင့်လင်းဖို့ လိုမယ်ဆိုတဲ့ သဘောမျိုးလား။

    ဒါပေါ့၊ နိုင်ငံရေး အရ ဆွေးနွေးရ မယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ပို ပွင့်လင်းရမယ်။ ပါသင့်ပါထိုက်တဲ့ သူတွေ ပါရမယ်။ အခုက မဟုတ်ဘူး။ ကျွန်တော်ထင်တာကတော့ ဂိုဏ်းဂဏ တွေ ဖွဲ့ပြီး တပည့်မွေး၊ ဆရာမွေးဖြစ် ကုန်ပြီ ထင်တယ်။

    ကောင်းပါပြီခင်ဗျ။ တိုင်းရင်းသား ပြဿ နာ ဖြေရှင်းဖို့ ပြေလည်ဖို့ အကြောင်း ရင်းတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြော ချင်တာများ ရှိဦးမလားခင်ဗျ။

    ကျွန်တော်ကတော့ (အခြေခံဥပ ဒေ) အသစ် ပြန်ရေးတာပဲ ရချင်တာပဲ လေ။ ပြင်မယ်ဆို ကဏ္ဍအသီးသီးက ပြင်နေရရင် ဘယ်ပြီးနိုင်တော့မလဲ။ လယ်သမားလည်း လယ်သမားကဏ္ဍ၊ အလုပ်သမားလည်း အလုပ်သမားကဏ္ဍ အများကြီးပဲ။ အသီးသီးက တင်ပြချက် တွေကို ပညာရှင်တွေက စုပေါင်း ပြန် ရေးမှပဲ ရမှာ။ ဟိုတစ်ချက် ဒီတစ်ချက်၊ ဟိုဖာဒီဖာဆိုရင် ပြီးမှာ မဟုတ်တော့ ဘူး။ ကြည့်ကောင်းမှာ မဟုတ်တော့ ဘူး။ အသစ်ပြန်ရေးတာ အကောင်းဆုံး ပဲလေ။

    ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။
    ဥာဏ်လင်းအောင် တွေ့ဆုံ မေးမြန်းသည်....
    ________________________________________
    Popular Myanmar News- 16-5-2013
    Ref: http://popularmyanmar.com/mpaper/2013/05/ရှမ်းတိုင်းရင်းသားများ/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...