Ads (728x90)


( အိုနဗီတမန်တော် )အသင်သည် (ယင်း) မယုံမကြည်သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ် တို့ကို ပြောကြားပါလေ။ “ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ်ပန် မျက်. ..မှောက်ဘ၀ တွင်လည်း မုစ်လင်မ်တို့၏) နိ...ုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့ ။ ၄င်းပြင် ( နောင်တမလွန်ဘ၀တွင်လည်း) ‘ ဂျဟန္နမ်’ ငရဲဘုံနှိုက် စုရုံးစေခြင်း ကို ခံကြရကုန်အံ့ ။ စင်စစ် ထို (ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှစွတကား ”
ကုရ်အာန်အစောင် ၃ ၊ စူရဟ်-၃ ။ စူရာ-အာလေအင်(မ်)ရာန်
၈း၆၅ ။ အိုနဗီတမန်တော် ၊ အသင်သည် “မုအ်မင်မန်” သက်ဝင်ယုံကြည် သူတို့အား စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းငှာ တိုက်တွန်းနှိုးဆော်ပါလေ ။ အကယ်၍ အသင်တို့အနက် စွဲမြဲကြံ့ခိုင်စွာ(တိုက်ခိုက်မည့်) သူ နှစ်ဆယ် ရှိကြပါမူ ၄င်းတို့သည် ( ကာဖိရ်တို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြကုန်အံ့။ ထိုနည်းတူစွာ အကယ်၍ အသင်တို့အနက် ( ကြံ့ခိုင်စွာတိုက်ခိုက်မည့်သူ) တစ်ရာရှိကြလျှင် ၄င်းတို့သည် ကာဖိရ်သွေ ဖည်ငြင်းပယ်သူတို့အနက်မှ (လူ) တစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေ အံ ။ အကြောင်းမူကား ၄င်းတို့သည် (လုံးဝ) နားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင် တည်း ။
မုအ်မင်န် = မုစ်လင်မ် = အလ္လာဟ်ရှင်မြတ်ကို ယုံကြည် နာခံသူ
ကာဖိရ် = သွေဖည်ငြင်းပယ်သူ = အလ္လာဟ်ရှင်မြတ်အမိန့်ကို မနာခံသူ = မုစ်လင်မ်မှအပဖြစ်သူများ
၄၇း၎ ။ ယခုသော် အသင်တို့သည် “ကာဖိရ်”သွေဖည်ငြင်းပယ်သောသူတို့နှင့်ရင်ဆိုင်တွေ့ကြသော အခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန် ။ နောက်ဆုံးတွင် အသင်တို့သည် ၄င်းတို့အား ကောင်းစွာ သတ်ဖြတ် ခဲ့ကြပြီး သော အခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာတုပ်နှောင်ကြလေကုန် ။

ထို့နောက်တဖန် ( အသင် တို့ သည် )ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို) သော်လည်း ကောင်း၊လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊(ပြုနိုင်ခွင့်ရှိ၏) စစ်မက် တိုက် ခိုက်မှု သည် လက်နက်ချသည့် တိုင်အောင် ( ၄င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည် ) ဤအတိုင်းဖြစ်၏ ။
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင် ( စစ်မက်တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်းပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၄င်းတို့အား လက်စားချေအပြစ်ပေးတော်မူခဲ့မည်သာ ။

သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကို အချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ ( စစ်တိုက်ရန်အမိန့်ကို ထုတ်ပြန်တော်မူခဲ့၏။ ) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော် (နှိုက်)တွင်သတ်ဖြတ်ခြင်း ခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်းအချည်းအနှီး ဖြစ်စေတော်မူမည်မဟုတ် ။

၆း၆၅ ( အိုနဗီတမန်တော် ) အသင်သည်(ဤသို့လည်း)ပြောကြားပါလေ ။ ထိုအ၇ှင်မြတ်သည် အသင်တို့ အပေါ် အသင်တို့၏အထက်မှဖြစ်စေ အသင်တို့၏ခြေထောက်များအောက်မှဖြစ်စေ အပြစ်ဒဏ်(တစ်စုံ တစ်ရာ ) တို့ သက်ရောက်စေခြင်းကိုသော်လည်းကောင်း ၊ အသင်တို့အားအသင်းအဖွဲ့များကွဲပြားစေပြီး အချင်းချင်းတိုက်ခိုက်စေလျှက် အသင်တို့အနက် အချို့၏ ( တိုက်ခိုက်မှု) အရသာကို မြည်းစမ်းခြင်း ကိုသော်လည်းကောင်း ပြုနိုင်စွမ်းတော်မူသော အရှင်ဖြစ်တော်မူသည် ။
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...