Ads (728x90)



တရားမဝင် ခိုးကူးခွေများ ဖမ်းဆီးရမိပါက နစ်နာကြေး အနေဖြင့် တစ်ခွေလျှင် ငွေကျပ် ၁ဝ သိန်းနှုန်းသတ်မှတ် တရားစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)မူပိုင်ခွင့် ကာကွယ်ရေး ကော်မတီ မှ ပြောကြားသည်။
မူပိုင်ခွင့် ကော်မတီကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရဲမှူးတစ်ဦး ခန့်အပ်ကာ အမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် တွင်လည်း ရဲမှူးတစ်ဦး ထပ်မံခန့်အပ် တာဝန်ပေးခဲ့ပြီး ယခုအခါ ရှေ့နေ လေးဦးခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လမ်းဘေး ခိုးကူးခွေ ရောင်းချမှုကို ဖမ်းဆီးနေကြောင်း၊ ထို့အပြင် မန္တလေးတိုင်း ဒေသကြီးရှိ ခိုးကူးခွေများ အပါအဝင် ပုသိမ်၊ ဘားအံနှင့် မော်လမြိုင် စသော မြို့နယ် များတွင် ဆက်တိုက် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...