Ads (728x90)
Photo: “ဦးဝီရသူကို ပြန်လည်ထိမ်းသိမ်းဖို့ စီစဉ်နေခြင်းလော”
**************************************
	25-3-2013-ရက်နေ့တွင် ရန်ကုန်မြို့နေ ရခိုင်လူငယ် ကိုရဲမင်းဦးကို ဖမ်းဆီးသွားပါသည်။ 
	30-3-2013-ရက်နေ့ ဦးဝီရသူ MPC-အခမ်းအနား တက်နေစဉ် ဦးဝီရသူ၏ တပည့်တကာ တစ်ဦးဖြစ်သော ဦးတင်ယုကို အခမ်းအနားထဲထိ ဝင်ခေါ်သွားပါသည်။ ထိုသို့ လူမဆန်သော ရိုင်းပြမှုကို မလိုလားသော သမ္မတရုံးဝန်ကြီးများမှ မေတ္တာရပ်ခံမှုကြောင့် ဦးတင်ယုကို(၃)နာရီကြာ စစ်ဆေးမေးမြန်းပြီး ပြန်ပို့ပေးခဲ့ပါသည်။ ၄င်းနောက် 31-3-2013-ည အချိန်မတော်ကြီးတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝိမုတ္တိသင်္ကန်းတိုက်သို့ ဝင်ရောက်စီးနှင်းကာ ဦးဝီရသူ ရေးသားသောစာအုပ်များကို သိမ်းဆည်းသွားပါသည်။ 
	ဦးတင်ယု ရဲမင်းဦးတို့သည် ၉၆၉-(ရတနာသုံးပါးကို) ဦးထိပ်ထားသူများဖြစ်ကြပြီး ဦးဝီရသူ၏ တရားပွဲများကို မလွတ်တန်း စီစဉ်ကျင်းပ နာယူသူများဖြစ်ကြသည်။ လက်တစ်လော အဓိကရုဏ်းများကြောင့် နောက်ပြန်လှည့်မည်ကို စိုးရိမ်သော နိုင်ငံရေးသမားတို့က စစ်တပ်ကို ပုံချနေသောကြောင့် စစ်သားဝန်ကြီးများက ဦးဝီရသူနှင့် ၉၆၉-ကို ဦးထိပ်ထားသူများကို ထိုးကျွေးဖို့စီစဉ်နေမှန်းသိသာ ထင်ရှားပါသည်။ အစိုးရက ဖမ်းသည်ဖြစ်စေ၊ ကုလားက လုပ်ကြံသည်ဖြစ်စေ၊ အပြစ်မဲ့ပြည်သူများနှင့် ၄င်းတို့ခိုကိုးရာ ဘာသာရေး အဆောက်အဦးများကို အကြမ်းဖက်တိုက်ခိုက်ခြင်းမျိုး လုံးဝမပြုလုပ်ကြဖို့ ဦးဝီရသူက သတိပေးလိုက်ကြောင်း သိရပါသည်။
							(၉၆၉-1-4-2013-PM 2:50)
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...