Ads (728x90)

ဆီးဂိမ်းတွင် ဆုတံဆိပ် ၁၃၀၀ ကျော် ချီးမြှင့်မည်
Thursday, January 10, 2013

ဆီးဂိမ်းတွင် ဆုတံဆိပ် စုစုပေါင်း ၁၃၅၇ ခု ချီးမြှင့်သွားရန် စီစဉ်ထားသည်ဟု အားကစားဝန်ကြီးဌာနမှ သိရသည်။

ယင်းဆုတံဆိပ်များကို ပြိုင်ပွဲ ၄၀၉ ပွဲတွင် ပေးအပ်သွားမည် ဖြစ်ပြီး ရွှေဆု ၄၀၉၊ ငွေ ၄၀၉၊ ကြေး ၅၃၉ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေးအပ်ချီးမြှင့်ဆုများတွင် ပြေးခုန်ပစ် အားကစားနည်းနှင့် ရေကူး/ဒိုင်ဗင်
ကစားနည်းများမှာ ဆုတံဆိပ် အများဆုံး ဖြစ်ပြီး ယင်းကစားနည်း ၂ ခုပေါင်း ဆုတံဆိပ်မှာ ၂၁၀ အထိ ရှိကြောင်း သိရသည်။

အဆိုပါ ဆုများ အတည်ပြုကြေငြာခြင်းကို ယခုလ ၂၉ ရက်နေ့တွင် ကျင်းပမည့် SEAGF အစည်းအဝေးတွင် အတည်ပြု ကြေညာသွားမည်
ဖြစ်ကြောင်း သိရသည်။

AZ
Popular Myanmar News Journal

By:
Zin Oo shared Myanmar Online News's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...