Ads (728x90)



ရန်ကုန်၊ ဇန်နဝါရီ ၁၀။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူသည် အနုပညာလောကမှ ထွက်ခွာခဲ့သည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လာမည့်
အချိန် အနည်းငယ်အတွင်းတွင် ဒါရိုက်တာကျော်သူအဖြစ် အနုပညာ
လောကထဲသို့ ပြန်လည် ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း ဦးကျော်သူထံမှ သိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင် ရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်
ဖြစ်ကြောင်းနှင့် ၎င်းတို့ လုပ်ကိုင်နေသော ပရဟိတလုပ်ငန်းအား ငွေကျပ် သိန်း(၁၅၀) လှူဒါန်းခဲ့သော ရွှေစင်စင်္ကြာ မော်တော်ယာဉ်လိုင်း၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ရုပ်ရှင်ပြန်ရိုက်ရန် ဆုံးဖြတ်ချက်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စတင်ရိုက်ကူမည့် ဇာတ်ကားသည် အတ္တ အနုပညာအတွက် မဟုတ်ဘဲ၊ ပရဟိတ အနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေမည်ဖြစ်ပြီး ပရဟိတ လုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာ ရှင်များဖြင့်သာ လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဦးကျော်သူထံမှ သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားအား နန်းခင်ဇေယျာဖြင့် စတင်ရိုက်ကူးမည်
ဖြစ်ကြောင်းသိရပြီး ဇာတ်ကား ရိုက်ကူးမှုနှင့် ပတ်သက်၍ “ဘယ်နေ့ ရိုက်ဖြစ်မယ်ဆိုတာ အတိအကျ မသိသေးဘူး။ အခု ဦးကျော်သူက ခရီးသွားနေတာဆိုတော့ ဘာမှမသိရသေးဘူး။ ညီမရိုက်မယ် ပြော လိုက်တော့ ဦးကျော်သူက ဇာတ်ညွန်းကို အသစ်ပြန်ရေးနေတယ်။ ဇာတ်ကားလေးက တကယ့်ဘဝမှာ တွေ့ကြုံရတဲ့ အခက်ခဲမျိုးစုံကို
ရိုက်မယ့် အတွက်ကြောင့် အရမ်းပဲ ရင်ခုန်တယ်။ ဘယ်လို ဇာတ်ညွှန်းဖြစ်
မလဲလို့ အရမ်းလည်း သိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ရုပ်ရှင်လောကက လာတာမဟုတ်တဲ့ အတွက် ကြိုတင် ပြင်ဆင်ထား ချင်တာလည်း ပါပါတယ်’’ဟု နန်းခင်ဇေယျာက ပြောကြားသည်။

ဒါရိုက်တာ ဦးကျော်သူ ရိုက်ကူးမည့် ဇာတ်ကားတွင် လူမှုရေး စိတ်ဓါတ်
ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး သမားများ၊ ဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်ရှိ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောက အတွင်းရှိ ဖြစ်ရပ်မှန်များကို ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။

အိအိ
ဓာတ်ပုံ - Kyaw Thu Facebook
The Myanma Age


By :
Daily Online News shared ခေတ်သတင်း's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...