Ads (728x90)



မီဒီယာဆိုတာ မီဒီယာ ကျင့်ဝတ်နဲ့ ညီသင့်တယ်လို့ ထင်ပါတယ်...
ခုဟာက ကိုယ့်မီဒီယာ နာမည်ကြီး လူကြိုက်များဖို့ အတွက် လူအများကြိုက်တဲ့ အကြောင်းအရာတွေကို ပက်စားပေးပြီး ရေးသလိုမျိုးဖြစ်နေပါတယ်...

လူအများကြိုက်တဲ့ အကြောင်းဆိုတာကတော့ ရှင်းပါတယ်....
အစိုးရ ဘာလုပ်လုပ် အကုန်လုံးမထောက်ခံ လိုက်ကန့် ကွက် အစိုးရနဲ့ အတိုက်အခံဘာလုပ်လုပ် အကုန်အမှန် အဲ့ လိုမျိုးပါ...
ပြီးတော့ အချို့ အရေးအသားတွေဟာလည်း ဖော်ပြရာမှာ တစ်ဖတ်စွန်းရောက်လွန်းတယ်လို့ ထင်ပါတယ်...
ဒီလိုမျိုး အရေးအသားကို ဘာလို့ လူအများကြိုက်လဲ မကြိုက်လဲဆိုရင် ရပ်ကွက်ထဲက ဆိုက်ကားသမားပဲဖြစ်ဖြစ် ငါးစိမ်းသည်ပဲဖြစ်ဖြစ် သူတို့ ကို အစိုးရမကောင်းကြောင်း မိုးမွန်နေအောင် အပြစ်မရှိအပြစ်ရှာပြီး အစိုးရ ဘယ်လောက် အသုံးမကျကြောင်း မြန်မာပြည်နိုင်ငံခြားလောက်မတိုးတက်ကြောင်း ပြောကြည့်ပါ... ပယ်ပယ်နယ်နယ်ထောက်ခံပါလိမ့်မည်...ဒီလို လူတွေက များနေသည် မဟုတ်လား...

အခုဟာက အွန်လိုင်းပေါ်မှာပါ...
သတင်းဖတ်နေသူတွေကလည်း ဆိုက်ကားသမားတွေ စပယ်ယာတွေ မပါ ပါဘူး...
ခင်ဗျားတို့ ရေးတဲ့ သတင်းကို ကြိုက်နှစ်သက်တဲ့လူရှိသလို အမြင်မတူတဲ့လူတွေလည်းရှိပါတယ်...
အရင်ခေတ်တုန်းက မီဒီယာတွေ လွတ်လပ်ခွင့်မရလို့  လွတ်လပ်စွာရေးပိုင်ခွင့် ဘာညာဆိုပြီး တောင်းဆိုကြသေးတယ်မလား...အဲ့တုန်းက ကျွန်တော်တို့ လည်း မီဒီယာ လွတ်လပ်ခွင့်ပေးသင့်ကြောင်း ထောက်ခံခဲ့ဖူးပါတယ်...ဒါအမှန်ပဲလေ မီဒီယာဆိုတာ ပွင့်လင်းမြင်သာရမယ် လွတ်လပ်ရမယ် သတင်းကို သတင်းလို မှန်မှန်ကန်ကန် ပြည်သူတွေထံ တင်ပြနိုင်ရမယ်လေ...

ဒါပေမဲ့ အခု လိုင်းပေါ်မှာ သတင်းတင်နေတဲ့ မီဒီယာ အချို့ က လွတ်လပ်မှုကို အခွင့်ကောင်းယူပြီး
သတင်းတွေကို အစွန်းရောက် ဇောင်းပေးရေးနေတာကိုတွေ့ ရပါတယ်...
ဒါတင်မကသေးပါ...ထို မီဒီယာတွေက တင်နေတဲ့ သတင်းတွေကိုဖတ်နေတဲ့ လူတွေက အများကြီးရှိပါတယ်...ကျွန်တော်အပေါ်ကပြောသလိုပဲ ကြိုက်တဲ့လူတွေရှိသလို မကြိုက်တဲ့လူတွေရှိမှာပဲလေ...

အမြင်မတူတဲ့လူတွေက အဲ့ဒီ မီဒီယာတွေရဲ့ တစ်ဖက်ဇောင်းနင်းရေးသားမှုကို ပြန်လည် ချေပဖို့ အတွက် comment တွေနဲ့  တုံပြန့် ကြတဲ့အခါ အဲ့ဒီ မီဒီယာရဲ့  Page သို့ မဟုတ် လူပုဂ္ဂိုလ် ကနေပြီး banခြင်း/comment ဖျတ်ခြင်း/Block ပြုလုပ်ခြင်းတွေကို ပြုလုပ်တာတွေ့ ရပါတယ်...
ဒါဟာ ကျွန်တော်တို့ လို အင်တာနက်အသုံးပြုပြီး သတင်းဖတ်နေတဲ့ သူတွေအတွက် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ကို ယခင်အချိန်တုန်းက အစိုးရက လွတ်လပ်စွာရေးသားပိုင်ခွင့် မပေးဘူး ဘာဘူး ညာဘူး အော်နေတဲ့လူတွေက ပြန်လည် ပိတ်ပင်တဲ့ ပုံစံဖြစ်နေပါတယ်...

အခု online ပေါ်က မီဒီယာ Page အချို့ နဲ့  လူပုဂ္ဂိုလ်အချို့ တို့ က မိမိနဲ့  အမြင်မတူတဲ့လူတွေရဲ့ 
Comment တွေကို ဖျတ်ခြင်း Block ပြုလုပ်ခြင်း Page မှ Ban ခြင်းများကို အာဏာရှင်ဆန်စွာ လုပ်နေတာကို ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့  လုံးဝ မကျေနပ်ပါ...
ကန့် လည်းကန့် ကွက်ပါတယ်...

ကျွန်တော် ပြောတဲ့ အကြောင်းက ရှင်းရှင်းလေး ဦးနှောက်ရှိရင် နားလည်မှာပါ...

အပြင်လောကမှာ မီဒီယာပိုင်းက အသိတစ်ချို့ ရှိပေမဲ့ စိတ်ထဲမကျေနပ်လို့ ရေးခြင်းဖြစ်ပါသည်...
မည်သူ့ ကိုမျှ ဆိုလိုခြင်းမဟုတ်ပဲ အာဏာရှင်ဆန်နေသော မီဒီယာကိုများ သာဆိုလိုပါသည်။
(ဟုတ်မှနာကြပါ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...