Ads (728x90)

အွန်လိုင်း ကချင်များ အသံမထွက်ရဲသည့် ကေအိုင်အေ ခေါင်းဆောင်ကြီးတို့၏ အတွင်းရေး
============================
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ ခေါင်းေ ဆာင် ပိုင်းထဲမှာပဲ နှစ်ခြမ်း၊ သုံးခြမ်းကွဲနေတာတွေ့ရတယ်။ စစ်ကိုလိုလားသူ၊ ငြိမ်းချမ်းရေးကို လိုလားသူ၊ လက် နက် အားကိုးနဲ့ စီးပွားရေးလုပ်ပြီး ကြီးပွားချမ်းသာလိုသူ စသဖြင့်ပေါ့လေ။ အခြား မကြည့်ပါနဲ့။ ကေအိုင်ေ အခေါင်းဆောင် ပိုင်းနှစ်ယောက်ဖြစ်တဲ့ စစ်ဦးစီးချုပ်ဂမ်ရှောင်နဲ့ ဒုစစ်ဦးစီးချုပ် အက်စ် ဂွမ်မော် တို့နှစ်ေ  ယာက်ကိုပဲကြည့်။ 

ဂမ်ရှောင်က စစ်ကိုလိုလားတယ်။ မောက်မာခက်ထန်တယ်။ လက်ရဲဇက်ရဲနဲ့ တဇွတ် ထိုး လုပ်တတ်တယ်။ လူကသာဘွဲ့ရပညာတတ်၊ လူသတ်ရာမှာတော့ ရက်စက်မှု ကကမ်း ကုန် တယ်။ ဒီလို မိုက်မိုက်ကမ်းကမ်း ရက်စက်ရဲ လို့ ၁၉၇၉ ခုနှစ်မှာ ဂမ်ရှောင် ကေအိုင်အေထဲ ရောက်ပြီး ဆယ်နှ စ်တောင် မကြာဘူး။ တပ်ရင်း(၆)ရင်းမှူးဖြစ်ခဲ့တာ။ ရင်းမှူးဖြစ်ပြီးမကြာပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဖား ကန့်မြို့ နယ်ထဲက စပေါ့ရွာသား ၃၀ ကျော်ကို မူးယစ်ဆေးဝါးအမှုနဲ့စွပ်စွဲပြီး ရက်ရက် စက်စက် သတ်ဖြတ် ခဲ့တယ်။ အဲဒီရှေ့မှာလည်း လူတွေသတ်ခဲ့တာမနည်းဘူး။ 

	အခုလည်း သူ့လက်အောက်ငယ်သားတွေကို စစ်ရေးမှာ မသနားဖို့၊ မိုင်းခွဲဖျက်ဆီးရာမှာ မငဲ့ကွက်ဖို့၊ ဘယ်သူ့ မျက်နှာမှ မထောက်ဖို့ ဖိအားတွေအမြဲပေးနေတယ်။ မလုပ်ဘဲနေတဲ့လူ၊ သူ့အမိန့် ဆန့်ကျင် တဲ့သူ ဆိုရင် သူ့ပစ္စတိုက မီးပွင့်တွေပဲ နောက်ဆုံးမြင်လိုက်ရတယ်။ မိန်းမလည်း ရှုပ်တယ်။ သူ့ သက်တော်စောင့် လီဆူး မလေးကိုတောင်မချန်ဘဲ ခြေတော်တင်ခဲ့တာကြည့်။ ၂၀၁၀ပြည့်နှစ်တုန်းက လည်း ကွန်ပျူတာ စာရေး မလေး ဂေါင်နောတစ်ယောက်သေပါရောလား။ ဒီလိုလူမဆန်တဲ့အလုပ်၊ သစ္စာ မဲ့တဲ့လုပ် ရပ်မျိုး လုပ် ရကောင်းမလားဆိုပြီး သူ့မယားကြီးဒေါ်ရန်ဒွဲဂျာက ပြဿနာရှာတယ်။ သူ့ သမီးကြီး ဂျာဆိုင်းပန် က လည်း ရှက်လွန်းလို့ ငိုသတဲ့။ 

	အမှန်တော့ဂေါင်နောဇာတ်လမ်းက နည်းနည်းတော့ရှုပ်တယ်။ ဂွမ်မော်နဲ့လိုလို၊ ဘာလိုလိုအသံ ထွက် လိုက်သေးတယ်။ တရားခံအစစ်အမှန်က လူရမ်းကားကြီးဂမ်ရှောင်ဆိုတာ ကေအိုင်အေက အတွင်းလူတွေ အကုန် သိတယ်။ အခုဒုက္ခသည်ကယ်ဆယ်ရေးဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌလုပ်နေတဲ့ ဒူဘီးဆား အသိ ဆုံးေ ပါ့။ ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိဘူး။ 
---------------------------------------------
ဘလော့ပို့စ် ခေါင်မလုံသောခေါင်းဆောင်များနှင့် မိုးစိုခံငယ်သားများအကြောင်း မှ ကောက်နှုတ်သည်။

By:
ကိုလင်း- သလ္လာဝတီ shared Opposite Eye's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...