by Dhammavira Ashin on Friday, 19 October 2012 at 23:36 ·
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာတောင်အာရှနှင့်အရှေ့တောင်အာရှအကြားဘင်္ဂလားပင်လယ်အော်ပေါ်တွင်တည်ရှိပါတယ်။အိမ်နီးချင်းနိုင်ငံများကတော့ အရှေ့ဘက်တွင်တရုတ်နိုင်ငံ၊လောနိုင်ငံနှင့်၊ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး၊အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် နိုင်ငံနယ်နမိတ်ချင်းထိစပ်လျှက်ရှိပါသည်။
လူဦးရေ၏ ၆၈%နှုန်းဟာ `ဗမာ´တိုင်းရင်းသားများဖြစ်ပြီး ရှမ်းတိုင်းရင်းသား ၉%နှုန်း ကရင်တိုင်းရင်းသား -၇%နှုန်း ၊ ရခိုင်တိုင်းရင်းသား-၃% နှုန်း၊တရုတ်-၂%နှုန်းနှင့် အခြား-၅%နှုန်းဖြစ်ပါတယ်။ ထိုတိုင်းရင်းသားတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှု ဘာသာစကားများလည်းရှိကြပါတယ်။
ကိုးကွယ်မှုဘာသာတရားများအရ ဗုဒ္ဓဘာသာဝင်-၈၅%နှုန်း၊အစ္စလာမ်-၁၅% နှုန်း၊ခရစ်ယာန်နှင့်အခြားရိုးရာကိုးကွယ်မှု၁၀%နှုန်းရှိပါတယ်။ရုံးစိုက်ရာမြို့တော်အနေနှင့် နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်က ရန်ကုန်မြို့တော်ပဲဖြစ်ပါတယ်။
ယခုတင်ပြပေးလိုသည့်မှာမြန်မာနိုင်ငံ၏ဗုဒ္ဓသာသာနာတော်ရောက်ရှိပြန့်ပွားလာပုံသမိုင်းအကျဉ်းဖြစ်သောကြောင့်ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွားတိုးတက်လာပုံကို စာဖတ်ပရိသတ်များ ဗဟုသုတတိုးပွားစေရန် အကျဉ်မျှ ဖော်ပြလိုက်ရပါသည်။
AD.350ခန့်လောက်တွင်မြန်မာလူမျိုးတို့၏အစောဆုံးမျိုးဆက်ဖြစ်သောတိဗက် မြန်မာ အနွယ်ဝင် `ပျူ´လူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက် အခြေချနေကြပြီဖြစ်သလိုအခြားသောတိုင်းရင်းသားများသည်လည်းနေထိုင်နေကြပါသည်။ ရှေ့ဟောင်းမြို့တော်များအနေနှင့်။ ဗိဿနိုး၊ဟန်လင်း၊ သရေခေတ္တရာနှင့် `တကောင်း´တို့ဖြစ်ကြပါသည်။
အနော်ရထာမင်းတရားကြီးသည်(၁၁)ရာစုအစောပိုင်းကာလများတွင်တကွဲတပြားကွဲပြားနေသည့်မြန်မာနိုင်ငံတော်ကြီးကိုပြန်လည်၍စည်းလုံးတည်ဆောက်ခဲ့ပြီး ၊ မြန်မာနန်းဆက်များအဖြစ်ပုဂံ၊အင်းဝ၊တောင်ငူနှင့်´ဟံသာဝတီ´တို့ကိုတည်ထောင်ခဲ့ပေသည်။နောက်ဆုံနန်းဆက်ကုန်းဘောင်ပြည်ကိုအလောင်းမင်းတရာကြီးမှတည်ထောင်တော်မူခဲ့ပါသည်။ထို့နောင်ဗြိတိသျှတို့နှင့်စစ်ပွဲသုံကြိမ်ဖြစ်ပွားခဲ့ပြီးကုန်ဘောင်၏နောက်ဆုံးမင်း သီပေါဘုရင်လက်ထက်-1885-ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး၊ မြန်မာတိုင်းရင်းသားတို့၏ အမျိုးဘာသာ၊သာသနာချစ်စိတ်ဖြင့် စည်လုံးညီညာစွာ အစဉ်တစိုက်ပြန်လည်တိုက်ထုပ်ကြိုးစားမှုကြောင့် 1948-ခုနှစ်တွင် လွတ်လပ်ရေးကို ပြန်လည်၍ ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံကိုကမ္ဘာကထေရ၀ါဒဗုဒ္ဓဘာသာနေလိုလလိုထွန်းကားသည့်နိုင်ငံအဖြစ်အသိများကြပါတယ်။ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက်ဓမ္မ၀ိနယကို သန့်ရှင်းအောင်သင်္ဂါယနာ(၆)ကြိမ်တင်ရာတွင်မြန်မာနိုင်ငံတွင်(၂)ကြိမ်တင်တော်မူခဲ့ပါတယ်။တိပိဋကဓရများ ပရိယတ်၊ ပဋိပတ်စွယ်စုံတတ်ကျွမ်းသည့် သံဃာတော်များ ပေါများသောနိုင်ငံအဖြစ်လည်း ကမ္ဘာကလေးစားကြပါသည်။
သို့ရာတွင် ခေတ်သစ်စာပေပညာရပ်များဖြစ်ကြသည့် အင်္ဂလိပ်နှင့်တခြာသော သိထားတတ်ထားသင့်သောဘန္တရစာပေများမတတ်မြောက်သောကြောင့်သာသီရိလင်္ကာ၊ထိုင်းစသည့်ထေရ၀ါဒနိုင်ငံများမှသံဃာတော်များကဲ့သို့ကမ္ဘာကိုသာသနာမပြုနိုင်ကြခြင်းဖြစ်ပါသည်၊ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာရှိတက္ကသိုလ်များသိုခေတ်သစ်ပညာနှင့်ဗုဒ္ဓစာပေတွဲဖက်လျှက်လေ့လာသင်ကြားနေကြသောကြောင်အနာဂါတ်သာသနာတော်အတွက်များစွာအားတက်ဖွယ်ရာပင်ဖြစ်ပါတယ်။
ထေရ၀ါဒရဟန်းတော်များအနေနှင့်လည်းခေတ်သစ်စာပေကိုမယာယာနများလောက်မတတ်မြောက်သောကြောင့်ကမ္ဘာအရပ်ရပ်တွင်ထေရ၀ါဒထက်မဟာယာနကသာပိုမို၍လူသိများခြင်းဖြစ်ပါတယ်။ထို့ကြောင်မိမိတို့ထေရ၀ါဒရဟန်းတော်များအနေဖြင့် ခေတ်သစ်ဘာသန္တရ နှင့် ၀ိဇ္ဇာ သိပ္ပံစသည့်စာပေတို့ကိုသင်ကြားပြီး ကမ္ဘာကြီးကို မြတ်ဗုဒ္ဓ၏ ဘာသာရေးအရိပ်အောက်တွင် ခိုလှုံစေပြီးငြိမ်းချမ်းသာယာလှသောသော လူ့အဖွဲ့အစည်ဖြစ်စေရန် ကြိုးစားအားထုပ်သာသနာပြုသင့်လှပါသည်။
အနောက်နိုင်ငံများမှဗုဒ္ဓဘာသာကိုဘုရားခေတ်တော်အတိုင်းလေ့လာလိုက်စားလိုကြသူများသည်မြန်မာနိုင်ငံသို့လာရောက်ပြီးပရိယတ်၊ပဋိပတ်နည်းများကိုလာရောက်လေ့လာသင်ကြားကြပါသည်။အနောက်နိုင်ငံသားဗုဒ္ဓသာသနာပြုများဖြစ်ကြသော ကမ္ဘာကျော်ပညာရှင်`အရှင်ဥာဏတိလောက´(ဂျာမန်)၊`အရှင်လောကနာထ´(အီတလီ) နှင့် `အရှင်အာနန္ဒာမေတ္တယျ´(အင်္ဂလန်)စသောပညာရှင်များမှာမြန်မာပြည်မှ ပရိယတ္တိ၊ပဋိပတ္တိ များသင်ကြားလေ့လာသွားကြသူများပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် သာသနာတော်စသည်ရောက်ရှိချိန်မှစ၍ ယခုအချိန်အထိ ဗုဒ္ဓလက်ထက်ကနည်းစနစ်အတိုင်းဖြစ်သည့်ထေရ၀ါဒဗုဒ္ဓတရားတော်သန့်သန့်ကိုသာလက်ခံကျင့်သုံကြသောကြောင်များစွာကံထူးသူများဟုဆိုရမည်ဖြစ်သည်။ထို့ကြောင့်မြန်မာနိုင်ငံကို‘‘TheGoldenLand“ရွှေရောင်လွှမ်းသည့်နိုင်ငံအဖြစ်တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။
သမိုင်းမှတ်တမ်းများအရမြန်မာနိုင်ငံသို့ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွားလာပုံမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
(၁) ရာမညတိုင်း ဥက္ကလာပ ဇနပုဒ်သားများဖြစ်ကြတဲ့ တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည်\နောက်ပါကုန်သည်များနှင့်မဇ္ဈိမဒေသသို့ကုန်သွယ်ရန်ရောက်ရှိလာကြရာ ၎င်းတို့ရောက်ရှိသည့်အချိန်တွင်ဂေါတမဗုဒ္ဓမြတ်စွာပွင့်တော်မူခါစ အချိန်ဖြစ်ပြီးဗုဒ္ဓမြတ်စွာလင်းလွန်းပင်အောက်၌သီတင်းသုံးတော်မူနေသည်ကိုဖူးတွေ့ရသောကြောင့် သဒ္ဒါတရားများ တားမရအောက်ဖြစ်ပြီး ပါလာသော မုန့်ဆွမ်းများကို ကပ်လှုကာသရဏဂုံခံယူဗုဒ္ဓဘာသာဝင်ဥပသကာများအဖြစ်သို့ရောက်ရှိကြပါတယ်။ထို့နောင်ဗုဒ္ဓမြတ်စွာထံတော်မှဆံတော်ရှစ်ဆူကိုရရှိခဲ့သောကြောင့်ဇာတိအရပ်သို့ပြန်ရောက်သောအခါတွင်ဒဂုံမြို့(ယခုရန်ကုန်)တွင်ရှိသောသိဂုင်္ိတ္တရကုန်ပေါ်၌ဆံတော်ရှစ်ဆူကို ဌာပနာကာ ရွှေတိဂုံစေတီတော်မြတ်ကို တည်းထားကိုးကွယ်တော်မူခဲ့ပါတယ်။ ထိုမှစ၍ မြန်မာနိုင်ငံဝယ် ဗုဒ္ဓသာသနာတော် စတင်၍ ရောက်ရှိဖြစ်ပါသည်။ သို့ရာတွင် သာသနာတော်ကားမြန်မာနိုင်ငံအတွင်၌မတိုးတက်သေးသောကြောင့်ဗုဒ္ဓသာသနာတော်နိဒါန်ဟုပင်ဆိုရမည်ဖြစ်ပါတယ်။
(၂)ရခိုင်သမိုင်းမှတ်တမ်းများအရဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိတော်မူစဉ်အခါကာလက ရခိုင်းဒေသ ဓည၀တီပြည်တွင် ပြည်သူ/ပြည်သားများနှင့်ဘုရင်စန္ဒသူရိယ တို့အားကိုယ်တော်တိုင်ကြွရောက်ကာတရားဟောကြားခဲ့ပြီးဘုရင်စန္ဒသူရိယမှဗုဒ္ဓကိုယ်စားကိုးကွယ်စရာကိုလျှောက်ထားတောင်းသဖြင့်မဟာမုနိရုပ်ပွားတော်မြတ်တစ်ဆူကိုထုလုပ်ပူဇော်ခွင့်ရရှိခဲ့ပြီးဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ရင်ငွေ့တော်ပေးတော်မူခဲ့ကြောင်းကို မှတ်တမ်းများအရ သိရှိရပါသည်။
ဗုဒ္ဓမြတ်စွာသည် ၀ါတော်(၂၀)အရတွင် သာဝတ္တိပြည်ဇေတ၀န်ကျောင်းတော်မှ ကြွရောက်ကာ သုနာပရန္တတိုင်း (ယခု-ပွင့်ဖြူမြို့နယ်)တွင် ကျောင်းဒကာ စူဠပုဏ္ဏ သူကြွယ်မှနောင်တော်မဟာပုဏ္ဏမထေရ်၏ဩ၀ါဒအရဗုဒ္ဓမြတ်စွာနှင့်နောက်ပါရဟန္တာအရှင်သူမြတ်(၅၀၀)တို့အတွက်ဆောက်လုပ်လှုဒါန်းထားသောစန္ဒကူးကူးနံ့သာကျောင်းတော်ရာတွင် သီတင်းသုံး၍ နဂါးမင်းနှင့် ရသေ့တို့က တောင်းပန်လျှောက်ထားသဖြင့် ကိုယ်တော်အစားကိုယ်းကွယ်ရာအဖြစ်ဖြင့်ယခုမန်းစက်တော်ရာနေရာတွင်အောက်စက်တော်ရာနှင့် အထက်စက်တော် နှစ်ဆူကို ချထားတော်မူခဲ့ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ဝံ၀င်တော်မူပြီး နှစ်ပေါင်း(၃၀၀)အကြာ အသောကမင်းမှ တတိယသင်္ဂါယနာတင်အပြီးတွင်ကိုးတိုင်းကိုးဋ္ဌာနသို့သာသနာပြုစေလွှတ်တော်မူခဲ့ရာ သုဝဏ္ဏဘူမိ(သထုံ)ဒေသသည်လည်ပါဝင်ခဲ့ပါသည် ဖေါ်ပြပါအချက်အလက်မှတ်တမ်းတို့သည် မြန်မာနိုင်ငံတော်အတွင်းသို့ ဗုဒ္ဓသာသနာတော်ရောက်ရှိလာခြင်း၏အချက်အလက်မှတ်တမ်းများပင်ဖြစ်ပါတယ်။တချို့သောအချက်အလက်များမှာ မူကွဲများလည်းရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်--)
(ဓမ္မစေတီဆရာတော်၏ M.A.ဘွဲ့ယူစာတမ်းနှင့် တခြားသော ကျမ်းအဆောင်ဆောင်များအား ကိုးကားမှီငြှမ်းပါသည်)
သူ့အကျိုး ကိုယ်အကျိုး သည်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်နိုင်ကြပါစေ။
ဓမ္မ၀ီရ-အရှင်တေဇနိယ (ခေတ္တ-သီရိလင်္ကာနိုင်ငံ)
University Of Kelaniya
E-mail; ashintejaniyadhammavira@gmail.com
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။