Ads (728x90)


တစ်ခါတုန်းက မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးမှာ အတူနေတဲ့ မြေးအဖိုး နှစ်ယောက်ရှိကြတယ် ။ မနက်တိုင်း မှာ အဖိုးဖြစ်သူက ထမင်းစားပွဲမှာထိုင်လို့ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရားစာအုပ်ကြီးကို ဖတ်နေလေ့ရှိ တယ် ။ မြေးဖြစ်သူကလည်း အဖိုးဖြစ်သူကို အားကျပြီး အဖိုးဖြစ်သူလုပ် တဲ့အတိုင်း လိုက်လုပ်လေ့ ရှိတယ် ။

တစ်နေ့မှာ မြေးဖြစ်သူကမေးတယ် ။ “ အဖိုး ကျွန်တော်လည်း အဖိုးလို တရားစာအုပ်ကိုဖတ်ချင်ပါတယ် ဒါပေ မယ့် ကျွန်တော်နားမလည်ဘူးဖြစ်နေတယ် ပြီးတော့ နားလည်တဲ့အရာလေးတွေကလည်း စာအုပ်ပိတ် လိုက်ပြီဆို တာနဲ့ မေ့မေ့သွားတယ် တရားစာအုပ်ကို ဖတ်လို့ ဘာကောင်းကျိုးတွေရတာလဲ ” အဖိုးဖြစ်သူက တိတ်ဆိတ်စွာပဲ မီးဖိုထဲ ကို ကျောက်မီးသွေးတွေထည့်နေရာက လှည့်လိုက်တယ် ပြီးတော့ မြေးဖြစ်သူကိုပြောတယ် ။

“ ဒီကျောက်မီးသွေးထည့်တဲ့ ၀ါး ခြင်းတောင်းကို ယူသွား မြစ်ထဲမှာ ရေတွေခပ်ပြီး ပြန်သယ်လာခဲ့ပါ ”

မြေးဖြစ်သူက အဖိုးခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ် ။ ဒါပေမယ့် သူအိမ်ကို ပြန်မရောက်ခင်မှာပဲ ၀ါးခြင်းတောင်းကနေ သူ ခပ်လာတဲ့ရေတွေအကုန်လုံးထွက်ကျပြီး ရေမပါပဲပြန်လာခဲ့ရတယ် ။ အဖိုးဖြစ်သူက ရယ်မောပြီး ပြောတယ် ။ “ နောက်တစ်ခါ ခပ်မြန်မြန်လေး ခပ်ပြီး ပြေးလာပေါ့ ငါ့မြေး ” ပြီးတော့ နောက်ထပ်တစ်ခါ ရေခပ်ဖို့ မြေးဖြစ်သူကို ထပ်ခပ်ခိုင်းလိုက်တယ် ။ဒီတစ်ကြိမ်မှာတော့ေ ကာင်လေးဟာ မြန်မြန်ပြေးတယ် ဒါပေမယ့် လည်း အိမ် မရောက်ခင်မှာ ၀ါးခြင်းတောင်းထဲက ရေတွေထွက်ကျပြီး ဘာမှ မပါလာခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ သူ့အဖိုးဖြစ် သူကို ပြောတယ် ။ “ ၀ါးခြင်းတောင်းနဲ့ ရေကိုခပ်ဖို့မဖြစ်နိုင်ဘူး ” အဲဒီလိုပြောပြီး ၀ါးခြင်းတောင်းကို လွှတ်ချ လို့ ရေခပ်ဖို့ ရေပုံးသွားရှာခဲ့တယ် ။ အဖိုးဖြစ်သူကပြောတယ် ။

“ အဖိုးက ရေပုံးနဲ့ခပ်တဲ့ ရေကို လိုချင်တာမဟုတ်ဘူးမြေးရဲ့ ၀ါးခြင်းတောင်းနဲ့ ခပ်တဲ့ရေကိုလိုချင်တာပါ ငါ့မြေးလုပ်နိုင်ပါတယ် မင်း သေသေချာချာ ခက်ခက်ခဲခဲမကြိုးစားလို့ပါ ” ပြီးတော့ မြေးဖြစ်သူကို ၀ါးခြင်းတောင်း နဲ့ပဲ ထပ်ပြီးကြိုးစားစေခဲ့တယ် ။

အဲဒီအချိန်မှာ မြေးဖြစ်သူက ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်လောက် ထိ မြန်မြန်ပြေးပြီး ခက်ခက်ခဲခဲ ကြိုးစားတာတောင် ရေတွေထွက်ကျတယ်ဆိုတာ သိအောင် အဖိုးဖြစ်သူ ကိုပြချင်ခဲ့တယ် ။ ဒီလိုနဲ့ မြေးဖြစ်သူဟာ မြစ်ဆီကို သွားပြီး ရေ ကို အမြန်ခပ် ခါတိုင်းထက်ပိုမြန်အောင်ပြေးပြီး အဖိုးဆီကိုပြန်လာခဲ့တယ် ။ ဒါပေမယ့်လည်း ၀ါးခြင်းတောင်းထဲမှာတော့ ဘာရေမှ ရှိမနေခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ အဖိုးဖြစ်သူကိုပြောတယ် ။ “ အဖိုး တွေ့ပြီလား ဒါဟာ အသုံးမ၀င်ဘူးဆိုတာ ” “ ဒါက အသုံးမ၀င်ဘူးလို့ မြေးထင်သလား ” အဖိုးဖြစ်သူကမေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။ “ ခြင်းတောင်းကို ကြည့်လိုက် ”

ကောင်လေးက ၀ါးခြင်းတောင်းကို ကြည့်တယ် ပြီးတော့ ပထမဆုံးအကြိမ်သူနားလည်လိုက်တာက ၀ါးခြင်းတောင်းဟာ အနည်းငယ်ကွဲပြားခြားနားနေခဲ့တယ်ဆိုတာကိုပဲ ။ အရင်က ကျောက်မီးသွေးတွေ သယ်ထား လို့ ညစ်ပတ်ပေရေနေတဲ့ ၀ါးခြင်းတောင်းဟာ အခုတော့ သစ်လွင်တောက်ပြောင်နေခဲ့တယ် ။

“ ငါ့မြေး ဒါဟာ မင်းတရားစာအုပ်တွေဖတ်တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတဲ့အဖြေပါပဲ မင်းဟာ အကုန်လုံး ကိုနားလည်ချင်မှ နားလည်လိမ့်မယ် ဒါမှမဟုတ် အကုန်လုံးကို မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဒါပေမယ့် မင်း တရားတော်တွေကို ဖတ်လိုက်တဲ့အခါ မင်းရဲ့ ညစ်နွမ်းနေတဲ့ အတွင်းပိုင်း စိတ်သဏ္ဍာန် ဟာ ပြောင်း လဲဖြူစင် သွားပါလိမ့်မယ် ”

--------------------------------------




သက်တန့်ချို
The Bible and the Old Wicker Coal Basket အားဘာသာပြန်ခံစားသည် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...