Ads (728x90)



အမရပူရမြို့တော်သည် ဧရာဝတီမြစ်နှင့် နှစ်မိုင်ကျော် သုံးမိုင်ခန့်ဝေးသည်. . . ဧရာဝတီမြစ်ရေသည် တိုးသထက်တိုး၊ တက်သထက် တက်လျက်ရှိသည်. . အမရပူရမြို့ မြောက်ဘက်နားသို့တိုင် ရောက် သည်. . မတ္တရာဘက်မှာ စီးဆင်းသော ရွှေတစ်ချောင်းနှင့် ပေါင်းဆုံသည် . . ရေပြင်ကျယ်ကြီးဖြစ်ကာ စိုးရိမ်နေရပေပြီ. . . ယခုထက် ထပ်၍ တိုးလျှင် အမရပူရမြို့တော်ထဲသို့ ရောက်ပေတော့မည်.. .
"ဧရာဝတီမြစ်ရေက . . . တစ်နေ့ထက် တစ်နေ့ အတက်ကြမ်းနေမင့်၊ နေပြည်တော်ထဲ . . . ရောက်နိုင်မယ် ထင်ပါ့ ပေါ်ဦး"
"မှန်လှပါ . . . အရှင်ဘုရား ယခုထက် တပ်၍ တိုးလျှင် နေပြည်တော်အတွင်းသို့ ရောက်နိုင်ကြောင်းပါ ဘုရား. . "
"သဟာဖြင့် ရေမတိုးအောင် မောင်မင်းမကြံနိုင်ဘူးလားကွယ့်. . ."
"မှန်လှပါ .. . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . ရှေးဘေးလောင်းတော်. . ဘိုးလောင်းတော်တို့၏ အစဉ်အလာအတိုင်း လိုက်နာ ကျင့်ကြံသင့်ကြောင်းပါ ဘုရား. . . "
ဦးပေါ်ဦးက လျှောက်ထားသည်. . .
"အဘယ်သို့များလဲ. . ကွယ့်. . "
"ဘုန်းတန်ခိုး တေဇော် ကြီးတော်မူလှသော ရေမြေ့သခင်. လက်နက်စကြသခင်၊ မင်းတရားကြီးက ရေ ဆက်လက်၍ မတိုးအောင် အမိန့်တော် ပြန်ကာ ကြိမ်ဖြင့် ရိုက်သင့်ကြောင်းပါ ဘုရား . . ."
"စမ်းကြည့်ရအောင် ကွယ်. . ."
ဘိုးတော် မင်းတရားကြီးသည် ဦးပေါ်ဦး၏ စကားကို ယုံသည်. . . မြှောက်ပေးတိုင်းလိုပသည်. . ရေကို ကြိမ်နှင့် ရိုက်သည်. . .
"ရေ မြေ့သနင်း . . ငါရှင်ဘုရင်မင်းမြတ်ရဲ့ အမိန့် ၊ မတိုးနဲ့ မတိုးနဲ့. . . "
နှုတ်ကလည်း မိန့်တော်မူသည်. . . မရပါ. . . ရေ က မလျော့ပါ. . . နောက်ရက်များတွင် ထပ်၍ပင် တိုးလာသေးသည်. . . .
"ပေါ်ဦး နင့်ရေက မလျော့သည့် အပြင် ထပ်၍ပင် တိုးလာပါကလား . . . ."
"မှန်လှပါ . . . ရေတိုးခြင်း မဟုတ်ကြောင်းပါ ဘုရား . . ."
"ရေတက်နေတာ မြင်လျက်နဲ့ ပေါ်ဦးရယ်. . . "
မင်းတရားကြီး က မချင့်မရဲ ဆိုသည်. . .
"မင်းတရားကြီး၏ ဘုန်းတော်ကြောင့် . . . ရိုက်လိုက်သည့်  အတွက် ရေများ ရောင်ခြင်း ဖြစ်ပါသည် ဘုရား. . ."
ဘိုးတော် ဦးဝိုင်းမှာ မည်သို့မျှ မပြောသာ. . . မိမိစကားကို မိမိ မမှန်, မှန်အောင် ကြံဖန်ပြောတတ်သည့် ဦးပေါ်ဦးကိုသာ ငေးကြည့်နေမိသည်. . .
တတ်လည်း တတ်နိုင်သည့် ဦးပေါ်ဦးပါပေ. .
ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ

by Soup for Soul

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...