Ads (728x90)



"ပေါ်ဦး"
"ခစားလျက်ရှိကြောင်းပါ ဘုရား "
"ပါဠိ- မေဃ ကနေ မိုးဖြစ်ပုံကို ရှင်းလင်းလျှောက်ထားစမ်းပါဦး ပေါ်ဦးရဲ့ . . . "
"မှန်လှပါ. . . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . သဒ္ဒါဆိုသည်မှာ . . . လူတို့ နေ့စဉ်ပြောဆိုသော အသံပင်ဖြစ်ကြောင်းပါ ဘုရား. . . မေဃမှ မိုးဖြစ်လာပုံမှာလည်း မာဃမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းပါ ဘုရား . . . "
"မေဃဆိုသည်မှာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ်ကြီးလေးပါး အဖွဲ့အစည်းသာ ဖြစ်ပါတယ် . . . . အခိုးအငွေ့များ စုပေါင်းပြီး အမြင့်သို့တက်ရာ ၊ အအေးဓာတ်နှင့် တွေ့ထိပြီး ရေစက် ရေပေါက်များ ဖြစ်ကာ ကျရောက် ခြင်းကို မိုးရွာခြင်း - ဟုခေါ်သည့် အတွက် မာဃမှ မေဃ၊ မေဃမှ မိုး ဖြစ်လာခြင်းပါ ဘုရား . . . "
ဟု ဦးပေါ်ဦးက သွက်လက်စွာပင် လျှောက်ထားသည်. . .
ဘိုးတော်မင်းတရားကြီးသည် ဦးပေါ်ဦးက ချက်ချင်း ဖြေသည်ကို နှစ်လိုတော်မူသည်. . . ဦးပေါ်ဦးကို ကျီစယ် လိုစိတ်လည်း ရှိတော်မူသဖြင့် ဤသို့မိန့်လေသည်. .
"ပညာရှိအမတ်ကြီး ဦးပေါ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို မလျော့ပါးစေချင်တာနဲ့ မေးသမျှ ချက်ချင်းဖြေတော့တာပဲ. . . "
"ဒါနဲ့ . . . တစ်ခုမေးစမ်းပါရစေဦး ပေါ်ဦးရဲ့. . . "
ဦးပေါ်ဦးက ခတ်မဆိတ်ပင် နေသည်. . .
"နာခံလျက်ရှိကြောင်း ပါ ဘုရား. . ."
"ငါကိုယ်တော်မြတ် မေးသမျှ ဖြေနိုင်အောင် မမေးခင်ကတည်းက ကြိုတင်တွေးတော စီစဉ်ထားတာများ ရှိသလား ကွယ့်. . . "
"ဘုန်းတော်ကြီးမြတ်လှသော . .. ဘ၀ရှင်မင်းတရားကြီး ဘုရား. . . လျှောက်ထားခွင့်တစ်ရပ် ပေးသနားတော်မူပါဘုရား. . . "
"လျှောက်ထားစေကွယ့်. . . ပေါ်ဦး. ."
"အရှင်မင်းတရားကြီး. . .. မိဖုရားတို့၏ အနောက်ဆောင် သို့ကြွသွားမည်ဟု ကြံစည်တော်မူကတည်းကပင်. . . ၀တ်လဲတော် ကိုမပါသလား . . သို့တည်းမဟုတ် . . အဆောင်တော်ထဲရောက်မှ . . . မပါသလား ဘုရား . . "
"တန်ပါတော့ ပေါ်ဦးရယ်. . "
ဘိုးတော်မင်းတရားကြီးသည်. . .ပြုံးရွှင်ရယ်မောရင်း မိန့်တော်မူကာ ပေါ်ဦးကို ဆက်လက် မလျှောက်ထားရန် တားမြစ်တော် မူရလေသည်. . .

by Soup for Soul

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...