Ads (728x90)





Eleven Media က ပိုင်တော့ပိုင်ပါတယ်လို့ ထင်ခဲ့သားပဲ...
:P

လွင်သန္တာစိုး
Date: 2012/6/29
Subject: စာနယ်ဇင်းကျင့်ဝတ် media ethic EMG အစည်းအဝေးမှာတင်ပြမိရ်ျ(CEO) ဒေါက်တာသန်းထွဋ်အောင် မှ အလုပ်ထုတ်ခံခဲ့ရသောEMG မှသတင်းထောက်တစ်ဦး



ကျနော်သည် ELEVEN Media Group မှ (CEO) ဒေါက်တာသန်းထွဋ်အောင် ၏ လူယုံတော်
မန်နေဂျာဦးထိန်လင်းနှင့် အိမ်နိးနားချင်းဖြစ်ရ်ျ ၂၀၁၀ ခုနှစ် မှ ၂၀၁၁
ခုနှစ်ကာလအတွင်း ၁၈ လကျော် Weekly Eleven
နှင့် Bi Weekly Eleven ဂျာနယ်တို့အတွက် သတင်းထောက် အဇြစ်
တာဝန်ယူခဲ့ဖူးပါသည်။ ဗုဒ္ဓဟူးနေ့တိုင်း CEO ဒေါက်တာသန်းထွဋ်အောင် လက်ထဲ 7
Day News ဂျာနယ်ရောက်လျင် EMG အစည်းအဝေး ထိုင်ပါတော့သည်။
အစည်းအဝေးစတင်သည်မှ ပြီးဆုံးသည်အထိ ယခုအပတ်ထုတ် EMG မှထုတ်ဝေသည့်
သတင်းဂျာနယ်များတွင် 7 Day News မှ သတင်းထူးသတင်းဦးများကို မိမိတို့ မှ
သတင်းမယူနိုင်ခဲ့လျင် တာဝန်ခံအယ်ဒီတာ၊ အမှု့ဆောင်အယ်ဒီတာ၊
အကြီးတန်းအယ်ဒီတာ၊ အပါအ၀င် သတင်းဝန်ထမ်းအားလုံးကို
ဆဲဆိုကြိမ်းမောင်းပါတော့သည်။ (CEO) ဒေါက်တာသန်းထွဋ်အောင်သည်
အမြဲတမ်းစိတ်အလိုမကျဖြစ်နေသူ၊ အမြဲတမ်းလိုလိုဒေါသဖြစ်နေသူ၊ ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်အတွင်း နှလုံးသွေးကြောကျဉ်းရောဂါ ကြောင့် ဆေးရူံကို 3
ခါတက်ရောက်ခဲ့ပါသည်။  ဒေါက်တာသန်းထွဋ်အောင်ခံစားနေရသည့်ရောဂါနှင့် သူ၏
အမြဲစိတ်ဆိုးဒေါသထွက်နေတတ်သည့်စရိုက်သည် သူ၏ ရောဂါနှင့်
မကိုက်ညီပါ။ သူ့အတွက်ကိုယ်ချင်းစာမိပါသည်။ EMG မှ ၀န်ထမ်းများအားလုံးသည်
CEO ရုံးခန်းမှ ခေါ်ပီဆိုလျှင် အကုန်ကြောက်နေရပါသည်။ သူနှင့်  ၁၀
မိနစ်စကားပြောလျင် ၆ မိနစ်ကအငေါက် ခံနေရသည်။ သာမန် ဧည့်သည်
နှင့်စကားပြောလျင်လည်း ၄င်း၏ မျက်နှာဟန်ပန် သည် အမြဲတမ်းဆူပုပ်နေပါသည်။
စကားပြောရာတွင် ပါးစပ်ကြမ်းသည်သာမက လက်ကလည်းကြမ်းပါသည်။
တစ်ခါက၀န်ထမ်းတစ်ဦး ကို စိတ်အလိုမကျဖြစ်ရ်ျ ဆဲဆိုရုံဖြင့်
အားမရတော့ဘဲ  လေးငါးခြောက်ချက် ဆင့်ထိုးပါသည်။
လျော်ကြေးပေးသည့်နေရာတွင်တော့ ရက်ရောပါသည်။ ၆ ချက်စာအတွက် ၁၀ သိန်းလျော်
သည်။ ထို့အတွက်သတင်းကအပြင်သို့မထွက်ပါ။လွန်ခဲ့သည့် ၂၀၁၀ -၁၁ တွင် 7 Day
News ကစောင်ရေ ခုနှစ်သောင်းခွဲကျော်ရောင်းနေရချိန်တွင် Weekly က စောင်ရေ
သုံးသောင်းခွဲသာရှိသည်။ ဗုဒ္ဓဟူး အပတ်စဉ်အစည်းအဝေးတွင် မိမိတို့
ကိုယ်တိုင်မရခဲ့သည့်သတင်းများအား 7 Day News ထံမှ ကြည့်ရ်ျ EMG မှ
သတင်းရသည့်ပမာ ကိုးကားရ်ျ တစ်မျိုးခိုးချရ်ျ တစ်ဖုံ Bi Weekly
တွင်ထည့်ပါတော့သည်။သူ၏အားသာချက်မှာ စာပေစိစစ်ရေးအား
အိတ်ထဲထည့်ထားနိုင်ခြင်း ကိုယ်ပိုင်ပုံနှိပ်စက်ရှိခြင်းတို့ကြောင့်
အခြားဂျာနယ်များ ၂ရက် ၃ရက်အချိန်ယူရသည့် အလုပ်အား၊
နေ့ချင်းပြီးဆောင်ရွက်နိုင်သည်။ ထို့အပြင်စာပေစိစစ်ရေးနှင့်ပေါင်းရ်ျ
လုပ်စားထားသည့်အချက်တစ်ခုကိုလည်းပြောပြလိုပါသည်.။ကျနော် EMG
တွင်တာဝန်ထမ်းးဆောင်နေစဉ် The Voice ဂျာနယ်မှ သတင်းဦးတစ်ခုကို
စာပေစိစစ်ရေးသို့ တင်ပါသည်။ အဆိုပါသတင်းကို EMG
ကမရသေးပါ၊ထိုအကြောင်းစာပေစိစစ်ရေးက EMG သို့ သတင်းပေးရ်ျ The Voice
သတင်းကို ဖော်ပြခွင့်မပေးသေးဘဲ ဆိုင်းငံ့ထားသည်။ ဒေါက်တာသန်းထွဋ်အောင်၏
အကြိုက်ပင် ။ အဆိုပါကိစ္စနှင့်ပတ်သက်ရ်ျ
ပထမဆုံးသတင်းအဖွဲ့ကိုကြိမ်းသည်ထို့နောက် စာပေစိစစ်ရေးကသတင်းပေးရ်ျ
သိရသည့် သတင်းကို Weekly တွင်ထည့်သည်။ လူထုအကြားတွင် သတင်းဦးလေသည်
၊အမှန်တကယ် သတင်းဦးခဲ့သည့် The Voice ကခံရသည်၊The Voice ကလည်းမခေပါ
၊ထိုသတင်းကိုတစ်ပတ်နောက်ကျပြီးမှ ထည့်ခွင့်ရရ်ျ ထိပ်ဆုံး Lead တွင်
အဆိုပါသတင်းကို လဆန်းတစ်ရက်နေ့ကတည်းက The Voice ကရရှိခဲ့ကြောင်း
ဖြင့်အစပြုဖော်ပြသည်။ ကျွန်တော် ၏တင်ပြချက်ကို
ကိုယ်တွေ့အလုပ်ထုတ်ခံရပုံဖြင့် နိဂုံး ချုပ်လိုပါသည်။ထုံးစံအတိုင်း 7
Day အားကျော်တက်နိုင်ရေး ဗုဒ္ဓဟူးနေ့ အစည်းအဝေးတစ်ခုတွင် ပြိုင်ဘက်ဂျာနယ်၏
အားနည်းချက်အားသာချက်များကို အစည်းအဝေးတက်ရောက်သူများက မိမိတို့၏
အမြင်ကို အသီးသီးတင်ပြကြပါသည်။ (CEO) ဒေါက်တာသန်းထွဋ်အောင် အကြောင်း
ကကြီးမှ အ အထိ သိနေသူများက လိမ္မာပါးနပ်စွာဖြင့်
 EMG သည် မြန်မာနိုင်ငံတွင် ပရိသတ်က ပေးသည့် နံပါတ် တစ်
ဖြစ်နေပြီဖြစ်ကြောင်း 7 Day စောင်ရေများနေရခြင်းမှာ စာဖတ်သူများ၏
စာဖတ်အားအဆင့် နိမ့်နေသေးရ်ျ ဖြစ်ကြောင်း EMG သည် မြန်မာနိုင်ငံ၏
Leading Media
တစ်ခု ဖြစ်ကြောင်း စာဖတ်သူများ စာဖတ်အားတက်လာသည်နှင့်အမျှ EMG ၏
စောင်ရေလည်းတိုးလာမည်ဖြစ်ကြောင်း CEO အကြိုက် ဘေးတီးကြပါသည်။
ကျွန်တော်ကမူ မိုက်ကန်းစွာဖြင့် 7 Day စောင်ရေများရခြင်းမှာ
သတင်းထူးသတင်းဦးများကို မိမိတို့ထက် စောရ်ျ ဖော်ပြနိုင်ခြင်း အယ်ဒီတာ ၏
လုပ္ပိုင္ခြင့္ကို အၿပည့္အ၀ေပးရ် ္ပိုုင္ရွင္မွ
ဝင်ရောက်ထိန်းချုပ်မှု့မရှိခြင်း စာနယ်ဇင်းကျင့်ဝတ်
ကိုလိုက်နာမှု့ပြည့်ဝခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း
တင်ပြမိရာ (CEO) ဒေါက်တာသန်းထွဋ်အောင်ကကျွန်တော့်အား
အလုပ်ထုတ်ပါလေတော့သည်။



      အောင်အောင်
      EMG သတင်းထောက်ဟောင်းတစ်ဦး



Next
Newer Post
Previous
This is the last post.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...