Ads (728x90)



ကျွန်တော့် သူငယ်ချင်းများ၏ ဖုန်းများသို့ 177 ဟုပေါ်သော ဖုန်းနံပါတ်မှတစ်ဆင့် MyRingTune တွင် Subscribe ပြုလုပ်ပြီးပြီ ဟူသော Message ၀င်လာပြီး ဖုန်း၏ RingTune မှာ ၄င်းတို့ မပြောင်း ပဲ အလိုအလျှောက်ပြောင်းသွားပါသည်။ ထို့ပြင် ဖုန်းထဲမှ လက်ကျန်ငွေကို အမြဲ သတိထား စစ်ဆေးလိုက်ရာ ငွေလက်ကျန် ရှိသင့်သည်ထက် လျော့နည်းစွာ ရှိနေပြီး RingTune Service အတွက် ဖြတ်တောက်ခံလိုက်ရသည်ဟု ယူဆရပါသည်။ ကျွန်တော့် သူငယ်ချင်းများသည် MyRingTune Service ကို လုံးဝမသုံးထားကြောင်းသေချာပါသည်။ မိမိတို့ အနေဖြင့် မိမိတို့ မပြုလုပ်ထားသော Service တစ်ခုအတွက် ပိုက်ဆံပေးရခြင်း၊ မိမိတို့ မပြုလုပ်ထားသော၊ မလိုချင်သော RingTune များဖြစ်သွားခြင်းတို့သည် ဥပဒေဖြင့် မညီသောကြောင့် ဖြေရှင်းနိုင်ရန် မနက်ဖြန်မနက် ၉ နာရီခွဲ ခန့်တွင် MICT Park ရှီ MyRingTune ရုံးခန်းသို့သွားရောက်မေးမြန်း စုံစမ်းမည်ဖြစ်ကြောင်းနှင့် RingTune အပြောင်းခံလိုက်ရပြီး ပိုက်ဆံဖြတ်ခံရသော သူငယ်ချင်းများလဲ လိုက်ပါနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
 
By  ;
Win Htut
Like · · · 9 October at 20:32

  • Needle Eye likes this.
  • Ei Swe https://www.facebook.com/MyRingTune
    Caller Ring Back Tone Service
    Page: 7,297 like this.
  • Win Htut 51 နှင့် စသော ဖုန်းများ RingTune ပြောင်းပြီး ငွေဖြတ်ခံလိုက်ရခြင်းမှာ RingTune ဖက်က ဖြစ်ခြင်းမဟုတ်ပဲ MPT မှ RingTune အတွက် ထားထားသော Billing Server ကြောင်သွား၍ ငွေဖြတ်ပြီး RingTune ပြောင်းသွားခြင်းဖြစ်ပါသည်။ RingTune ကို ပြန်ပြောင်းချင်လျှင် MyRingTune ကိုဖုန်းဆက် အကြောင်းကြားနိုင်ပါသည်။ ဖြတ်သွားသော ငွေများကို ဆက်သွယ်ရေးမှ ပြန်လည်ဖြည့်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ ငွေပြန်ဖြည့်ပြီးသည်နှင့် Message ပို့ပေးသွားမည်ဖြစ်ကြောင်း၊ Maximum ကြာမြင့်ချိန်မှာ ၃ ရက်မှ ၅ ရက်အထိဖြစ်နိုင်ကြောင်း MyRingTune မှ တာဝန်ရှိသူတစ်ဦးမှ ပြန်လည်ဖြေကြားပေးပါသည်။

Post a Comment

Blogger Disqus
  1. အဲ့ဒီ သောက်သုံးမကျတဲ့ service ကို ကျွန်တော့ မိန်းမက ဝယ်ထားတယ်ဗျာ၊ ဘယ်လိုပြန်ဖျက်ပစ်လို့ရလဲ။
    My Ringtune ကို ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်သိရင် ပြောပေးပါဦးဗျာ။

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...